♪ သုံးစွဲလို့ကောင်းပြီး အကြမ်းခံတဲ့အဆင့်မြင့် စမတ် ဖုန်း “Samsung Galaxy J7 (2017)” ♫

Image may contain: phone and screen

နောက်လလောက်မှာ Samsung က ၎င်းရဲ့ ၂၀၁၇ မော်ဒယ် J Series တွေကိုဈေးကွက်ထဲကို စတင်ဖြန့်ချိပေး တော့မှာဖြစ်ပါတယ်။ ၎င်း J Series ထဲက Samsung Galaxy J7(2017) ဟာ သုံးစွဲလို့ကောင်းပြီး အကြမ်းခံတဲ့အဆင့်မြင့် စမတ် ဖုန်းတစ်လုံးပဲဖြစ်ပါတယ်။ GSM, HSPA နဲ့ LTE network တွေမှာအသုံးပြုနိုင်ပြီး Single SIM နဲ့ Dual SIM ဆိုတဲ့ version ၂ မျိုးကိုထုတ်လုပ်ပေးသွားမှာပါ။ ဖုန်းအရွယ်အစားက 152.4 x 74.7 x 7.9 mm ရှိတာကြောင့် ကိုင်တွယ်သုံးစွဲလို့ကောင်းတဲ့ အနေတော် အရွယ်အစားလေးပါပဲ။ IP54 certified ရရှိထားလို့ ဖုန်ဒဏ်တွေနဲ့ ရေစက်ရေပေါက်တွေလောက်ကိုတော့ ခံနိုင်ရည်ရှိပါတယ်။

မျက်နှာပြင်ကို Super AMOLED capacitive touchscreen display နဲ့ပြုလုပ်ထားပြီး 5.5 inches အကျယ်ရှိတဲ့မျက်နှာ ပြင်က Full HD မြင်ကွင်းတွေကို ပြသပေးနိုင်ပါတယ်။ အနောက်ကင်မရာရော အရှေ့ ကင်မရာကပါ 13MP ရှိတဲ့ ဓာတ်ပုံတွေနဲ့ Full HD ဗီဒီယိုတွေကို ရိုက်ကူးပေးနိုင်ပါတယ်။ ကိုယ်ထည်ထဲမှာ Exynos 7870 Octa chipset နဲ့ Octa-core 1.6GHz Cortex-A53 processor တို့ကိုထည့်သွင်းထားပြီး ရုပ်ထွက်ပိုင်းအတွက် Mali-T830MP2 GPU ကိုထောက်ပံ့ထားပါတယ်။ Internal Memory 16GB ပါရှိတဲ့အပြင် Micro SD Card ကို 256GB အထိ ထပ်မံစိုက်ထည့်သုံးနိုင်လို့ Data တွေ တော်တော်များများကို ထည့်သိမ်းထားနိုင်ပါတယ်။ RAM ကတော့ 3GB ပါရှိပါတယ်။

Non-removable Li-Ion 3600mAh battery ကလည်း တစ်နေ့တာလုံး အတွက် လုံလောက်တဲ့စွမ်းအားကိုပေး စွမ်းပြီး အမည်းရောင်၊ ပန်းရောင်၊ အပြာရောင်နဲ့ ရွှေရောင်ဆိုတဲ့ အရောင် ၄ မျိုးကို ထုတ်လုပ်ပေးသွား မှာဖြစ်ပါတယ်။



<Specifications>

Network - GSM/HSPA/LTE
CPU - Octa-core 1.6GHz Cortex-A53 Memory - 16GB (up to 256GB)
OS - Android OS, v7.0 (Nougat) Bluetooth - v4.2, A2DP




Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com

0 comments:

Post a Comment