♪ " Lenovo မှ Flex 11 Chromebook အား ထုတ်လုပ် " ♫

No automatic alt text available.

Lenovo သည် Chromebook အသစ်တစ်ခုကို စတင်ပြသခဲ့ပြီး Flex 11 ဟု အမည်ပေးထားကာ 360 ဒီဂရီလှည့်ပတ်ချိုးခေါက်နိုင်သော ပတ္တာများပါရှိကြောင်း သိရသည်။ ထို့ကြောင့် Flex 11 အား laptop ပုံစံသာမက ထောက်ထားနိုင်သလို tablet ပုံစံအဖြစ်လည်း ပြောင်းလဲသုံးစွဲနိုင်မည်ဖြစ်သည်။

Touchscreen ပါဝင်သဖြင့် tablet အဖြစ် အဆင်ပြေပြေသုံးနိုင်ပြီး 1366 x 768 resolution ရှိကာ 11.6” အရွယ်ရှိ screen ပါဝင်သည်။ Flex 11 တွင် 2.1 GHz မြန်နှုန်းရှိ quad-core ARM processor ကိုသုံးစွဲထားပြီး 4 GB RAM နှင့် ထောက်ပံ့ပေးထားကာ storage 32 GB ပါဝင်ခဲ့သည်။ Connectivity အနေဖြင့် WiFi , USB Type –C , USB 3.0 , HDMI , SD card reader စသည်တို့ပါဝင်ခဲ့သည်။

720 p HD webcam လည်းပါဝင်ပြီး Flex 11 တွင် ၁၀ နာရီအသုံးခံသော ဘက်ထရီပါဝင်ကြောင်း Lenovo မှ ကြေညာထားသည်။ 1.35 kg လေး၍ 75 cm အမြင့်မှ ပြုတ်ကျခြင်းကို ခံနိုင်ရည်ရှိအောင် တည်ဆောက်ထားခဲ့သည်။ ထို့ကြောင့် ကလေးငယ်များ သုံးစွဲပါကလည်း စိတ်ပူစရာမရှိတော့ပေ။

ထို့အပြင် နောက်ထပ်ကာကွယ်မှုတစ်ခုပါဝင်ခဲ့ပြီး ကီးဘုတ်မှာ မတော်တဆ ရေဖိတ်စင်ကျမှုအား ခံနိုင်ရည်ရှိပြီး ရေပမာဏမှာ 330 ml ဖြစ်ကြောင်း သိရသည်။ အဆိုပါ device သည် မကြာမီကာလအတွင်း Google Play Store နှင့်လည်း ချိတ်ဆက်နိုင်မည်ဖြစ်ကာ US တွင် ဧပြီလထဲ၌ $ 279 ဖြင့် စတင်ရောင်းချမည်ဟု သိရသည်။ 



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com

0 comments:

Post a Comment