♪ “8GB RAM ပါတဲ့ OnePlus 5 ကို မိတ်ဆက်” ♫

Image may contain: phone

OnePlus 5 ကို တရားဝင် မိတ်ဆက်လိုက်ပြီ ဖြစ်ပြီး iPhone 7 နဲ့ ဒီဇိုင်း အလွန်ဆင်တူပါတယ်။ OnePlus 5 မှာ နောက်ဆုံးထုတ် Snapdragon 835 Processor , 3300mAh Battery နဲ့ ၅.၅ လက်မ AMOLED Full HD Display တပ်ဆင်ထားပါတယ်။ iPhone 7 နဲ့ Galaxy S8 မှာလို မျက်နှာပြင်က DCI-P3 ကို ထောက်ပံ့ပါတယ်။ Chipset ကြောင့်ဘက်ထရီ သက်တမ်းဟာ ယခင်မျိုးဆက် 3T ထက် ၂၀ ရာခိုင်နှုန်း ပိုမို တိုးတက် လာပါတယ်။လျင်မြန်စွာ အားသွင်းနိုင်တဲ့ Dash Charge နည်းပညာပါပြီး နာရီဝက်အားသွင်းရင် တစ်နေ့လုံး အသုံးခံပါတယ်။

OnePlus 5 မှာ Android 7.1.1 Nougat ကို Oxygen OS နဲ့ ပေါင်းစပ် ထားပါတယ်။ သူ့ရဲ့ အဓိက စွမ်းရည်ဟာ ကင်မရာများ ဖြစ်ပါတယ်။ အရှေ့ဘက်မှာ အလင်းရောင်နည်းပါးတဲ့ အခြေအနေများအတွက် Screen Flash ပါတဲ့ 16MP Camera တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 16MP Color Sensor နဲ့ 20MP Monochrome Sensor ပါပါတယ်။ Image Stabilization နည်းပညာဖြင့် 4K Video များကို ရိုက်ကူးနိုင်ပါတယ်။ Portrait Mode က ဓါတ်ပုံများမှ နောက်ခံများ ကို Blur လုပ်ပေးပါတယ်။

OnePlus 5 ဟာ ၇.၂၅ မီလီမီတာ အထူသာ ရှိပြီး ကုမ္ပဏီရဲ့ အပါးလွှာဆုံး စမတ်ဖုန်း ဖြစ်ပေမယ့် ကုမ္ပဏီရဲ့ ဈေးအကြီးဆုံး စမတ်ဖုန်း ဖြစ်ပါတယ်။ 6GB RAM/64GB Model ကို ၄၈၀ ဒေါ်လာ၊ 8GB RAM/128GB Model ကို ၅၄၀ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေအားဖြင့် ၆၅၀,၀၀၀ ကျပ် နဲ့ ၇၃၀,၀၀၀ ကျပ်ဝန်းကျင် အသီးသီး တန်ကြေးရှိပါတယ်။ Oneplus ၀က်ဆိုက်ကနေ ဇွန်လ ၂၇ ရက်နေ့မှာ စတင် ရောင်းချပေးမှာပါ။




Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com


0 comments:

Post a Comment