
LG
ရဲ့ စွမ်းဆောင်ရည်မြင့် V Series စမတ်ဖုန်းအသစ်တစ်လုံးကို
သြဂုတ်လကုန်မှာဘာလင်တွင် ကျင်းပမယ့် IFA မှာမိတ်ဆက်မယ်လို့
သတင်းထွက်ပေါ်နေပါတယ်။ အဲဒီစမတ်ဖုန်းကို LG V30 လို့ အမည်
ပေးထားပါတယ်။ယခင်ထွက်ပေါ်ခဲ့တဲ့ သတင်းအရ V30 ကိုယခုလ မှာမိတ်ဆက်မယ်လို့ သတင်းထွက်ခဲ့ပေ မယ့် ယခုအချိန်အထိတော့ မိတ်ဆက်ခြင်းမရှိသေးပါဘူး။
LG V30 မှာ ကြိုးမဲ့ အားသွင်းစနစ်လည်းပါလာမယ်လို့ သိရပါတယ်။ သူ့ရဲ့ အနောက်ဘက်ကိုဖန်မျက်နှာပြင်ဖြင့် ဖုံးအုပ်ထားမှာ ဖြစ်တဲ့အတွက် ယခင် V Series များနဲ့ ကွဲပြားချက် တစ်ခု ဖြစ်ပါတယ်။ LG G6 ရဲ့ အနောက် ဘက်ကိုလည်းဖန်မျက်နှာပြင်ဖြင့် ဖုံးအုပ်ထားတဲ့ အတွက် LG ဟာသူ့ရဲ့ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်း Series နှစ်ခုရဲ့ ဒီဇိုင်းအချို့ကိုတူညီအောင်
ဖန်တီးချင်နေတဲ့ ပုံပေါ်ပါတယ်။ Samsung ကလည်းလွန်ခဲ့တဲ့ နှစ်နှစ်
ကတည်းကသူ့ရဲ့ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်း Series များဖြစ်တဲ့ S နဲ့ Note
စမတ်ဖုန်းများကိုဒီလို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
LG V30 မှာ V20 လိုအနောက်ကင်မရာ နှစ်လုံးတပ်ဆင်ထားမှာ ဖြစ်ပါတယ်။ ကင်မရာများရဲ့ အသေးစိတ် သတင်းအချက်အလက် ကိုမသိရသေးပေမယ့် LG က သမားရိုးကျ ကင်မရာတစ်လုံးနဲ့ မြင်ကွင်းကျယ် ရိုက်ကူးပေးနိုင်တဲ့ ကင်မရာတစ်လုံးကိုပူးတွဲထားနိုင် ပါတယ်။ လက်ဗွေရာအာရုံခံကိရိယာကိုအနောက်ဘက်မှာတပ်ဆင်ထား မှာ ဖြစ်ပါတယ်။
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal
LG V30 မှာ ကြိုးမဲ့ အားသွင်းစနစ်လည်းပါလာမယ်လို
LG V30 မှာ V20 လိုအနောက်ကင်မရာ နှစ်လုံးတပ်ဆင်ထားမှာ ဖြစ်ပါတယ်။ ကင်မရာများရဲ့ အသေးစိတ် သတင်းအချက်အလက် ကိုမသိရသေးပေမယ့် LG က သမားရိုးကျ ကင်မရာတစ်လုံးနဲ့ မြင်ကွင်းကျယ် ရိုက်ကူးပေးနိုင်တဲ့ ကင်မရာတစ်လုံးကိုပူးတွဲထားန
Mobile Guide Journal (Every Monday)
https://www.facebook.com/
0 comments:
Post a Comment