♪ " Snapdragon 6GB RAM နဲ့ ထွက်ရှိလာမယ့် Xiaomi Mi 6X " ♫

Image may contain: phone

Xiaomi ကုမ္ပဏီကနေ လာမယ့်သြဂုတ်လမှာ ထပ်မံမိတ်ဆက်သွားမယ့် Mi 6X က Snapdragon 660 နဲ့ RAM 6GB ထည့်သွင်းထားတယ်လို့ သိရပါတယ်။ Xiaomi Mi 6 ရဲ့ မျိုးဆက်ဖြစ်ပေမယ့် ဈေးနှုန်းပိုင်း အလယ်အလတ်သတ်မှတ်ထားမှာဖြစ်လို့ Qualcomm ရဲ့ Snapdragon 660 ကိုပဲ အသုံးပြုထားပါတယ်။

Qualcomm Snapdragon 660 ရဲ့ လုပ်ဆောင်နိုင်မှုက စွမ်းဆောင်ရည်ပိုင်းမှာ ဈေးနှုန်းမြင့် စမတ်ဖုန်းတွေနီးပါး လုပ်ဆောင်နိုင်မှာဖြစ်ပြီး ဈေးနှုန်းအားဖြင့်လည်း သက်သာစေတာဖြစ်ပါတယ်။ သတင်းအချက်အလက်တွေ အရ Xiaomi Mi 6X ရဲ့ ဈေးနှုန်းက ရူပီး 2 သောင်းဝန်းကျင် (အမေရိကန်ဒေါ်လာ 310 ဝန်းကျင်) ရှိပြီး ကင်မရာ 12 MP နဲ့ ရှေ့ကင်မရာက 4 MP ရှိမယ်လို့ ခန့်မှန်းရပါတယ်။

မန်မိုရီပိုင်းအနေနဲ့ RAM 6GB build in storage 64GB ပါဝင်မယ်လို့ သိရပါတယ်။ သြဂုတ်လထဲမှာ ထွက်ရှိလာမယ့် Xiaomi စမတ်ဖုန်းအတွက် တိကျတဲ့အချက်အလက်တွေနဲ့ ဈေးနှုန်းခန့်မှန်းချက်တွေကို မသိရှိရသေးပါဘူး။



သံစဉ်ချို

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com

0 comments:

Post a Comment