♪ " စမတ်ဖုန်းတစ်လုံးရဲ့ လုံခြုံရေးစနစ်မှာ Fingerprint က အမြန်ဆန်ဆုံးနဲ့ စိတ်အချရဆုံး စနစ်တစ်ခုလား " ♫

No automatic alt text available.

ဒီနေ့ခေတ်မှာ စမတ်ဖုန်းတွေကို ဆက်သွယ်ရေးကိရိယာတစ်ခုအပြင် ဖျော်ဖြေရေးပစ္စည်း၊ လုပ်ငန်းဆောင်တာတွေအတွက် မှတ်စုအသေးစား၊ အချက်အလက်သိုမှီးဖို့ device တစ်ခု စသဖြင့် ပုံစံအမျိုးမျိုးနဲ့ အသုံးပြုနေကြပါပြီ။

သွားလေရာ သယ်ဆောင်သွားပြီး အရေးကြီးအချက်အလက်တွေ၊ ဆက်သွယ်ရမယ့်နံပါတ်တွေရှိနေတဲ့ စမတ်ဖုန်းတစ်လုံးဟာ လုံခြုံရေးစနစ်တစ်ခုလည်း မဖြစ်မနေ လိုအပ်လာပါတော့တယ်။ ဒါကြောင့် စမတ်ဖုန်းတွေရဲ့ လုံခြုံရေးစနစ်အတွက် screen lock တွေကို အသုံးပြုလာကြပါတယ်။ အချို့ကလည်း screen lock ကို အသုံးမပြုဘဲ သီးခြားတစ်ခုချင်းစီအဖြစ် ဖိုင်တွေ၊ app တွေကိုပဲ လုံခြုံရေးစနစ်တွေ ပြုလုပ်လာကြပါတယ်။


ခေတ်ကာလတွေ ရွေ့လျားလာတဲ့နောက်မှာတော့ စမတ်ဖုန်းတွေရဲ့ လုံခြုံရေးစနစ်တွေက ပိုပြီးအဆင့်မြင့်လာပါတယ်။ ဟိုအရင် လူသုံးများတဲ့ password lock, pattern lock, PIN lock တွေနေရာမှာ ပိုပြီးကောင်းမွန်တဲ့ လုံခြုံရေးစနစ်တွေဖြစ်တဲ့ eye scanner lock တွေ၊ fingerprint တွေ အစားထိုးဝင်ရောက်လာပါတယ်။ ဒါကြောင့် ဖုန်းအသုံးပြုတိုင်း ရှည်လျားတဲ့ password နံပါတ်တွေ ရိုက်ထည့်ဖို့ မလိုတော့သလို pattern lock ဆွဲနေစရာလည်း မလိုတော့ပါဘူး။ ဒါ့အပြင် ကိုယ့် password, pattern lock ကို သူများသိသွားမလားဆိုတဲ့ စိုးရိမ်ဖွယ်အချက်တွေကိုလည်း လျော့ကျသွားစေပါတယ်။


အဆင့်မြင့်လုံခြုံရေးစနစ်လို့ ပြောခဲ့တဲ့ eye scanner နဲ့ fingerprint နှစ်မျိုးကတော့ ပိုင်ရှင်တစ်ဦးတစ်ယောက်တည်းကပဲ ဖုန်းကို ဖွင့်နိုင်၊ ပိတ်နိုင်တာကြောင့် သုံးစွဲသူတွေက ပိုပြီးနှစ်သက်လာကြပါတယ်။ ဒီနှစ်မျိုးထဲမှာမှ အသုံးပြုရလွယ်ကူတဲ့ fingerprint က ပိုပြီးတော့ လူသုံးများလာပါတယ်။ ဒီအတွက်ကြောင့်လည်း fingerprint ကို ပိုပြီးအဆင့်မြင့်အောင် ထုတ်လုပ်လာကြပါတယ်။


Vivo V5 မှာဆိုရင် 0.2 စက္ကန့်အတွင်းမှာပဲ fingerprint နဲ့ lock ဖွင့်လို့ရတဲ့အထိ မြန်ဆန်လာပြီ ဖြစ်ပါတယ်။ ဒါ့အပြင် သူက 360 ဖြစ်တာကြောင့် ကိုယ်သတ်မှတ်ပေးထားတဲ့ လက်ချောင်းရဲ့အစိတ်အပိုင်း ဘယ်နေရာနဲ့မဆို lock ဖွင့်နိုင်ပါတယ်။ ဒါကြောင့် လက်ရဲ့အစိတ်အပိုင်း တစ်နေရာမှာ အကြောင်းအမျိုးမျိုးကြောင့် ဒဏ်ရာတစ်ခုခုရသွားလို့ lock မဖွင့်နိုင်တာမျိုးကိုလည်း ဖြေရှင်းပြီးသားဖြစ်ပါတယ်။ 


Vivo V5 မှာ Fingerprint အသုံးပြုရတာကတော့ ဖုန်းကို ကောက်ကိုင်တဲ့အချိန် Home button နေရာကို လက်ဗွေနဲ့ ထိလိုက်တာနဲ့ ချက်ချင်း lock ပွင့်သွားတာပါပဲ။ ဘေးက ဒီတိုင်းကြည့်ရင်တော့ ဘာလုံခြုံရေးစနစ်မှ မသုံးထားဘူးလို့တောင် ထင်ရပါတယ်။ 


Fingerprint ရဲ့ နောက်ထပ်ကောင်းတဲ့ အချက်တစ်ခုက လူတစ်ယောက်ရဲ့ လက်ဗွေရာဟာ အခြားတစ်ယောက်နဲ့ မတူညီတဲ့အတွက် hack လုပ်ခံရတာမျိုး၊ ခိုးခံလိုက်ရတာမျိုး ဖြစ်ခဲ့ရင်လည်း အရေးကြီးအချက်အလက်တွေ အလွယ်တကူနဲ့ ဆုံးရှုံးသွားမှာ မဟုတ်ပါဘူး။ အခုအချိန်အထိလည်း ဖုန်းတစ်လုံးအတွက် အကောင်းဆုံးလုံခြုံရေးစနစ် ဖြစ်နေတုန်းပါပဲ။




NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com


0 comments:

Post a Comment