♪ " Samsung Galaxy S8 " အကြောင်းအသေးစိတ်ရှင်းလင်းဖော်ပြချက်များ ♫

Image may contain: swimming, text and water

Samsung Galaxy S8 ဟာ ပြောရရင် ပိုမိုလှပလာခဲ့ပြီး ဘေးဘောင်နှစ်ဖက်ကို ကွေးထားတဲ့ပုံစံဟာ လက်ထဲမှာ ပိုပြီးသက်တောင့်သက်သာရှိစေခဲ့ပါတယ်။ Samsung ရဲ့ဒီဇိုင်းအသစ်ဟာ S8 ရဲ့ 5.8" screen ကို အထူးပဲလှပစေခဲ့ပြီး home ခလုတ်မပါဝင်တော့သလို ဘေးဘောင်တွေလည်း မပါဝင်သလောက် ပါးလွှာလာခဲ့ပါတယ်။ Screen ဟာ ဖုန်းမျက်နှာပြင်ရဲ့ 83% နီးပါးရှိခဲ့ပြီး ယခင်က Edge နဲ့ Note ဖုန်းတွေ မကိုင်ဘူးသူတွေအနေနဲ့ ပထမဆုံးအကြိမ်အဖြစ် ကွေးထားတဲ့ဘေးဘောင်တွေကို မြင်ရမှာဖြစ်ပါတယ်။ Fingerprint reader ကိုတော့ ကျောဘက်မှာ တွေ့ရပါတယ်။ နောက်ထပ်ထူးခြားချက်တစ်ခုက Face unlock feature ပါဝင်လာတာပဲဖြစ်ပြီး ပိုမိုလုံခြုံကာ သက်တောင့်သက်သာရှိစေမှာဖြစ်ပါတယ်။ နောက်ထပ်ထူးခြားချက်ကတော့ Bixby ဖြစ်ပြီး Apple ရဲ့ Siri, Google ရဲ့ Assistant နဲ့ Amazon ရဲ့ Alexa တို့ကိုယှဉ်ပြိုင်နိုင်မယ့် Samsung ရဲ့ AI ဖြစ်ပါတယ်။ Bixby ဟာ လက်ရှိကာလမှာ စွမ်းဆောင်မှုများစွာမပြသနိုင်သေးပေမယ့် အနာဂါတ် update တွေနဲ့ဆိုရင် ပြီးပြည့်စုံတဲ့ AI တစ်ခု ဖြစ်လာနိုင်ပါတယ်။

Image may contain: phone

* Meet The S8 Computer *
Samsung Dex ဟာ သီးခြားသုံးရမယ့် dock တစ်ခုဖြစ်ပြီး ဖုန်းထဲက app နဲ့ မီဒီယာတွေကို မော်နီတာပေါ်မှာ ပြသပေးနိုင်ပါတယ်။ Samsung Dex dock ကို သီးခြားဝယ်ယူရမှာဖြစ်ပြီး ဒါတွေအပြင် မော်နီတာ၊ ကီးဘုတ်၊ mouse စတာတွေ လိုအပ်မှာဖြစ်ပါတယ်။ ဖုန်းကို အလွယ်တကူချိတ်ဆက်ပြီး ကြီးမားတဲ့ display မှာ အလုပ်လုပ်လိုသူတွေအတွက် အထူးအသုံးဝင်ပါတယ်။

Image may contain: phone

* Samsung Bixby *
Samsung ဟာ Galaxy S8 နဲ့ S8 Plus တို့မှာ Bixby ကိုထည့်သွင်းခဲ့ပါတယ်။ Bixby ဟာ လက်ရှိကာလမှာ Galaxy S8 နဲ့ S8 Plus ဖုန်းတွေမှာပဲ တွေ့ရဦးမှာဖြစ်ပြီး အနာဂတ်မှာတော့ ပိုမိုများပြားတဲ့ Samsung ဖုန်းတွေမှာ တွေ့ကြရမှာဖြစ်ပါတယ်။ Bixby သုံးဖို့အတွက် Galaxy ဖုန်းအဟောင်းပိုင်ရှင်တွေအနေနဲ့ အဆင့်မြှင့်တင်မှု ပြုလုပ်ရမှာဖြစ်ပါတယ်။ Bixby ကိုဖွင့်ဖို့ အထူးလွယ်ကူပြီး Galaxy S8 ရဲ့ဘယ်ဘက်ခြမ်းမှာ Bixby အတွက် သီးခြားခလုတ်ရှိနေပါတယ်။ တစ်ချက်နှိပ်ပြီး အမိန့်ပေးနိုင်သလို ဖိထားပြီး Bixby Home ကိုဖွင့်နိုင်ပါတယ်။ Bixby ကို ကင်မရာ app ကနေလည်း စွမ်းနိုင်ပါသေးတယ်။ Flipboard newsfeed ပျောက်သွားပြီး Galaxy S8 မှာ Bixby Home နဲ့ အစားထိုးခဲ့ပါတယ်။ Thirdparty app တွေဖြစ်တဲ့ Facebook, Uber တို့ဟာလည်း Bixby Home မှာ ကတ်တွေအဖြစ် ပါဝင်နိုင်ပါတယ်။ Bixby ကို အသံနဲ့အမိန့်ပေးနိုင်ပြီး touch နဲ့လုပ်နိုင်သမျှအားလုံးကို အသံနဲ့ အမိန့်ပေးစေခိုင်းနိုင်မယ်လို့ ဆိုပါတယ်။ လက်ရှိကာလမှာ Bixby ဟာ Samsung apps အချို့နဲ့ပဲ အလုပ်လုပ်နိုင်ဦးမှာဖြစ်ပြီး အသေးစိတ်စာရင်းကို မသိရသေးပါဘူး။ ပုံမှန်ပြုလုပ်မယ့် update တွေကနေ apps တွေနဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို ထပ်တိုးပေးသွားမှာဖြစ်ပါတယ်။ Bixby ဟာ Google Play Music နဲ့ တွဲဖက်အလုပ်လုပ်နိုင်ပါတယ်။ Galaxy S8 ရဲ့ Camera app ကိုသုံးပြီး Bixby ဟာ ရှာဖွေတာနေရာတွေကို သိရှိနိုင်တာ၊ ဘာသာပြန်တာ၊ QR နဲ့ barcode တွေဖတ်တာ စတာတွေကို လုပ်ဆောင်နိုင်ပါတယ်။

Image may contain: phone and text

* Battery *
Samsung ဟာ S8 နဲ့ S8 Plus မှာသုံးမယ့် ဘက်ထရီတွေကို eight-point battery test နဲ့ စမ်းသပ်ပါတယ်။ 6 လ၊ 1 နှစ်၊ 2 နှစ်ကြာတဲ့ကာလမှာ ပုံမှန်ထက်ဘက်ထရီအား ကောင်းကောင်းဖြည့်နိုင်ဖို့ကို အဓိကထားပါတယ်။ ဘက်ထရီအများစုဟာ 2 နှစ်အကြာမှာ မူလကပမာဏရဲ့ 80% လောက်သာ အားသွင်းနိုင်တော့ပေမယ့် S8 နဲ့ S8 Plus မှာပါတဲ့ ဘက်ထရီကတော့ အဲဒီလောက်ကြာရင်တောင် မူလရဲ့ 95% ထိ အားသွင်းယူနိုင်မယ်လို့ ဆိုထားပါတယ်။ S8 မှာ 3000 mAh ဘက်ထရီပါဝင်ပြီး S8 Plus မှာ 3500 mAh ဘက်ထရီပါဝင်ပါတယ်။ ဘက်ထရီပမာဏထက် ရေရှည်စွမ်းဆောင်ရည်က ပိုအရေးကြီးတယ်လို့ ဆိုခဲ့ပါတယ်။

* Important Features *
Galaxy S8 နဲ့ S8 Plus ဟာ ရေစိုခံပြီး IP 68 rating ဖြစ်ကာ ရေအနက် 1 မီတာမှာ မိနစ် 30 ထားနိုင်ပါတယ်။ Wireless charging ကိုထောက်ပံ့ပေးထားပြီး ဒီအတွက် သီးခြား dock ကိုတော့ ၀ယ်ယူရပါလိမ့်မယ်။ Processor နှစ်မျိုးကို တွေ့ရမှာဖြစ်ပြီး Qualcomm Snapdragon 835 (သို့) Samsung Exynos 8895 ဖြစ်ကာ ဒေသအလိုက် ကွဲပြားသွားမှာဖြစ်ပါတယ်။ Storage 64 GB ပါဝင်ပြီး micro SD နဲ့ 2 TB ထိထောက်ပံ့ပေးထားပေမယ့် အလွယ်ဆုံး အများဆုံး ၀ယ်ယူနိုင်တဲ့ ပမာဏကတော့ 256 GB SD ကတ်သာဖြစ်ပါလိမ့်မယ်။ Screen ကိုပိတ်ထားခဲ့ရင်တောင် Haptic home button ကို အမြဲသုံးနိုင်မှာဖြစ်ပါတယ်။ Android 7.0 Nougat ကိုသုံးခဲ့ပြီး home button ကိုဖိထားခြင်းဖြင့် Google Assistant ကိုခေါ်ယူနိုင်မှာဖြစ်ပါတယ်။ ဖုန်းကို မျက်နှာဖုံးနဲ့တင် unlock လုပ်နိုင်ပြီး iris scanning နဲ့ မတူပါဘူး။ ဖုန်းကို မျက်စိနဲ့ တစ်တန်းတည်းထားရမှာဖြစ်ပြီး ငုံ့ကြည့်ရုံနဲ့ မရနိုင်ပါဘူး။ ဒါဟာ သက်တောင့်သက်သာရှိဖို့ပဲဖြစ်ပြီး အထူးလုံခြုံတဲ့ နည်းပညာကို သုံးချင်ရင်တော့ iris (သို့) fingerprint ကိုသုံးရမယ်လို့ ဆိုပါတယ်။

>>>>>>>>>>>>>>>>>>>>
" Samsung Galaxy S8 Plus "
----------------
Samsung Galaxy S8 Plus ဟာ ကြီးမားတဲ့ဖုန်းတစ်လုံးဖြစ်ပြီး 6.2" curved screen ပါဝင်ကာ ပါးလွှာလွန်းတဲ့ဘေးဘောင်တွေကြောင့် ထင်သလောက်မကြီးအောင် ဖန်တီးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် 2017 ရဲ့ စွမ်းဆောင်ရည်အကောင်းဆုံးလို့ဆိုနိုင်တဲ့ chips နှစ်မျိုးကိုသုံးခဲ့ပြီး ဒီဇိုင်းအရလည်း အထူးကောင်းမွန်ခဲ့ပါတယ်။

* Display *
6.2" Infinity Display ပါဝင်ပြီး Quad HD + display ဖြစ်ကာ 2960 x 1440 pixels resolution ရှိပြီး 529 ppi ထိရှိခဲ့ပါတယ်။ Mobile HDR Premium ကိုထောက်ပံ့ပေးခဲ့ပြီး 4K HDR TV တွေလိုပဲ contrast ratio ကောင်းမွန်ခဲ့ပါတယ်။ 18.5 : 9 aspect ratio ဟာ ထူးဆန်းသလိုထင်ရပေမယ့် multitasking အတွက် ကောင်းမွန်ခဲ့ပြီး app windows တွေကို ဘေးချင်းယှဉ်ဖွင့်ရာမှာ အသုံးကျခဲ့ပါတယ်။ 2K အဆင့်ဖြစ်ပြီး ပုံမှန်အားဖြင့် Full HD resolution ကိုသာသုံးထားပါတယ်။

* Design *
Samsung ရဲ့ Galaxy S8 Plus ဟာ ပါးလွှာတဲ့သတ္တုဘောင်ပေါ်မှာ ဖန်သားနဲ့အုပ်ထားတဲ့ပုံပဲဖြစ်ပြီး အပေါ်နဲ့အောက်ဘက်မှာ အလွန်ပါးလွှာတဲ့ဘောင်တွေနဲ့ တည်ဆောက်ထားပါတယ်။ ရှေ့ဘက်မှာ အရင်လို home ခလုတ်မပါဝင်တော့ဘဲ fingerprint reader ဟာလည်း ကျောဘက်ကို ရောက်သွားခဲ့ပါတယ်။ ဒီဖုန်းဟာ IP 68 rating ဖြစ်တာကြောင့် ဖုန်းနဲ့ ရေစိုဒဏ်ကို ကောင်းကောင်းခံနိုင်ရည်ရှိခဲ့ပါတယ်။ Galaxy S8 Plus ရဲ့ 6.2" display ကို 159.5 x 73.4 x 8.1 mm အရွယ်ရှိတဲ့ ကိုယ်ထည်ထဲမှာထည့်နိုင်ခဲ့ပြီး 173 g သာလေးပါတယ်။ ရှေ့ဘက်မှာ home ခလုတ်အစား screen ပေါ်မှာပဲ ဖိအားကိုသိနိုင်တဲ့ ခလုတ်ပုံစံဖန်တီးခဲ့ပြီး fingerprint scanner တော့ မပါဝင်ခဲ့ပါဘူး။ Samsung ဟာ လုံခြုံရေးအတွက် fingerprint reader အပြင် iris scanner နဲ့ face recognition စနစ်တို့ကိုလည်း ထည့်သွင်းခဲ့ပြီး လက်နဲ့မထိဘဲ ဖုန်းကို unlock လုပ်နိုင်ဖို့ ရည်ရွယ်ခဲ့ပါတယ်။ Home ခလုတ်ကို နှစ်ချက်နှိပ်ရုံနဲ့ ကင်မရာကို အမြန်ဖွင့်နိုင်မှာဖြစ်ပါတယ်။ ပုံမှန်ပါနေကျ 3.5 mm headphone jack ဆက်လက်ပါဝင်လာပါသေးတယ်။ USB-C ကိုပြောင်းလဲသုံးစွဲခဲ့ပြီး အောက်ဘက်ပိုင်းမှာ စပီကာကို တွေ့နိုင်ပါတယ်။

* Camera *
Galaxy S8 နဲ့ S8 Plus မှာ 12 MP f/1.7 ကင်မရာပါဝင်ပြီး OIS ပါဝင်ပါတယ်။ မနှစ်ကနဲ့ ဘာမှမထူးဘူးလို့ထင်ရပေမယ့် အတွင်းပိုင်းမှာ အဆင့်မြှင့်တင်မှုများစွာပြုလုပ်ထားပြီး အလင်းရောင်အားနည်းတဲ့နေရာတွေမှာပါ ပိုကောင်းတဲ့ပုံတွေ ရနိုင်ပါလိမ့်မယ်။ ရှေ့ဘက်မှာ 8 MP ကင်မရာပါဝင်တာမို့ ပိုကောင်းတဲ့ selfie ကိုရိုက်ကူးနိုင်ပါလိမ့်မယ်။

* Bixby & Android 7.0 *
Samsung ဟာ Galaxy S8 နဲ့ Galaxy S8 Plus တို့မှာ Bixby AI ကိုထည့်သွင်းပေးခဲ့ပြီး Apple ရဲ့ Siri နဲ့ Android ရဲ့ Google Assistant တို့ကို ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ထူးခြားတာက Galaxy S8 နဲ့ S8 Plus တို့ဟာ Google Assistant ကိုလည်း ထောက်ပံ့ပေးထားတာပါပဲ။ ဒီဖုန်းနှစ်လုံးစလုံးမှာ Android 7.0 Nougat ကိုသုံးခဲ့ပြီး Samsung ရဲ့အကောင်းဆုံး interface နဲ့ တွဲဖက်ပါဝင်လာပါလိမ့်မယ်။

* Specs & Performance *
Samsung Galaxy S8 Plus မှာ 10 nm octa-core chipset ကိုသုံးထားပြီး model အရ US ဖုန်းတွေဟာ Qualcomm 835 ကိုသုံးကာ ကျန်ဒေသများစွာမှာတော့ Exynos ကိုသုံးမှာဖြစ်ပါတယ်။ အဓိကကတော့ 10 nm chip တွေဟာ သေးငယ်လာရုံမက ပိုမိုမြန်ဆန်လာတာပါပဲ။ စွမ်းအင်သုံးစွဲမှုလည်း သက်သာပါတယ်။ RAM ကိုတော့ 4 GB ပဲဆက်သုံးခဲ့ပြီး storage ပိုင်းမှာတော့ 64 GB ထိ တိုးတက်လာခဲ့ပါတယ်။

* Battery *
Galaxy S8 Plus မှာ 3500 mAh ဘက်ထရီပါဝင်ခဲ့ပြီး chipset အသစ်ကြောင့် ကောင်းကောင်းလုံလောက်တဲ့ ဘက်ထရီပမာဏဖြစ်ပါလိမ့်မယ်။ 10 nm chip တွေဟာ စွမ်းအင်ပိုချွေတာနိုင်မယ်လို့ ယူဆထားနိုင်ပါတယ်။ Fast charging လည်းပါဝင်ပြီး ယခင်ကထက် 20% အားသွင်းချိန်ပိုမြန်မယ်လို့ ဆိုထားပါတယ်။

>>>>>>>>>>>>>>>>>>>>
" Samsung Gear VR With Wand Controller "
----------------
Galaxy S8 နဲ့အတူ Gear VR အသစ်နဲ့ Controller ကို ဧပြီ 21 ရက်မှာ မြင်ကြရမှာဖြစ်ပြီး wireless controller အသစ်ကြောင့် apps နဲ့ ဂိမ်းအသစ်များစွာကို သုံးစွဲနိုင်လာတော့မှာဖြစ်ပါတယ်။ ခေါင်းကို အမြဲလိုက်လှည့်ပေးနေရမယ့်အစား လှုပ်ရှားမှုကိုသိနိုင်တဲ့ wand controller ရဲ့အကူအညီနဲ့ မျက်နှာမူရာမဟုတ်လည်း ချိန်ရွယ်မှုပြုနိုင်တော့မှာဖြစ်ပါတယ်။ ခလုတ်ပါဝင်တာကြောင့် သေနတ်ပစ်တဲ့ ဂိမ်းတွေကိုလည်း ကစားနိုင်မှာဖြစ်ပြီး Oculus က shooting game တစ်ခုဖြစ်တဲ့ Dead and Buried ကို Gear VR controller ဆီယူလာဖို့ ကြိုးစားနေပါတယ်။ အားသာချက်က ဒီ wand controller ကို AAA ဓာတ်ခဲနှစ်လုံးနဲ့တင် နာရီ 40 သုံးနိုင်တာပါပဲ။ Gear VR အတွက် ပိုမိုကောင်းမွန်တဲ့ update တွေရှိနေပြီး user interface resolution ကောင်းမွန်လာကာ apps တွေကို 3 ဆ ပိုမိုမြန်ဆန်စွာ loading ရယူနိုင်ပြီး ဘက်ထရီ 30% သက်သာမယ်လို့ ဆိုခဲ့ပါတယ်။ ဒါ့အပြင် motion controller ကိုလည်း ဒေါ်လာ 40 နဲ့ သီးသန့်ရောင်းချပေးမှာဖြစ်ပြီး ယခင် Gear VR headset တွေနဲ့ တွဲဖက်သုံးနိုင်မှာဖြစ်ပါတယ်။

2016 နဲ့ 2017 headset နှစ်ခုမှာ ခြားနားမှုများများမရှိဘဲ ဖုန်းအသစ်တွေတပ်ဆင်နိုင်ဖို့ USB-C connector ဖြစ်လာတာပဲ ထူးပါတယ်။ S8 ကြိုတင်မှာယူမှုတိုင်းအတွက် Gear VR အသစ်ကို အခမဲ့ပေးသွားမှာဖြစ်ပါတယ်။ Oculus ရဲ့ အဆိုအရ Gear VR အသစ် စတင်ရရှိမယ့် ဧပြီလမှာ motion controller နဲ့သုံးနိုင်မယ့် app 20 ကျော် ရှိနှင့်မှာဖြစ်ပြီး လအနည်းငယ်အတွင်း နောက်ထပ် 50 ထပ်ရောက်လာမယ်လို့ ဆိုထားပါတယ်။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com

0 comments:

Post a Comment