♪ “Xiaomi Mi Max 2 အတွက် 32GB Model လာမည်” ♫

Image may contain: phone

ရှောင်မီကမေလမှာMi Max 2 ကိုမိတ်ဆက်ခဲ့ပြီး 64GB နဲ့ 128GB Model များထုတ်လုပ်ပေးခဲ့ပါတယ်။ အခုတော့ ဈေးသက်သာတဲ့ 32GB Model ရဲ့ သတင်းအချက်အလက်များကို GFXBench မှာတွေ့နေရပါပြီ။ Storage က လွဲပြီးအခြား Specification များဟာတူညီကြပါတယ်။ 32GB Model ကိုရှောင်မီက တရုတ်မှာမကြာခင် မိတ်ဆက်နိုင်ပါတယ်။

Mi Max 2 ဟာသတ္တုကိုယ်ထည် စမတ်ဖုန်း ဖြစ်ပြီး ၂၀၁၆ ထုတ် Mi Max ရဲ့ မျိုးဆက် ဖြစ်ပါတယ်။ အနောက်ဘက်မှာလက်ဗွေရာအာရုံခံကိရိယာ ပါပါတယ်။ 4GB RAM , 5300mAh Battery , 6.44” Full HD Display တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 12MP Camera နဲ့ အရှေ့ဘက်မှာ5MP Camera များတပ်ဆင်ထားပါတယ်။

Mi Max 2 မှာ Android 7.1.1 Nougat ကို MIUI 8 နဲ့ ပေါင်းစပ် ထည့်သွင်း ထားနိုင်ပါတယ်။ Qualcomm Snapdragon 625 Octa-Core Processor မောင်းနှင်မှာ ဖြစ်ပါတယ်။ Adreno 506 GPU ပါမှာပါ။ Dual SIM Phone ဖြစ်ပါတယ်။

32GB Model အတွက် ရွှေရောင်အပြင် အခြားအရောင်များကို လည်းရောင်းချနိုင်ပါတယ်။ တန်ဖိုးအားဖြင့် ၂၀၅ ဒေါ်လာလောက် ကျသင့်နိုင်ပါတယ်။ 64GB ကို ၂၄၈ ဒေါ်လာ ၊ 128GB ကို ၂၉၁ ဒေါ်လာဖြင့် ရောင်းချပေးထားပါတယ်။ 




Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com



0 comments:

Post a Comment