♪ “Lenovo က စက္ကူလိုခေါက်လိပ်နိုင်တဲ့ laptop ဒီဇိုင်းကို ပြသ” ♫

No automatic alt text available.

နည်းပညာတွေ အဆင့်မြင့်လာတာနဲ့ အမျှ စမတ်ဖုန်း၊ လက်တော့တို့လို ကိရိယာများကိုခေါက်ချိုး၍ သယ်ဆောင်သွားနိုင်တော့မှာ ဖြစ်ပါတယ်။ ဒီလိုလက်တော့မျိုးကို Lenovo က တီထွင်နေပါတယ်။ နယူးယောက်မှာ ကျင်းပတဲ့ ပွဲတစ်ခုမှာ Lenovo က စက္ကူလိုခေါက်လိပ်နိုင်တဲ့ စကရင် တပ်ဆင်ထားတဲ့ လက်တော့ ဒီဇိုင်းကို ပြသလိုက်ပါတယ်။ လက်တော့မှာ ကီးဘုတ်လည်းပါပေမယ့် ကီးဘုတ်ကိုတော့ ခေါက်လိပ်လို့ မရနိုင်ဘူးလို့ ထင်ရပါတယ်။

လက်တော့ရဲ့ Display ကိုပလတ်စတစ်ဖြင့် ပြုလုပ်ထားတဲ့အတွက် ပျော့ပြောင်းကွေးညွှတ်နိုင်တာ ဖြစ်ပါတယ်။ Display ဟာအရောင်စုံ ကိုလည်း ထုတ်လုပ်ပေးနိုင်ပါတယ်။Lenovo က အဲဒီလက်တော့မှာ စကရင် နည်းပညာအသစ်ကိုအသုံးပြုမယ်လို့ ပြောပါတယ်။ Lenovo က လက်တော့ကိုအသံအမိန့်နဲ့ သာမကThinkPads Laptops များမှာသုံးတဲ့ Pointing Stick များနဲ့ပါ ထိန်းချုပ်နိုင်မယ်လို့ ပြောပါတယ်။ လက်တော့ကို အသံအမိန့်ဖြင့် ခိုင်းစေနိုင်အောင် Alexa , Cortana တို့လိုဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်များကိုအသုံးပြုကောင်း ပြုရမှာ ဖြစ်ပါတယ်။

Lenovo က ဒီလိုပျော့ပြောင်းကွေးညွှတ်နိုင်တဲ့ ကိရိယာများဟာအနာဂတ် မှာခေတ်စားလာမယ်လို့ ယုံကြည်ထားပါတယ်။ ဒီလိုကွေးညွှတ်နိုင်တဲ့ နည်းပညာကို Lenovo စမ်းသပ်နေတာဟာ ဒါ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ ယခင်နှစ်မှာကုမ္ပဏီကကွေးညွှတ်မျက်နှာပြင်ပါတဲ့ ခေါက်ချိုးနိုင်တဲ့ စမတ်ဖုန်းတစ်လုံးကို ပြသခဲ့ပါသေးတယ်။ အဲဒီစမတ်ဖုန်း ကိုလူရဲ့ လက်ကောက်ဝတ်မှာ နာရီလိုဝတ်ဆင်ထားနိုင်ပါတယ်။ အဲဒီ စမတ်ဖုန်းကို CPlus လို့ အမည်ပေးထားပြီး ၄.၂၆ လက်မကွေးညွှတ် မျက်နှာပြင် ပါပါတယ်။ Android ထည့်သွင်းထားပြီးထုတ်လုပ်ရောင်းချ ခြင်း မရှိသေးပါဘူး။ 




Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com


0 comments:

Post a Comment