Samsung
က တောင်ကိုရီးယားမှာစမတ် ခေါက်ဖုန်းအသစ်ကိုမိတ်ဆက် လိုက်ပါတယ်။ Samsung က
အဲဒီဖုန်းကို Galaxy Folder Flip 2 လို့ အမည်ပေးထားပြီးယခင်မော်ဒယ်နဲ့
အလွန် ဆင်တူပါတယ်။ Samsung Galaxy Folder Flip Phone ကို ၂၀၁၃
ခုနှစ်မှာရောင်းချပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် မော်ဒယ်
အသစ်မှာအရွယ်အစားပိုမို ကြီးမားတဲ့ ကီးဘုတ်ကိုတပ်ဆင်ထားပါတယ်။ ပန်းရောင်နဲ့
အနက်ရောင်များ ထုတ်လုပ်ပေးထားပါတယ်။
Samsung Folder Flip 2 မှာ Android Nougat ထည့်သွင်းထားပါတယ်။ ၃.၈ လက်မမျက်နှာပြင် တပ်ဆင်ထားပါတယ်။ 2GB RAM, 256GB Internal Storage ပါပါတယ်။ ဘက်ထရီကတော့ 1950mAh Battery ဖြစ်ပါတယ်။ 1.4GHz Quad-Core Processor မောင်းနှင်မှာ ဖြစ်ပါ တယ်။ 3G Model နဲ့ 4G LTE Model နှစ်မျိုးထုတ်လုပ်ပေးထား ပါတယ်။ တောင်ကိုရီးယား ၀မ် ၂၉၇,၀၀၀ သတ်မှတ်ထားပြီးဒေါ်လာ အားဖြင့် 
၂၆၀ ၀န်းကျင် ကျသင့်မှာ ဖြစ်ပါတယ်။ မြန်မာငွေအားဖြင့် ၃၅၀,၀၀၀ ကျပ်
ဝန်းကျင် တန်ကြေးရှိတဲ့ အတွက် ခေါက်ဖုန်းတစ်လုံးအနေဖြင့် ဈေးကြီး တယ်လို့
ပြောနိုင်ပါတယ်။
Samsung က Galaxy Folder Flip 2 ဟာစတိုင်ကျလှပပြီးခေါက်ဖုန်းလို သယ်ဆောင်ရလွယ်ကူသလိုစမတ်ဖုန်း
ရဲ့စွမ်းရည်များလည်းပါတယ်လို့ ပြောပါတယ်။ ဖုန်းမှာတပ်ဆင်ထားတဲ့
ကင်မရာကိုကုမ္ပဏီက ပြောကြားခြင်း မရှိပေမယ့် 8 Megapixel Camera ပါမယ်လို့
ထင်ရ ပါတယ်။
Mobile Guide Journal (Every Monday)
https://www.facebook.com/ officialmobileguidejournal
Samsung Folder Flip 2 မှာ Android Nougat ထည့်သွင်းထားပါတယ်။ ၃.၈ လက်မမျက်နှာပြင် တပ်ဆင်ထားပါတယ်။ 2GB RAM, 256GB Internal Storage ပါပါတယ်။ ဘက်ထရီကတော့ 1950mAh Battery ဖြစ်ပါတယ်။ 1.4GHz Quad-Core Processor မောင်းနှင်မှာ ဖြစ်ပါ တယ်။ 3G Model နဲ့ 4G LTE Model နှစ်မျိုးထုတ်လုပ်ပေးထား ပါတယ်။ တောင်ကိုရီးယား ၀မ် ၂၉၇,၀၀၀ သတ်မှတ်ထားပြီးဒေါ်လာ အားဖြင်
Samsung က Galaxy Folder Flip 2 ဟာစတိုင်ကျလှပပြီးခေါက်ဖုန်
Mobile Guide Journal (Every Monday)
https://www.facebook.com/
0 comments:
Post a Comment