♪ ဖုန်းကို Root လုပ်စရာမလိုဘဲ Android Homescreen ပေါ်က App တွေကို rename လုပ်မယ် ♫


Android ဖုန်းတွေမှာ OS ကို Root လုပ်ထားစရာမလိုဘဲ ဖုန်းထဲက App တွေကို မိမိစိတ်ကြိုက်အမည်တွေ ပေးနိုင်ပါတယ်။ အရင်တုန်းကဆိုရင်တော့ Third party app တွေကိုသုံးပြီးလုပ်ရင် ဖုန်းကို Root လုပ်ထားမှသာ Homescreen ပေါ်က App တွေကို rename အမည်ပြောင်းလဲခြင်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

အခုဖော်ပြပေးမယ့် နည်းကလည်း Third party app ကိုသုံးပြီး Homescreen ပေါ်က App တွေကို အမည်ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။ ဒီနည်းကဖုန်းမှာ Root လုပ်စနစ်မရှိလည်း အပြည့်အ၀လုပ်ဆောင်နိုင်မယ့် နည်းလည်းဖြစ်ပါတယ်

အရင်ဆုံး Third party app ကို Download လုပ်ဖို့အတွက် ဖုန်းကနေ Google PlayStore app ကို နှိပ်ပါ။
ပြီးရင်တော့ search အကွက် ထဲမှာ QuickShortcutMaker ဆို တဲ့စာသားကို ရိုက်ထည့်လိုက်ပါ။ အောက်မှာပြထားတဲ့အတိုင်း icon နဲ့စာသားတွဲလျက်ကို ထပ်နှိပ်ပါ။


ဖုန်းထဲကို QuickShortcut Maker ကို Install လုပ်ပေးဖို့အတွက် INSTALL ကိုနှိပ်ပါ။
ပြီးရင် ACCEPT ကို ထပ်နှိပ်ပါ။


QuickShortcutMaker ကို ဖုန်းထဲကို ထည့်သွင်းနေပြီဖြစ်ပါတယ်။

ပြီးရင်တော့ Open ကို နှိပ် လိုက်ပါ။ ( Open မနှိပ်ဘဲ ထွက်လိုက်ရင်တော့ ဖုန်းထဲမှာ QuickShortcutMaker icon ကို တစ်ချက်နှိပ်ဖွင့်ပေးရပါမယ်။

ဒါဆိုရင်တော့ အောက်ဖော်ပြပါပုံအတိုင်း ပွင့်လာမှာဖြစ်ပြီး Applications ဆိုတဲ့စာသားကို ရွေးလိုက်ပါ။ ပုံမှာပြထားတဲ့အတိုင်း App တွေရဲ့ icon တွေကို စိတ်ကြိုက်အမည် ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။



ကျွန်တော်အနေနဲ့ Built-in ပါဝင်တဲ့ နာရီ App ကို နာမည်ပြောင်းမှာဖြစ်တဲ့အတွက် နာရီကိုရွေးလိုက်ပါတယ်။ အဲဒီလိုနှိပ် လိုက်ရင်တော့ အောက်ကပုံအတိုင်း ပေါ်လာမှာဖြစ်ပြီး Clock ဆိုတဲ့ စာသားကိုနှိပ်ပေးပါ။

Clock ဆိုတာကို နှိပ်လိုက်ရင် ဘောက်တစ်ခုပေါ်လာမှာဖြစ်ပြီး မိမိပြောင်းချင်တဲ့ အမည်စာသားကို ပြောင်းလိုက်ပါ။ ပြီးရင်တော့ OK ကို နှိပ်လိုက်ပါ။

OK နှိပ်ပြီးရင်တော့ Create ကို ထပ်နှိပ်ပေးလိုက်ပါ။


ဒါဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ ကိုယ့်စိတ်ကြိုက်နာမည် ပေးထားတဲ့ App ကို ခုလိုပဲ မြင်တွေ့ရမှာ ဖြစ်ပါတယ်။


-ရဲထွဋ်ဝင်း




Credit to ==>> Internet Journal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 
www.pyaephyo.com


0 comments:

Post a Comment