♪ “Battery Problems & Solutions” ♫

Image may contain: phone

ယနေ့လိုအချိန်ကိုရောက်ရှိတဲ့အချိန်မှာတော့ မိုဘိုင်းဖုန်းတွေရဲ့ဘက်ထရီဟာ အတော်ကြီးကို သက်တမ်းတာ ရှည်ခံခဲ့ပါပြီ။ အချို့စမတ်ဖုန်းတွေ မှာပါတဲ့ ဘက်ထရီဆိုရင် အခြားဖုန်းတွေကို အားပြန်လည်ဖြည့်သွင်းပေး နိုင်ပါတယ်။ Gionee, Asus တို့ဆိုရင် အခြားဖုန်းတစ်လုံးကို အားပြန်လည် သွင်းပေးနိုင်တဲ့ လုပ်ဆောင်ချက် နဲ့အတူ ဘက်ထရီသက်တမ်းကလည်း အင်မတန်တာရှည်ခံ ပါတယ်။ လက်ရှိအချိန်မှာ ထုတ်လုပ်နေတဲ့ စမတ်ဖုန်းတွေမှာတပ်ဆင်ပေး ထားတဲ့ ဘက်ထရီကဖြုတ်တပ် ပြုလုပ်လို့မရနိုင်တော့ပါဘူး။ အသေတပ်ဆင် ထားတဲ့ ဒီဇိုင်းဖြစ်နေလို့ပါ။ ဒါကြောင့်လည်း ဖုန်းမှာတပ်ဆင်ထားတဲ့ အစိတ် အပိုင်းတစ်ခု ပျက်စီးသွားပြီဆိုရင် ဘက်ထရီ ပါတစ်ပါတည်း လဲလှယ်ရတဲ့ အခြေအနေကို ကြုံဖူးကြပါလိမ့်မယ်။ အခုဆိုရင် ဘက်ထရီနည်းပညာပိုင်းနဲ့ ပတ်သက်လို့ qualcomm, OPPO, Meizu တို့ဟာ ထိပ်တန်းအဆင့်မှာရှိနေကြ ပါတယ်။ ပြီးခဲ့တဲ့ MWC 2017 မှာ Meizu ကုပ္ပဏီဟာ သူတို့ရဲ့ဘက်ထရီ နည်းပညာသစ်ကို ပြသခဲ့ပါသေးတယ်။ ဒါကြောင့် Mobile Handset များတွင် ထည့်သွင်းအသုံးပြုသည့် Battery များအကြောင်းနှင့် Battery ကြောင့် ဖြစ်ပေါ်တတ်တဲ့ပြဿနာ တွေကို ဖော်ပြလိုက်ပါတယ် . . .

<Battery ကြောင့် ဖြစ်တတ်သောပြဿနာများ>

<Insert SIM Card>

Handset အတွင်းသို့ SIM Card ထည့်သွင်းထားသော်လည်း Handset က၄င်း SIM Card အား ဖတ်ရှု ခြင်းမပြုနိုင်တော့ဘဲ Insert SIM Card ဟု သတိပေး စာတမ်းပေါ်နေပြီး ဖုန်းခေါ်ဆိုမှုမပြုလုပ်နိုင်သည့် Problem ဖြစ်ပါတယ်။

<Power on fault>

Battery Quality မပြည့်လျှင်သော်လည်းကောင်း၊ Battery များ ဗိုက်ဖောင်း လာလျှင်သော်လည်းကောင်း ဖြစ်ပေါ်တတ်သည့် Problem ဖြစ်ပါသည်။ မီးစက်ဖြင့် အားသွင်းမိလျှင်သော်လည်း ကောင်း၊ Over Voltage ဖြစ်သွားခြင်း ကြောင့်လည်းကောင်း၊ Battery ၏ လုပ်ဆောင်နိုင်မှုစွမ်းရည် ကျဆင်းလာ တတ်ပါသည်။ ထိုအခါ တွင် Handset လိုအပ်သော Power ကို ထောက်ပံ့ မပေးနိုင်တော့သော အခြေအနေဖြစ်ပေါ်တတ်ပါတယ်။

<Signal Problem>

တစ်ခါတစ်ရံတွင် Battery ၏ Power အရမ်းနည်းနေသောအချိန်တွင် Handset ၏ Other Function များပုံမှန် အလုပ်လုပ်နေသော်လည်း Network Signal များ ပျောက်သွားတတ်ပြီး ထိုပြဿနာမျိုးကို Model အဟောင်းများ တွင် အဓိကတွေ့ရှိရတတ်ပါတယ်။

<Accident Problem>

Handset တွေရဲ့ သဘာဝကမာကျောခြင်းကိုဆောင်တဲ့အတွက်ကြောင့် သုံးစွဲတဲ့သူတွေဟာ ရုတ်တရက်ဖုန်း လွတ်ကျသွားရင်တောင် ဘာမှမဖြစ်နိုင် ဘူးလို့ ထင်တတ်ကြပါတယ်။ ဒါပေမယ့်ဒီလိုသာ အနည်းဆုံးအကြိမ်ရေ (၅)ကြိမ်ထက်မနည်း ပြုတ်ကျမယ်ဆိုရင် ဘက်ထရီရဲ့ ခံနိုင်စွမ်းလျော့ပါးသွား တတ်ပါတယ်။ ဘက်ထရီရဲ့ စွမ်းရည်ကလည်း နာရီပိုင်းလောက်သာ အသုံးခံ ပါလိမ့်မယ်။

<Mobile Handset များတွင်အသုံးပြုသော Battery အမျိုးအစားများ>

(1) NiCd (Nickel Cadmium)

Mobile Handset အနိမ့်များတွင် အသုံးပြုထားသော Battery အမျိုးအစား ဖြစ်ပြီး ယနေ့အချိန်တွင် တွေ့ရှိရန် ခက်ခဲသွားပါပြီ။ ဒါပေမယ့် Corlless Phones တွေနဲ့ Old generation Mobile Handset များတွင် အသုံးပြုနေ တာကိုတွေ့နိုင်ပါသေးတယ်။

(2) NiMH (Nickel Metal Hybride)

NiMH အမျိုးအစား NiCd ပြီးနောက်ထွက်ခဲ့သော Battery အမျိုးအစား ဖြစ်ပါတယ်။ NiCd ထက် စွမ်းဆောင် မှုအားဖြင့် ပိုမိုမြင့်မားသော Battery အမျိုးအစားဖြစ်ပါသည်။ NiCd နဲ့ MIHM Battery အမျိုးအစားနှစ်ခု စလုံးရဲ့ အားနည်းချက်ဟာ Memory Effect တည်ရှိနေခြင်းပါပဲ။ Memory Effect ဆိုတာဟာ Battery ကို အသုံးပြုတဲ့အချိန်မှာ Battery အားအကုန်သုံးပြီးမှ ပြန်လည်အားသွင်းရမည်ဖြစ်ပြီး အားပြန်သွင်းရာတွင်လည်း ၁ဝဝ% ပြည့်အောင်သွင်းယူရမည်ဖြစ်ပါတယ်။ တကယ်လို့ Battery ရဲ့အားအကုန် မသုံးဘဲ ၆ဝ% လောက် သုံးစွဲပြီး အားပြန်လည်သွင်းယူမည်ဆိုပါက၊ ထိုကဲ့သို့
(၂)ကြိမ်၊ (၃)ကြိမ်လောက်ပြုလုပ် မိပါက battery ၏အား ၁ဝဝ% အပြည့် သုံးစွဲခွင့် မပြုတော့ဘဲ ၆ဝ% လောက်သုံးစွဲပြီးသည်နှင့် ကျန်သော ၄ဝ% အား သုံးစွဲခွင့် မပြုတော့ဘဲ Battery Lowဟူ၍ပြသနေမည်ဖြစ်ပါတယ်။ ဒါကြောင့် Battery ရဲ့ Performance ကို အပြည့် အဝသုံးစွဲနိုင်ရန် Battery ၏အားကို အကုန်သုံးစွဲပြီးမှ အားပြန်လည်သွင်းယူရမယ်လို့လမ်းညွှန်ထားပါတယ်။

(3) Li-Ion (Lithium-Ion)

ယနေ့ခေတ် Mobile Handset Model တိုင်းလိုလိုတွင် အသုံးပြုနေသော Battery အမျိုးအစားတစ်ခုဖြစ်ပြီး NiCd နှင့် NiMH Battery အမျိုးအစား များနေရာတွင် အပြည့်အဝနေရာယူသွားသော Battery အမျိုးအစား တစ်ခု ဖြစ်ပါတယ်။ ဒီနည်းပညာကိုသုံးစွဲဖို့အတွက် ပထမအဆိုပြုခဲ့သူကတော့ အင်္ဂလန်နိုင်ငံသားဘင်ဟမ်တမ် တက္ကသိုလ်မှာ ဓာတုဗေဒပညာရပ်ကို သင်ကြားနေတဲ့ဒေါက်တာ ဝှိုက်တင်ဂမ်ပဲဖြစ်ပါတယ်။ တဖြည်းဖြည်း အဆင့်မြှင့်တင်လာရင်းနဲ့ လတ်တလောစမတ်ဖုန်းတွေမှာ အပြည့်အဝ သုံးစွဲနိုင်တဲ့အဆင့်ကိုရောက်ခဲ့ပါပြီ။ Li-Ion Battery ၏အဓိကအားသာချက် ကတော့ NiMH နှင့် NiCd အမျိုးအစား Battery များထက်ပိုမိုပေါ့ပါးပြီး ပါးလွှာခြင်း၊ Standby Time နှင့် Talking Time ပိုမိုရှည်ကြာခြင်း၊ Memory Effect မရှိခြင်းတို့ဘဲဖြစ်ပါတယ်။

<Battery Charging Tech>

<OPPO VOOC>

မိုဘိုင်းဖုန်းတွေအတွက် အားသွင်းမှုအပိုင်းမှာ လုံခြုံစိတ်ချမှုက အရေးကြီး သလို အားသွင်းရတာမြန်ဆန်ဖို့လည်း လိုအပ်ပါတယ်။ ဒါကြောင့် OPPO စမတ်ဖုန်းတွေအတွက် VOOC နည်းပညာကို သုံးစွဲလာခဲ့ပါတယ်။ ၅မိနစ်ကြာ အားသွင်းလိုက်ရုံနဲ့ဆက်တိုက်ပြောဆိုမှု ၂ နာရီခံနိုင်ရည်စွမ်းအားရှိမှာဖြစ် ပါတယ်။ အားသွင်းတဲ့အချိန်မှာ ဖြစ်ပေါ်လာမယ့် မီးအားမတည်ငြိမ်မှုတွေကို ပါကာကွယ်ပေးမှာဖြစ်ပြီး၊ Layer 5 ခုနဲ့ကာကွယ်ပေး ထားမှာဖြစ်ပါ တယ်။ ၃ဝ မိနစ်ကြာအားသွင်းလိုက်မယ်ဆိုရင်တော့ ဖုန်းဘက်ထရီဟာ ၇၅% အခြေ အနေကို ရရှိစေမှာဖြစ်ပါ တယ်။ ဒါဟာလုပ်ငန်းကိစ္စနဲ့ ခရီးထွက်တဲ့သူတွေ အတွက် အဆင်ပြေစေမယ့် အားသွင်းမှုအခြေအနေပဲ ဖြစ်ပါတယ်။ ဘက်ထရီရဲ့ စွမ်းအားမှာ Li-Po 2320mAh ဖြစ်လျှင် ပုံမှန်အားဖြင့်ဆိုရင် တောင် Video Playback ကို ၆ နာရီနီးပါး ကြည့်ရှုနိုင်ပါလိမ့်မယ်။ MWC2016 မှာတုန်းက OPPO ကုမ္ပဏီဟာ သူ့ရဲ့ ၁၅ မိနစ်တည်းနဲ့ အားအပြည့်သွင်း နိုင်တဲ့ Super VOOC နည်းပညာကို မိတ်ဆက်ပြသခဲ့ပြီး ကုမ္ပဏီကထုတ်တဲ့ စမတ်ဖုန်းတွေမှာ ထည့်သွင်းပေးခဲ့ပါတယ်။

<Meizu MCharge>

မိုဘိုင်းဖုန်းနဲ့ပတ်သက်တဲ့နည်းပညာတွေစမတ်ဖုန်းတွေ၊ မိတ်ဆက်ပြသတဲ့ပွဲ မှာ Meizu အနေနဲ့မိနစ် ၂ဝ တည်း နဲ့ စမတ်ဖုန်းတစ်လုံးကို ၁ဝဝ ရာခိုင်နှုန်း အားပြန်သွင်းနိုင်မယ့် Super mCharge fast charging tech နည်းပညာ ကိုမိတ်ဆက် ပြသခဲ့ပါတယ်။ ပြသမှုမှာသုညရာခိုင်နှုန်းအခြေအနေကနေ ၁ဝဝ ရာခိုင်နှုန်းအထိ မြန်မြန်ဆန်ဆန်အားသွင်းမှုကို ပြသခဲ့ပြီး ၂ဝ မိနစ် မရှိတရှိအချိန်မှာပဲ အောင်အောင်မြင်မြင်ဖြစ်ခဲ့ပါတယ်။ Meizu ရဲ့ သုတေသန အဖွဲ့ဟာ အပူချိန်ဖာရင်ဟိုက် ၁ဝ၂ ဒီဂရီ (၃၉ ဒီဂရီဆဲယ်စီးယပ်စ်)အခြေအနေမှာ အားဖြည့်သွင်းနိုင်မှုမြန်ဆန်ကြောင်းတွေ့ရှိချက်တစ်ခုကို ရရှိခဲ့ပြီး အခုလိုနည်းပညာအသစ်ကို တီထွင်အောင်မြင်ခဲ့တာလို့ ဆိုပါတယ်။ လက်တွေ့စမ်းသပ်မှုတွေအရ 3000 mAh ရှိတဲ့ ဘက်ထရီတွေကိုစမ်းသပ် သုံးစွဲခဲ့တာဖြစ်ပါတယ်။

<Quick Charge 4.0>

Qualcomm ရဲ့ Quick Charge နည်းပညာဟာ မိနစ်ပိုင်းအတွင်းမှာ စမတ်ဖုန်း ကိုလျင်မြန်စွာအားသွင်းပေးနိုင်ပါတယ်။ Qualcomm ရဲ့လျင်မြန်စွာ အားသွင်းတဲ့ နည်းပညာဟာ ဈေးကွက်ထဲမှာဦးဆောင်နေပါတယ်။ အခုလည်း Qualcomm က Quick Charge 4.0 နည်းပညာကိုမိတ်ဆက်လိုက်ပါတယ်။ သူ့ရဲ့နည်းပညာက လက်ရှိ Quick Charge 3.0 နည်းပညာထက် ၂ဝ ရာခိုင်နှုန်း ပိုမိုမြန်ဆန်စွာ အားသွင်းပေးနိုင်ပြီး ၃ဝ ရာခိုင်နှုန်းပိုမိုစွမ်းရည် ပြည့်ဝပါတယ်။ Qualcomm ရဲ့ နောက်ထုတ်မယ့် Snapdragon 835 Mobile Chip မောင်းနှင်မယ့် စမတ်ဖုန်း များဟာ Quick Charge 4.0 နည်းပညာကို အထောက်အပံ့ပေးပါတယ်။ ၁၅ မိနစ်အားသွင်းလျှင် ဝ ကနေ ၅ဝ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။ (တစ်မိနစ်လျှင် ၃ .၃၃ ရာခိုင်နှုန်းဖြစ်ပါတယ်။) ၅မိနစ်အားသွင်းလျှင် ဘက်ထရီသက်တမ်း ၅ နာရီအသုံးခံပါတယ်။ (2750 mAh Battery ကိုအခြေခံတွက်ချက်တာဖြစ်ပါတယ်။) Quick Charge 3.0 ဟာ ၃၅ မိနစ် အတွင်းမှာ ၈ဝ ရာခိုင်နှုန်းသာ အားသွင်းပေးနိုင်ပါတယ်။ တစ်မိနစ် လျှင် ၂.၂၉ ရာခိုင်နှုန်းဖြစ်ပါတယ်။ ၁၅ မိနစ်အတွင်းမှာ ၃၄ ရာခိုင်နှုန်း အားဖြည့်ပေးနိုင်ပါတယ်။ Quick Charge 4.0 မှာအပူချိန်ထိန်းညှိခြင်း နည်းပညာကလည်း တိုးတက်ကောင်းမွန်လာပါတယ်။ အားသွင်းရာမှာလည်း ဘေးကင်း လုံခြုံမှုရှိစေတယ်လို့ Qualcomm ကပြောပါတယ်။ Quick Charge 4.0 နည်းပညာကို အသုံးပြုဖို့အတွက် Quick Charge Adapter များကို အသုံးပြုဖို့ လိုအပ်ပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com

0 comments:

Post a Comment