♪ “စီးပွားရေးလုပ်ငန်းသုံး Facebook ကို မကြာမီ အခမဲ့ အသုံးပြုခွင့်ပေးမည်” ♫

Image may contain: 1 person, smiling, phone

Facebook က ယခင်နှစ် အောက်တိုဘာလမှာ Slack လို အလုပ်များ ပူးပေါင်း လုပ်ဆောင်နိုင်မယ့် စီးပွားရေးလုပ်ငန်းသုံး Tool ကို ယှဉ်ပြိုင်နိုင်မယ့် Workplace ကို မိတ်ဆက်ခဲ့ပါတယ်။ အခုတော့ ကုမ္ပဏီများ ဒီထက်ပိုပြီး သူတို့ရဲ့ ၀န်ဆောင်မှုကို အသုံးပြုလာကြဖို့အတွက် Workplace ရဲ့ အခမဲ့ ဗားရှင်းကို တီထွင်နေတယ်လို့ Facebook က CNBC ကို ပြောပါတယ်။

ခမဲ့ ဗားရှင်းကို Workplace Standard လို့ အမည်ပေးထားပြီး အခပေးဗားရှင်းကို Workplace Premium လို့ ခေါ်ဆိုစေမှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အခပေးဗားရှင်းကို ပထမဆုံး လူ ၁၀၀၀ အတွက် User တစ်ဦးလျှင် တစ်လကို ၃ ဒေါ်လာ သတ်မှတ်ထားပြီး User ၁၀၀၀ နဲ့ ၁၀၀၀၀ အတွင်းမှာဆိုရင် ၂ ဒေါ်လာနဲ့ ၁၀၀၀၀ အထက်ဆိုရင် ၁ ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။

Facebook ရဲ့ ထုတ်ကုန် မန်နေဂျာ ဖြစ်သူ Simon Cross က “ ကျွန်တော်တို့ ကုမ္ပဏီများစွာအတွက် Workplace ကို ပိုမိုတွင်ကျယ်စွာ ဖန်တီးပေးချင်ပါ တယ်။ ဒါဟာ ကျွန်တော်တို့အတွက် ကြီးမားတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်ပါတယ်။” လို့ ပြောပါတယ်။ Workplace ရဲ့ Interface ဟာ ပင်မ Facebook နဲ့ ဆင်တူ ပြီး Groups, Post များ ဖန်တီးခြင်း၊ လူများအား Tag ပြုလုပ်ခြင်း၊ ဖိုင်များ မျှဝေခြင်းနဲ့ ကုမ္ပဏီအတွင်းမှ လူများ Chat ပြုလုပ်နိုင်ခြင်း စတဲ့ စွမ်းဆောင် ချက်များ ပါရှိပါတယ်။


Messenger ကို မွမ်းမံထားတဲ့ Work Chat ကနေ Messaging, Video Call, Group Audio Call များကို ပြုလုပ်နိုင်ပါတယ်။ Workplace Standard ကို ဖြန့်ချိမယ့် အချိန်ကို ကုမ္ပဏီက မပြောသေးပါဘူး။



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com

0 comments:

Post a Comment