♪ Facebook Instant Game တွေကို PC ပေါ်မှာ ဘယ်လိုကစားမလဲ ♫


Facebook Instant game တွေကို PC ပေါ်ကနေ သူငယ်ချင်းတွေ ကစားချင်သူတွေအနေနဲ့ အလွယ်တကူ ကစားနိုင်မှာဖြစ်ပါတယ်။ Instant Game ဆိုတဲ့အတိုင်းပဲ ဂိမ်းတွေကို install လုပ်ဖို့မလိုဘဲ တစ်ခါတည်း အလွယ်တကူနဲ့ ဝင်ရောက်ကစားနိုင်ပါတယ်။

Facebook Messenger က Instant Game ကို မိုဘိုင်းပေါ်မှာ ကစားမယ်ဆိုရင် အရင်ဆုံး Messenger app ကိုဖွင့်ပါ။ စာရိုက်တဲ့ ဘယ်ဘက်ထောင့်ဘေးနားမှာ “+” sign ကို နှိပ်လိုက်ရင် Location, Quick Photo, Plans အစရှိတဲ့ အတန်းမှာ Game ဆိုတာကိုတွေ့ရပါမယ်။ အဲ့ဒါကို နှိပ်ပြီး ဂိမ်းတွေကိုရွေးချယ် ကစားနိုင်မှာဖြစ်ပါတယ်။

တကယ်လို့ PC ပေါ်ကနေ ကစားမယ်ဆိုရင် Facebook chat box ကနေ ကိုယ်ဆော့ချင်တဲ့ သူငယ်ချင်းရဲ့ chat box ကို ဖွင့်လိုက်ပါ။ ပြီးရင် chat box အောက်ခြေနားမှာ game ခလုတ်ပုံစံ icon ကိုတွေ့ရပါမယ်။ အဲ့ဒီ ဂိမ်းခလုတ်ကို နှိပ်လိုက်ရင် instant game အများအပြားကိုတွေ့မြင်ရပါမယ်။ အဲဒီထဲကမှ ကိုယ်ဆော့ချင်တဲ့ ဂိမ်းကိုရွေးချယ်ကာ သူငယ်ချင်းတွေနဲ့ PC ပေါ်မှာ ကစားနိုင်ပါပြီ။



Credit to ==> Internet Journal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 
www.pyaephyo.com


0 comments:

Post a Comment