HTC က စွမ်းဆောင်ရည်မြင့် စမတ်ဖုန်း အသစ်တစ်လုံးကို မိတ်ဆက်ဖို့အတွက်
မီဒီယာများအား ဖိတ်စာများ ဝေငှထားပြီးပါပြီ။ အဲဒီ စမတ်ဖုန်းကို HTC U 11
လို့ အမည်ပေးထားမှာ ဖြစ်ပြီး ထူးခြားတာက Display ရဲ့ ထောင့်စွန်းများဟာ
ဖိအားကို အာရုံခံနိုင်ပါတယ်။ Edge Sense Feature ဟာ ဖိအားအလိုက် အလုပ်များ
ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။
HTC က အဲဒီ စမတ်ဖုန်းအတွက် Teaser Video တစ်ခုကို ဖန်တီးပေးထားပြီး Edge Sense ရဲ့ အလုပ်လုပ်ပုံကို ပြသထားပါတယ်။ ဗီဒီယိုမှာ စမတ်ဖုန်းရဲ့ အမည်ကို ပြသထားခြင်း မရှိဘဲ အဆုံးနားမှာ HTC Logo ကိုသာ ဖော်ပြထားပါတယ်။ စက်တင်ဘာလတုန်းကလည်း HTC U 11 ရဲ့ ဗီဒီယိုတစ်ခု ပေါက်ကြားထွက်ပေါ်ခဲ့ပြီး အဲဒီ ဗီဒီယိုမှာလည်း Edge Sense ရဲ့ အလုပ်လုပ်ပုံကို တွေ့မြင်ခဲ့ကြရပါတယ်။
ပေါက်ကြားထွက်ပေါ်နေတဲ့ သတင်းများအရ HTC U 11 မှာ Qualcomm Snapdragon 835 Chipset မောင်းနှင်မှာ ဖြစ်ပါတယ်။ ၅.၅ လက်မ QHD Display တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ အနောက်ဘက်မှာ 12 Megapixel Camera နဲ့ အရှေ့ဘက်မှာ 16 Megapixel Selfie Camera တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ Storage အပိုင်းမှာတော့ 64GB နဲ့ 128GB Model များကို ရွေးချယ်နိုင်ပါတယ်။ Android 7.1 Nougat မောင်းနှင်မှာ ဖြစ်ပါတယ်။ HTC က U 11 ကို မေလ ၁၆ ရက်နေ့မှာ ထိုင်ပေတွင် မိတ်ဆက်မှာ ဖြစ်ပါတယ်။

Credit to ==> DigitalTimes.com.mm
0 comments:
Post a Comment