♪ ကိုရီးယားခရီးစဉ် နဲ့ သိန်း ၄၀၀ တန် လက်ဆောင် ရရှိစေမယ့် ဆမ်ဆောင်း ရဲ့ Samsung Quiz Show ♫


အဆိုပါ အစီအစဉ်ကနေ တဆင့် ပညာရေးရဲ့ တန်ဖိုးကြီးမားပုံကို မီးမောင်းထိုးပြမည် ဖြစ်ပြီး လူငယ်များအား ပိုမိုလေ့လာသင်ကြားလိုစိတ် ဖြစ်ပေါ်လာရန် လှုံ့ဆော်ပေးသွားမှာ ဖြစ်တယ် လို့ ဆိုပါတယ်။

အစီစဉ်နဲ့ ပတ်သက်ပြီး Samsung Myanmar ၏ Head of Marketing, Mr. Richard See မှ “ကျွန်တော်တို့ ဒီအစီအစဉ်ကို ၂၀၁၃ တုန်းက တစ်ကြိမ်ပြုလုပ်ဖူးပါတယ်။ အခုက ဒုတိယအကြိမ်မြောက်ပါ။ ဒီတစ်ကြိမ်မှာတော့ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ထက်မြက်တဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် တင်ဆက်ပုံ အသစ်နဲ့ လက်ရှိ အနေအထားတွေ အပေါ်မူတည်ပြီး ပြန်လည် အသက်သွင်းထားပါတယ်။

ကျွန်တော်တို့ ဒီအစီအစဉ် ပြုလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံတစ်နိုင်ငံရဲ့  အနာဂတ်ဖော်ဆောင် ရာမှာ ပညာရေးက အရမ်းအရေးကြီးတယ်           ဆိုတဲ့အချက်ရယ်၊ လူငယ်တွေကို ငယ်ရွယ်စဉ်ကတည်းက ကောင်းမွန်စွာ ပြုစုပျိုးထောင်ရင် နိုင်ငံတစ်နိုင်ငံရဲ့ အနာဂတ် ခေါင်းဆောင်ကောင်းတွေ ဖြစ်လာနိုင်တယ် ဆိုတာကို မီးမောင်းထိုးပြလိုတာဖြစ်ပါတယ်။” ဟု ပြောကြားခဲ့ပါတယ်။

အစီအစဉ်အတွက် မြန်မာနိုင်ငံအတွင်းရှိ တိုင်းနှင့်ပြည်နယ် ၁၅ ခုရှိ ထူးချွန်ထက်မြက်သည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတစ်ကျောင်းလျင် ကျောင်းသား၊ ကျောင်းသူ ၃ ဦးနှုန်းဖြင့် ရွေးချယ်ဖွဲ့စည်းထားပြီး ပြည်နယ်နှင့်တိုင်းအသီးသီးမှ စုစုပေါင်း ကျောင်း ၃၃ ကျောင်းကို ရွေးချယ်ခဲ့သပါတယ်။ အဲဒီ  ရွေးချယ်ခံရတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့် နှင့် Final Round ဟူ၍ Level တစ်ခုခြင်းစီတွင် အမျိုးအစားမတူညီသည့် ပုံစံများဖြင့် ယှဉ်ပြိုင်စေမည်ဖြစ်ပြီး ဥာဏ်စမ်းမေးခွန်းများ အပြင် ဂိမ်းအစီအစဉ်များလည်း ပါဝင်မှာ ဖြစ်ပါတယ်။

“ဒီအစီအစဉ်မှ တဆင့် မိဘတွေနဲ့ ဆရာ၊ ဆရာမတွေကို သူတို့ရဲ့ သားသမီးတွေ၊ ကျောင်းသား ၊ကျောင်းသူတွေကို ကျောင်းသင်ခန်းစာတွေသာမက ကျောင်းပြင်ပ ဗဟုသုတ နဲ့ တခြား အရေးပါတဲ့ ကျွမ်းကျင်မှုတွေကိုပါ လေ့လာလိုက်စားသင့်ကြောင်း မြေတောင်မြှောက်ပေးစေလိုတာဖြစ်ပါတယ်။ နိုင်ငံတကာ အမှတ်တံဆိပ်ဖြစ်တဲ့ ကျွန်တော်တို့ Samsung က ဒီလို အစီစဉ်မျိုးကို ပထမဆုံး အကြိမ် မြန်မာနိုင်ငံမှာ ပြုလုပ်တာဖြစ်ပြီး ၀င်ရောက်ယှဉ်ပြိုင်တဲ့ အနယ်နယ်အရပ်ရပ်က ကျောင်းသား၊ ကျောင်းသူလေးတွေအနေနဲ့လည်း ဒီအစီအစဉ်မှာ ပါဝင်ယှဉ်ပြိုင်ရင်း ပျော်ရွှင်စရာအမှတ်တရတွေ ဆုတွေ ရရှိဆွတ်ခူးကြလိမ့်မယ်လို့  ကျွန်တော်တို့အားလုံး မျှော်လင့်ပါတယ်။” ဟု Mr. Richard See မှ ထပ်မံဖြည့်စွက် ပြောကြားခဲ့တယ် လို့ သိရပါတယ်။

Samsung Quiz Show ရဲ့ Final Round တွင် ယှဉ်ပြိုင်ရမည့် ကျောင်းသုံးကျောင်းမှ ကျောင်းသုံး၊ကျောင်းသူအား ကိုရီးယားနိုင်ငံသို့ လေ့လာရေးခရီးစဉ် ခေါ်ဆောင်ကာ နောက်ဆုံးအနိုင်ရရှိတဲ့ အဖွဲ့မှ ကျောင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျပ်သိန်း ၄၀၀ တန်ဖိုးရှိ လက်ဆောင်ပစ္စည်းတွေနဲ့ အတူ ပညာသင်ဆုများအား ပေးအပ်သွားမှာ ဖြစ်ပါတယ်။

Samsung Quiz Show ပညာရေးထောက်ကူ ဥာဏ်စမ်း ရုပ်မြင်သံကြား အစီအစဉ်အား ဇွန်လ ၃၀ ရက်နေ့မှ စတင်ကာ MNTV ရုပ်သံလိုင်းတွင် အပတ်စဉ် သောကြာနေ့ ညနေ ၅း၃၀ တိုင်းထုတ်လွှင့်ပြသသွားမှာလည်း ဖြစ်တယ် လို့ သိရပါတယ်။




Credit to ==>> DigitalTimes.com.mm





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com



0 comments:

Post a Comment