♪ " Mediatek processor နဲ့ ထွက်ရှိလာတော့မယ့် Meizu M6 " ♫

Image may contain: phone and text

Meizu M6 ကို Mediatek processor အသုံးပြုလာပြီး Meizu ရဲ့ နှစ်လယ်မှာ မိတ်ဆက်နေကျ အဓိကစမတ်ဖုန်းတွေဖြစ်တဲ့ Meizu pro 7/plus မိတ်ဆက်ပွဲမတိုင်ခင် ထွက်ရှိလာတော့မယ်လို့ ခန့်မှန်းရပါ တယ်။ TENAA မှာ Meizu M710M နာမည်နဲ့ မှတ်ပုံတင်ထားတဲ့ စမတ်ဖုန်းက Meizu M 6 ပဲ ဖြစ်မယ်လို့ ထင်ရပြီး Meizu M 5 ရဲ့ မော်ဒယ် 2 မျိုးတုန်းက M611A နဲ့ M611Y ဆိုပြီး မှတ်ပုံတင်ခဲ့တာဖြစ်ပါတယ်။ 

TENAA ကနေ ထွက်ပေါ်လာတဲ့ အချက်အလက်တွေအရ Quad core 1.3GHz processor, RAM 2GB/3GB/4GB နဲ့ ROM 16GB/32GB/64GB internal storage ဆိုပြီး ဗားရှင်းသုံးမျိုးရရှိနိုင်မှာပါ။ နောက်ဘက်မှာ 8 MP dual ကင်မရာ အသုံးပြုထားပြီး ရှေ့ကင်မရာကတော့ 5 MP ရှိတယ်လို့ သိရပါတယ်။ 5 လက်မမျက်နှာပြင်မှာ 720p resolution ရရှိနိုင်မှာဖြစ်ပြီး ဘက်ထရီခံနိုင်ရည်အားကတော့ 3000 mAh ရှိတာ ဖြစ်ပါတယ်။ Android version အနေနဲ့ကတော့ Android 6.0 Marshmallow အသုံးပြုထားပါတယ်။

ပေါက်ကြားလာတဲ့ သတင်းအရတော့ အနက်ရောင်၊ ရွှေရောင်နဲ့ ငွေရောင်ဆိုပြီး အရောင် 3 မျိုး ထွက်ရှိလာမှာဖြစ်ပြီး CDMA network ကို ထောက်ပံ့မှာ မဟုတ်တော့ဘူးလို့ သိရပါတယ်။ Mediatek processor ကို အသုံးပြုထားတဲ့ Meizu M6 က TENAA မှာ စာရင်းဝင်သွားပြီဖြစ်တာကြောင့် မကြာခင်ထွက်ရှိလာမယ်လို့ ယူဆရပါတယ်။

ဈေးနှုန်းကတော့ Meizu M 5 နဲ့ သိပ်ကွာမှာမဟုတ်ဘဲ 3GB+32GB ဗားရှင်းအတွက် အမေရိကန်ဒေါ်လာ 149 ဝန်းကျင်(ကျပ် 2 သိန်းနီးပါး) ၊ 4GB+64GB ဗားရှင်းအတွက် အမေရိကန်ဒေါ်လာ 183 ဝန်းကျင် (ငွေကျပ် 2 သိန်းခွဲနီးပါး)ရှိနိုင်တယ်လို့ သိရပါတယ်။


#igeekphone

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com



0 comments:

Post a Comment