♪ " Samsung Galaxy J7 Pro နဲ့ Galaxy J7 Max ကိုမိတ်ဆက်လိုက်တဲ့ Samsung " ♫

Image may contain: phone and text

ဗုဒ္ဓဟူးနေ့ နယူးဒေလီမှာကျင်းပတဲ့ ပွဲမှာ Samsung က Galaxy J7 Pro နဲ့ Galaxy J7 Max တို့ကိုမိတ်ဆက်ပြသ လိုက်ပါတယ်။ J စီးရီးအသစ် စမတ်ဖုန်းအားလုံးမှာ Samsung Pay နဲ့ Samsung Pay Mini တို့ အသီးသီးပါဝင် မှာဖြစ်ပြီးဝေးကွာတဲ့နေရာတွေရဲ့ ငွေပေးချေမှုတွေအတွက် Samsung Payment ကိုလုပ်ဆောင်ထားတာဖြစ် ပါတယ်။ သီးခြား mobile payment solution ပါဝင်လာတဲ့ Samsung Galaxy J7 Max နဲ့ Samsung Galaxy J7 Pro က premium ဒီဇိုင်းကိုဦးတည်ထားပြီး၊ flagship ဖုန်းတွေရဲ့ လုပ်ဆောင်ချက်တွေ ပါဝင်မယ်လို့လည်း ကတိပြုထားပါတယ်။

Samsung ရဲ့ J စီးရီးစမတ်ဖုန်းတွေကို အိန္ဒိယမှာရောင်းချတဲ့ ဈေးနှုန်းအနည်းငယ်မြင့်ပြီး Galaxy J3 Pro, Galaxy J1 (4G) ၊ Galaxy J2 Pro တို့ကရူပီး 10,000 အတွင်းအမေရိကန်ဒေါ်လာ 150 ဝန်းကျင်၊ Galaxy J7 Prime နဲ့ Galaxy J5 (2016) ကတော့ ရူပီး 10,000 မှ ရူပီး 20,000 ကြားအမေရိကန်ဒေါ်လာ 150 မှ 300 ဝန်းကျင်ကြားရောင်းချခဲ့တာ ဖြစ်ပါတယ်။ အသစ်ထွက်ရှိလာတဲ့ Galaxy J7 Max က အမေရိကန်ဒေါ်လာ 280 ဝန်းကျင်ရှိပြီး Galaxy J7 Pro ရဲ့ ဈေးနှုန်းကအမေရိကန်ဒေါ်လာ 300ကျော်နီးပါး ရှိမှာဖြစ်ပါတယ်။

နယူးဒေလီမှာကျင်းပခဲ့တဲ့မိတ်ဆက်ပွဲမှာ Galaxy J7 Max နဲ့ Galaxy J7 Pro စမတ်ဖုန်းတွေကို ကြည့်ရှုဖို့ အခွင့်အရေးရခဲ့ပြီး review တွေကိုလည်း စတင်မြင်တွေ့နေရပြီပဲဖြစ်ပါတယ်။ J စီးရီးစမတ်ဖုန်းအသစ် အားလုံးကို သတ္တုကိုယ်ထည်နဲ့ ပြုလုပ်ထားပြီးချောမွေ့တောက်ပြောင်နေပါတယ်။ မျက်နှာပြင်ကြီးတဲ့ စမတ်ဖုန်းတွေကိုလက်တစ်ဖက်တည်းနဲ့ အသုံးပြုရတာ မလွယ်ကူဘူးဆိုတာ အသေအချာပါပဲ။ Samsung Galaxy J7 Max နဲ့ Galaxy J7 Pro မှာတော့ 8.1mmနဲ့ 7.8mm အသီးသီးရှိကြပါတယ်။

Samsung Galaxy J7 Max မှာ 5.7 လက်မ full-HD display ၊ MediaTekHelio P20 octa-core SoCဘက်ထရီ၊ RAM 4GB (1.6GHz paired ) ၊ built in storage 32GB ၊ 3300mAh non-removable ဘက်ထရီပါဝင်ပြီးVoLTEနဲ့ 4G ကိုထောက်ပံ့ပေးထားပြီး ကျောဘက်မှာနောက်ကင်မရာပါဝင်ပါတယ်။

Samsung Galaxy J7 Pro မှာတော့ 5.5 လက်မ full-HD Super AMOLED display ၊ Exynos 7870 octa-core SoCဘက်ထရီ ၊ RAM 3GB (1.6GHz paired ) ပါဝင်ပြီး built in storage 64GB (up to 128GB) ပါဝင်ပါတယ်။ 3600mAh ဘက်ထရီ ၊ splash proof အတွက် IP54 certified ပါဝင်ပြီး flat back camera ပါဝင်တယ်လို့ သိရပါတယ်။ Galaxy J7 Pro မှာ U ပုံစံနဲ့ antenna bands ကိုလည်းအသုံးပြုထားပါတယ်။ ဒီစမတ်ဖုန်း 2 မျိုးလုံးမှာ ရှေ့ကင်မရာရောနောက်ကင်မရာပါ 13 MP အသုံးပြုထားတာတွေ့ရပါတယ်။



သံစဉ်ချို
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com


0 comments:

Post a Comment