♪ “မိုဘိုင်းဖုန်း ဘက်ထရီခေတ်သစ်ဆီသို့” ♫

Image may contain: phone

မိုဘိုင်းဖုန်းတစ်လုံးထဲက ဘက်ထရီဟာ ဘယ်လောက်အထိအားကြီးအင်ကြီး ရှိနိုင်သလဲ။ 6020 mAh အထိ အများဆုံးရှိနိုင်ပါတယ်။ ၅.၅ လက်မအရွယ် Gionee ဖုန်းမှာထည့်ထားတာပါ။ သူ့ထက်အား ကောင်းအောင် 7000 mAh အထိ ဘက်ထရီအားကြီးကြီး ထည့်ပေးတဲ့ ဟန်းဆက်တချို့ကိုတောင် တွေ့လာရပြီ။ ကံကောင်းတာက ဘက်ထရီ အားကြီးကြီး ထည့်ပေးထားတဲ့ အတွက် တစ်နေ့ကို အင်တာနက် ခြောက်နာရီသုံးမယ်ဆိုရင် standby အတွက် ဘာအတွက်ချန်ပြီး နှစ်ရက် အသုံးခံမယ်။ နွေရာသီကျောင်းပိတ်ရက် အွန်လိုင်းဂိမ်းအဆော့သန်လို့ တစ်နေကုန်မထတမ်း ဆော့မယ်ဆိုရင် 6020 mAh ဘက်ထရီလည်း အိပ်ခါနီးမှာ ၂၀% အောက်လောက်ပဲ ကျန်ပါမယ်။ ကံဆိုးတာက အားကြီးကြီး ဘက်ထရီတွေဟာ ဖြုတ်လို့မရတဲ့ အသေထိုင် ဘက်ထရီတွေပါ။ Service Centre က ဖြုတ်ပြီး ဘက်ထရီသစ်ထည့်ပေးမှ အဆင်ပြေပါတယ်။ ဘက်ထရီ အသုံးအစားကြမ်းလို့ မကြာခဏအားသွင်းရင် Charge cycle မြန်မြန်ပြည့်ပြီး ဘက်ထရီပျက်နိုင်တယ်။ အားသွင်း မကြာခဏ လွန်ပြီးလည်း ဘက်ထရီပျက်နိုင်ပါတယ်။ပြောချင်တာက ဘက်ထရီအားကြီး ကြီးဟာ အသုံးခံတယ်ဆိုပေမယ့် ဟန်းဆက်အသုံးကြမ်းသူ၊ အင်တာနက် အသုံးကြမ်းသူတွေအတွက် ဘက်ထရီပြဿနာဟာ ရှိမြဲရှိနေတယ်ဆိုတဲ့ အကြောင်းပါ။ ၂၀၁၇ ထဲအရောက်မှာ ဆိုးလာတာက ကုမ္ပဏီ အတော်များ များဟာ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးအတွက် အသေထိုင် ဘက်ထရီ တွေသုံးလာတာပါ။ ပြီးတော့ ကုမ္ပဏီ တွေဟာ နှစ်နှစ်တစ်ကြိမ် ဟန်းဆက် မော်ဒယ်အသစ်ထုတ်တယ်။ ကိုယ်က ဖုန်းသုံးတာရိုသေလို့ ဟန်းဆက်က ၂ နှစ်ခံတယ် ဆိုဦးတော့ အဲဒီအချိန် ဘက်ထရီစာအပိုရဖို့ သိပ်မလွယ်ဘူး။ ရှိဦးတော့ အားမသွင်းတာ သက်တမ်းကြာနေတဲ့ ဘက်ထရီက လတ်လတ် ဆတ်ဆတ် ဘက်ထရီလို အားမကောင်းနိုင်ဘူး။

လစ်သီယမ်အိုင်းယွန်းဘက်ထရီတွေနဲ့ မိုဘိုင်းဖုန်းတွေကို လည်ပတ်တာ ဆယ်စုနှစ်တစ်ခုကျော်ရှိပါပြီ။ သာမန်အဆင့် ဘက်ထရီတွေအတွက် 500 charge cycle နဲ့ အဆင့်မြင့် ဘက်ထရီ တွေအတွက် 1000 charge cycle ကို အခုထိ မကျော်လွှားနိုင်သေးတဲ့ အခက်အခဲလည်းရှိတယ်။မိုဘိုင်းဖုန်းတွေဟာ ပေါ်ဦးပေါ်ဖျားကထက် OS အရွယ်အစားကြီးလာတယ်။ ဖုန်းပေါ်မှာသုံးတဲ့ App တွေက ပိုပိုပြီးများ လာတယ်။ 4G ရပြီး အင်တာနက်အမြန်နှုန်း အသင့် အတင့်ကောင်းလာလို့ အင်တာနက်တွေလည်း အရမ်းသုံးတယ်။ ရှေ့ လျှောက် မိုဘိုင်းဖုန်းဘက်ထရီကို ဒီအတိုင်းထားလို့ မဖြစ်တော့ဘူးဆိုပြီး ပညာရှင်တွေ စဉ်းစားလာပါတယ်။ ပြင်လို့ရသလောက် လည်းပြင်ပါတယ်။ အားသွင်းစနစ် ကို ပိုပြီးစိတ်ချရအောင်လုပ်လာတယ်။ ဘေးကင်းကင်းနဲ့ မြန်မြန်ဆန်ဆန် အားသွင်းစနစ်ကို ပိုပြီးစိတ်ချရ အောင် လုပ်လာတယ်။ ဘေးကင်းကင်းနဲ့ မြန်မြန်ဆန်ဆန် အားသွင်းနိုင်အောင် လုပ်လာတယ်။ ၂၀၁၈ ထဲရောက်ရင် မိနစ် ၂၀ အားသွင်းရုံနဲ့ အားပြည့်တဲ့ မိုဘိုင်းဖုန်းတွေ တွေ့လာရမယ်။ OS နဲ့ နေရာတွေကလည်း version မြင့်လာလေ ပါဝါအစားနည်းလေဆိုတာ ဖြစ်အောင်လုပ်လာပါတယ်။ Wi-fi မှာ ပါဝါအစား အရမ်းနည်းအောင် လုပ်နေ ပြီ။ Bluetooth တွေ ပါဝါအစား နည်းအောင် လုပ်ထားတာတော့ကြာပြီ။
ဘယ်လိုပဲကျန်တဲ့အချက်တွေ ပြုပြင်ပြုပြင် ဘက်ထရီရဲ့ သဘောသဘာဝကို မပြုပြင်နိုင်သေးပါဘူး။ လစ်သီယမ်အိုင်း ယွန်း ဘက်ထရီတွေဟာ ကွန်ပျူတာ နဲ့ မိုဘိုင်းဖုန်းမှာတင် စက်ဘီး၊ မော်တော်ဆိုင်ကယ်နဲ့ မော်တော်ကားတွေ ပေါ်အထိ ရောက် လာတာမို့ သူ့ကိုအရွယ်သေးသေးနဲ့ ဒီထက်အားကောင်း အောင် လုပ်ဖို့လိုပါတယ်။ ဟန်းဆက်ကို လူတွေက ၂ နှစ်တစ်ခါ လဲကာ ကိုင်ကောင်းကိုင်ကြမှာဖြစ်ပေမယ့် လစ်သီယမ်အိုင်းယွန်း ဘက်ထရီ သုံးထား တဲ့ ကားတွေကို ၂ နှစ်တစ်ခါ အသစ်ဝယ်သုံးဖို့ဟာ မလွယ်ပါဘူး။

လောလောဆယ်မှာ လစ်သီယမ်အိုင်းယွန်းဘက်ထရီတွေက ဘယ်နေရာမှာ သုံးသုံး ပျမ်းမျှအားသွင်းကြိမ်ရေ ၈၀၀ ထိ အကောင်းဆုံးရပါတယ်။ ဒီတော့ ဘက်ထရီက ၂ နှစ်ဆိုရင် သက်တမ်းကုန်ပြီ။ လစ်သီယမ်အိုင်းယွန်းဘက်ထရီ ကို ဆက်သုံးနေသရွေ့ ဒီအခြေအနေကို ကျော်လွှားနိုင်ဖို့ မရှိဘူး။ ဒါကြောင့် material ပိုင်းကို လုံးလုံးလျားလျား ပြောင်းလဲဖို့ စဉ်းစားလာရ ပါတယ်။
Material ပိုင်းပြောင်းတာတော့မှန်တယ်။ လစ်သီယမ်အိုင်းယွန်း ဘက်ထရီ ထက် စွမ်းဆောင်ရည်ကျသွားလို့လည်း မဖြစ်ဘူး။ အသစ်ပေါ်လာမယ့် ဘက်ထရီတွေဟာ အရင်မျိုးဆက်ဟောင်း ထက်ဖြစ်နိုင်ရင် ဈေးနှုန်း သက်သာရမယ်။ စွမ်းဆောင် ရည်ပိုကောင်းရမယ်။ Charge Cycle ပိုပြီး များများသုံးနိုင်ရမယ်။ သိုလှောင်အား ပိုကောင်းလာရင်တောင် ဘက်ထရီ အရွယ်အစား ပိုကြီးမလာရဘူး။ လုံခြုံစိတ်ချရမှုရှိရမယ်။ သက်ဆိုင်ရာ အရွယ်အစားမှာ လက်ခံနိုင်လောက်တဲ့ သိုလှောင်အားရှိရမယ်။ ဒီလိုပေတံ တွေနဲ့ တိုင်းလိုက်တော့ material အတော်များများက အများသုံးဘက်ထရီ ဖြစ်လာဖို့ အရည်အသွေးမမီတာ တွေ့ရပါတယ်။ ဥပမာအနေနဲ့ lithium titamate ဘက်ထရီကိုကြည့်ရအောင် သူ့မှာ charge cycle မြင့်တယ်။ ပါဝါကြီးကြီးနဲ့ အချိန်တိုအတွင်း အားပြည့်အောင်လည်း သွင်းနိုင်တယ်။ ဒါပေမယ့် လစ်သီယမ်အိုင်း ယွန်းဘက်ထရီထက် အများကြီးဈေးကြီး ပါတယ်။
material ပိုင်းပြောင်းရုံမကဘဲ ဘက်ထရီအတွင်းပိုင်း တည်ဆောက်ပုံကို ပြောင်းဖို့လည်း စဉ်းစားရပါတယ်။ ဘက်ထရီ အတွင်းထဲမှာ အရည်မသုံးဘဲ အစိုင်အခဲ (Solid-state) အနေနဲ့ သုံးနိုင်ဖို့ကြိုးစားပါတယ်

လောလောဆယ်သုံးနေတဲ့ လစ်သီ ယမ်အိုင်းယွန်း ဘက်ထရီတွေမှာ အတွင်းပိုင်းလျှပ်ကူးအရည်အနေနဲ့ fotate material ကိုသုံးထားပါတယ်။ ဒီအရည်က အခန့်မသင့်ရင် ဒုက္ခပေးပါတယ်။ Galaxy Note 7 တွေက သာဓကပဲလေ။ ဒီအရည်ကို အစိုင်အခဲပိုင်းနဲ့ အစားထိုးလိုက်ရန် အနာဂတ် ဘက်ထရီတွေဟာ အများကြီးပိုပြီး ဘေးကင်းလုံခြုံလာပါမယ်။ ပေါ့ပါးတဲ့ အစိုင်အခဲ material ကို သုံးမှာမို့ ဘက်ထရီ အမျိုးအစားသစ်တွေဟာ ပိုပေါ့ပါး လာမယ့်အပြင် ပိုပြီးလည်း တာရှည်ခံပါမယ်။ ဘက်ထရီအမျိုးအစားသစ် ထုတ်လုပ်ဖို့ ကြိုးစား နေတဲ့ Dyson ကုမ္ပဏီဟာ ပြီးခဲ့တဲ့နှစ်တုန်းက Sakti3 ဆိုတဲ့ ဘက်ထရီကုမ္ပဏီကို ဒေါ်လာသန်းကိုးဆယ်နဲ့ဝယ်ပြီး ဘက်ထရီ အမျိုးအစားသစ်တွေထုတ်ဖို့ ကြိုးစားနေပါတယ်။အသစ်ထွက်လာမယ့် ဘက်ထရီအမျိုးအစားတွေထဲမှာ အလားအလာကောင်းနေတာက sodiumion ၊ lithium-sulphur နဲ့ lithium-air ဘက်ထရီတွေဖြစ်ပါတယ်။ Sodiumion ဘက်ထရီတွေက အများသုံး ဖြစ်လာဖို့ထက် မဟာဓာတ်အားလိုင်းထဲကို အားဖြည့်ပေးဖို့ ဓာတ်အားသိုလှောင်ပေးမယ့် ဘက်ထရီတွေမှာသုံးမယ့် အလားအလာရှိနေပါတယ်။ သူက လစ်သီယမ်အိုင်းယွန်း ဘက်ထရီဈေးလည်း သက်သာတယ်။ ပိုပြီးလည်း ကြံ့ခိုင်တယ်။ ဒါပေမယ့် energy density နည်းပြီး လေးလံတဲ့အတွက် အများသုံးမဖြစ်နိုင်တာပါ။ အမေရိကန် အာကာသ အေဂျစ်စီ NASA နဲ့ လျှပ်စစ်ကား ထုတ်လုပ်သူတွေ မျက်စိကျနေတာက lithium-sulphur ဘက်ထရီဖြစ်ပါတယ်။ လစ်သီယမ်အိုင်းယွန်း ဘက်ထရီ တွေထက် energy density ပိုကောင်းပါတယ်။

မိုဘိုင်းဖုန်းနဲ့ တက်ဘလက်တွေ အပါအ၀င်လက်ကိုင်ပစ္စည်းတွေအတွက် အလားအလာကောင်းနေတာက Lithium-air ဘက်ထရီ ၊ လက်သီယမ် အိုင်းယွန်းဘက်ထရီထက် energy density ငါးဆအားကောင်းပြီး charge cycle ၂၀၀၀ ရှိတာမို့ ဘက်ထရီသက်တမ်း နှစ်ဆပိုရှည်ပါမယ်။ ကောင်းသည် ထက်ကောင်းအောင် solid oxygen cathode ကိုသုံးဖို့လည်း စဉ်းစား နေပါ တယ်။ ဒီ cathode က ဘက်ထရီကို အားများများနဲ့ ကြာကြာသိုလှောင် နိုင်အောင် ကူညီပါမယ်။ နောက်တစ်ခု စဉ်းစားနေ တာက လစ်သီယမ် သတ္ထုအစား အလူမီနီယမ်သတ္ထုကိုပြောင်းပြီး သုံးဖို့စဉ်းစားနေတာပါ။ ကမ္ဘာပေါ်မှာ အလူမီနီယမ်က တတိယ မြောက် အပေါများဆုံး သတ္ထုဖြစ်လို့ ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်မှာ စမ်းသပ်ချက်အရ အလူမီနီယမ်သတ္ထုစပ်နဲ့လုပ်တဲ့ ဘက်ထရီ ဟာ မြန်မြန်ဆန်ဆန် အားသွင်းနိုင်ရုံတင်မကဘဲ charge cycle ၇၅၀၀ အထိ အားမကျဘဲ နေတယ်ဆိုတာ တွေ့ရပါတယ်။ ဘေးကင်းလိုက်ပုံကလည်း ဘက်ထရီကို လွန်ပူနဲ့ထိုးဖောက်တာတောင် ပုံမှန်အလုပ်လုပ်ပါသေးတယ်။ မဂ္ဂနီစီယမ်သတ္ထုစပ်နဲ့ ထုတ်လုပ်တဲ့ ဘက်ထရီတွေဟာလည်း အခြေအနေ ကောင်းနိုင်တယ်ဆိုတာ တွေ့ရပါတယ်။ မဂ္ဂနီစီယမ်က ဈေးချိုပြီး ကမ္ဘာပေါ် မှာ ပေါပေါများများ ရနိုင်ပါတယ်။ ဘက်ထရီက ဒီဇိုင်းလည်းပြောင်းသွား ပါမယ်။ Grapheme တွေဟာ ဘက်ထရီရဲ့ Supercapcitor တွေ ဖြစ်လာပါ မယ်။ စွမ်းအင်ကို ဓာတုဓာတ်ပြုနည်းနဲ့ ထုတ်လုပ်သုံးစွဲမှာ မဟုတ်ဘဲ capacitor ထဲမှာ သိုလှောင်ထားတဲ့ စွမ်းအင်ကို အီလက်ထရွန်းနစ်နည်းနဲ့ တိုက်ရိုက်ထုတ်ယူသုံးစွဲပါမယ်။



နောင်စိုး (ထားဝယ်)

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com

0 comments:

Post a Comment