Huawei ရဲ့ ဖုန်းများသည် ဒသမမျိုးဆက်ကိုရောက်ရှိခြဲ့ ပီး ကင်မရာ စွမ်းရည်များလည်း ပိုမိုကောင်းမွန် လာခဲ့ပါတယ် ။ Huawei ဟာ နောက်ဆုံးပေါ်ဖုန်းအသစ်ကို နှစ်မျိုးနှစ်စားထုတ်လုပ်ပေးထားပြီး မျက်နှာပြင် အရွယ်အစားကျယ်ပြ န့်သော
ဟန်းဆက်ကို ကိုင်ဆောင်ချင် သူများအတွက် P10 Plus ကို ရောင်းချပေး ထားကာ
သင့်တင့်သော အကျယ်အ၀န်းရှိသည့်ဖုန်းကို သုံးချင်သူများအတွက် P10 ကို
ရောင်းချ ပေးထားပါတယ်။ P10 ရဲ့ ပုံစံဒီဇိုင်းကတော့
ထောင့်စွန်းများတွင် အ၀န်းအ၀ိုက်ပုံစံရှိပြီး အသံအတိုးအကျယ်ခလုတ်နဲ့
ပါဝင်ခလုတ်တို့ဟာ ဘေးတစ်ဖက်တွင် အပေါ်အောက်ပုံစံတည်ရှိပါတယ်။ ကိုယ်ထည် တစ်ခုလုံး ကို သတ္တုနဲ့ပြုလုပ်ပေးထားပြီး အသုံးပြုရာတွင် အကြမ်းခံပါ လိမ့်မယ်။
P10 ဟာ ဗားရှင်းအမျိုးမျိုးလည်းရှိ ပါတယ်။
VTR-L09 ဟာ Single SIM အမျိုးအစားဖြစ်ပြီး၊ VTR-L29 ကတော့ Dual SIM
အမျိုးအစားဖြစ်ပါ တယ်။ VTR-AL00 & VTR-TL00 မှာ China အတွက်ဖြစ်ပါတယ်။
ဖုန်းကိုယ်ထည်အရွယ်အစားပမာဏ ကတော့
145.3x69.3x7 mm ဖြစ်ကာ အလေးချိန်ပမာဏမှာ 145g ရှိပါတယ်။
ထည့်သွင်းသုံးစွဲရမယ့် SIM Card အမျိုးအစားကတော့ Nano SIM ပါ။
ဖုန်းမျက်နှာပြင်အတွက် IPS-NEO LCD Capacitive touchscreen ကို
အသုံးပြုပေးထားပြီး P10 ရဲ့ မျက်နှာပြင်အကျယ်အ၀န်းကတော့ 5.1 inches ရှိပါတယ်။ P10 Plus ကတော့ 5.5 inches မျက်နှာပြင်ကျယ်ပြန့်ပါတယ်။ P10 ရဲ့ မျက်နှာပြင် တွင် ပုံရိပ်ကောင်းများကို ကြည့်ရှုခံစားနိုင်စေရန် 1080x1920 pixels ပမာဏနဲ့ထောက်ပံ့ပေးထားပါတယ် ။ တစ်လက်မမှာရှိမယ့် pixel ပမာဏ သိပ်သည်းဆကတော့ 432ppi ဖြစ်ပါတယ်။ Multi Touch စနစ်တွင် Emotion UI 5.1 ကိုသုံးစွဲနိုင်မှာဖြစ်ပြီး အကြမ်းခံသော ဖုန်းတစ်လုံးဖြစ် စေရန် အတွက်လည်း Gorilla Glass 5 တပ်ဆင်ပေးထားပါတယ်။
P10 ၏ အနောက်ဘက်တွင် 20MP နှင့် 12MP စွမ်းရည်ရှိသော Leica Dual ကင်မရာ ပါပါတယ်။ Dual LED, Dual Tone Flash, Leica Optics, HDR, Panorama စသော ကင်မရာဆက်စပ်ပတ်သက် စနစ်များလည်း ပါရှိပါတယ်။ Selfie ပုံရိပ်များကိုရိုက်ကူးနိုင်မယ့် အရှေ့ဘက်ကင်မရာရဲ့စွမ်းရည်မှာ 8MP, f/ 1.9
ဖြစ်ပါတယ်။ ဗီဒီယို ရိုက်ကူးနိုင်မယ့်စွမ်းရည်မှာ 1080p နဲ့ 2160p
ဖြစ်ပြီး နှုန်းမှာ တစ်စက္ကန့် ကို 30frames နဲ့ 60frames ဖြစ်ပါတယ်။ ဓာတ်ပုံ
ရိုက်ကူးမှုအပိုင်းတွင် Bokeh effects နဲ့ Beauty Mode ကို ပေါင်းထားပြီး၊
Facial Tracking စနစ်ပါရှိသော Leica Portrait Mode ကို
ထည့်သွင်းပေးထားပါတယ်။ အသံပိုင်းအတွက် 24-bit/ 192kHz
Audio နှင့် Active Noise Cancellation with dedicated mic
စနစ်ပါရှိပါတယ်။ မှတ်ဥာဏ်ပမာဏ အပိုင်းတွင် နှစ်မျိုးနှစ်စားရှိပါတယ်။ ROM
ဟာ 32 နှင့် 64GB ရှိသောကြောင့် အချက်အလက်အများအပြား သိမ်းဆည်းလိုသူများ
အနေဖြင့် Internal Storage များပြားသော ဖုန်းကို ရွေးချယ်ဝယ်ယူ သင့်ပါတယ်။
RAM ပမာဏအနေဖြင့် 4GB ထည့်သွင်းပေးထားပါတယ်။
အချက်အလက်အများအပြားသိမ်းဆည်းလိုပါက လည်း Card Slot စနစ်ကို အသုံးပြု၍ မှတ်ဥာဏ်ပမာဏကို ချဲ့ထွင် သုံးစွဲနိုင်ပါသေးတယ်။
အသုံးပြုနိုင်မယ့် OS အမျိုးအစားကတော့ Android ဖြစ်ပြီး Version မှာ Nougat ပါ။ ထည့်သွင်းပေးထားသော Chipset မှာ HiSilicon Kirin 960 ဖြစ်ပြီး CPU စွမ်းရည် ကတော့ Octa-core (4x2.4GHz Cortex-A73 & 4x1.8GHz Cortex-A53) ဖြစ်ပါတယ်။ GPU မှာ Mali-G71 MP8 ဖြစ်ပါတယ်။ ဖုန်းကို တို့ထိအသုံးပြုတဲ့အခါတွင် လျင်မြန်သောတုံ့ပြန်မှုများ ကို ရရှိခံစားနိုင်ပါလိမ့်မယ်။ App တစ်ခုထဲကနေ အကောင့်နှစ်ခုကို တစ်ပြိုင်တည်းသုံးစွဲချင်သူ များအတွက်
App Twin ဆိုသော လုပ်ဆောင်ချက်ကို ထည့်သွင်းပေးထားပါတယ်။ USB မှာ 2.0,
Type-C 1.0 reversible connector ဖြစ်ပါတယ်။ လုံခြုံရေးစနစ်အတွက်
လက်ဗွေရာစနစ်ကို အသုံးပြုနိုင်မှာဖြစ်ပြီး ဖိုင်များကိုလည်း လက်ဗွေရာနဲ့
ဖွင့်နိုင်မှာဖြစ်ပါတယ်။ Screen Record နှင့် Floating Dock စနစ်လည်း
ပါရှိပါတယ်။ Bluetooth Version ကတော့ 4.2 ပါ။
အားသွင်းအသုံးပြုရမယ့် ဘက်ထရီအမျိုးအစားကတော့ Li-Ion 3200 mAh ဖြစ်ပါတယ်။ ထိုဘက်ထရီဟာ ဖုန်းကိုအချိန်ကြာမြင့်စွာ သုံးစွဲနိုင်အောင် ထောက်ပံ့ပေးနိုင်ပါတယ်။ အားသွင်းမြန်ဆန်သော စနစ်လည်းပါရှိခြင်းကြောင့် ဖုန်းအား ကုန်သွား၍ အလျင်စလို အသုံးပြုလို သည့်အခါ အချိန်ခဏသာစောင့်ဆိုင်းရမှာ ဖြစ်ပါတယ်။ Phone Manager ကို အသုံးပြု၍ လည်း ဖုန်းကို စနစ်တကျစီမံခန့်ခွဲအသုံးပြု နိုင်ပါမယ်။ Huawei ဟာ P10 နဲ့ P10 Plus ကို လှပသောအရောင်ခွဲများဖြင့်သာ ထုတ်လုပ်ရောင်းချပေးထားပါသေးတယ်။ P10 ရဲ့ ဈေးနှုန်းတန်ဖိုးကတော့ ၇၉၉,၀၀၀/- ကျပ်ဖြစ်ပြီး၊ P10 Plus ကတော့ ၉၉၉,၀၀၀/- ကျပ် တန်ဖိုးရှိ ပါတယ်။
Mobile Guide Journal (Every Monday)
https://www.facebook.com/ officialmobileguidejournal
P10 ဟာ ဗားရှင်းအမျိုးမျိုးလည်းရှိ
P10 ၏ အနောက်ဘက်တွင် 20MP နှင့် 12MP စွမ်းရည်ရှိသော Leica Dual ကင်မရာ ပါပါတယ်။ Dual LED, Dual Tone Flash, Leica Optics, HDR, Panorama စသော ကင်မရာဆက်စပ်ပတ်သက် စနစ်များလည်း ပါရှိပါတယ်။ Selfie ပုံရိပ်များကိုရိုက်ကူးနိုင
အသုံးပြုနိုင်မယ့် OS အမျိုးအစားကတော့ Android ဖြစ်ပြီး Version မှာ Nougat ပါ။ ထည့်သွင်းပေးထားသော Chipset မှာ HiSilicon Kirin 960 ဖြစ်ပြီး CPU စွမ်းရည် ကတော့ Octa-core (4x2.4GHz Cortex-A73 & 4x1.8GHz Cortex-A53) ဖြစ်ပါတယ်။ GPU မှာ Mali-G71 MP8 ဖြစ်ပါတယ်။ ဖုန်းကို တို့ထိအသုံးပြုတဲ့အခါတွင် လျင်မြန်သောတုံ့ပြန်မှုများ ကို ရရှိခံစားနိုင်ပါလိမ့်မယ်။ App တစ်ခုထဲကနေ အကောင့်နှစ်ခုကို တစ်ပြိုင်တည်းသုံးစွဲချင်သူ
အားသွင်းအသုံးပြုရမယ့် ဘက်ထရီအမျိုးအစားကတော့ Li-Ion 3200 mAh ဖြစ်ပါတယ်။ ထိုဘက်ထရီဟာ ဖုန်းကိုအချိန်ကြာမြင့်စွာ သုံးစွဲနိုင်အောင် ထောက်ပံ့ပေးနိုင်ပါတယ်။ အားသွင်းမြန်ဆန်သော စနစ်လည်းပါရှိခြင်းကြောင့် ဖုန်းအား ကုန်သွား၍ အလျင်စလို အသုံးပြုလို သည့်အခါ အချိန်ခဏသာစောင့်ဆိုင်းရမှာ
Mobile Guide Journal (Every Monday)
https://www.facebook.com/
0 comments:
Post a Comment