♪ “Xiaomi Mi Max 2 လာမည်” ♫

Image may contain: phone

Xiaomi က မကြာခင်က Mi Pad 3 ကို မိတ်ဆက်ခဲ့ပြီး ဒီလထဲမှာပဲ စွမ်းဆောင်ရည်မြင့် Mi 6 ကို မိတ်ဆက်မယ်လို့ အတည်ပြုထားပြီးပါပြီ။ အဲဒီအတွက် Mi Mix နဲ့ Mi Max Model အသစ်များကို မိတ်ဆက်ဖို့သာ ရှိပါ တော့တယ်။ အခုတော့ Mi Max 2 ရဲ့ သတင်းအချက်အလက်များကို GFXBench မှာ တွေ့ရှိခဲ့ပါပြီ။

လျှို့ဝှက် အမည် Xiaomi Oxygen လို့ အမည်ပေးထားတဲ့ Mi Max 2 မှာ ၆.၄ လက်မ Full HD Display တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ Adreno 506 GPU ကို အသုံးပြုထားပါတယ်။ ယခင်ထွက်ပေါ်ခဲ့ဖူးတဲ့ သတင်းများမှာလိုပဲ Qualcomm Snapdragon 660 Chipset မောင်းနှင်မှာ ဖြစ်ပါတယ်။

Xiaomi Mi Max 2 မှာ 4GB RAM, 128GB Internal Storage ထည့်သွင်း ထားမယ်လို့ သိရပါတယ်။ အနောက်ဘက်မှာ 12MP Camera နဲ့ 5MP Camera ၂ လုံး တပ်ဆင်ထားပါတယ်။ အနောက်ဘက် ကင်မရာက 4K Video များကို ရိုက်ကူးပေးနိုင်ပါတယ်။ Selfie Camera က 2592x1944 Pixels Photo များကို ရိုက်ကူးပေးနိုင်ပါတယ်။ NFC ဆက်သွယ်မှု ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ 





Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com

0 comments:

Post a Comment