♪ “အကောင်းဆုံး micro SD ကတ်များ” ♫

Image may contain: phone and text

မလွှဲသာမရှောင်သာ စမတ်ဖုန်းတို့ တက်ဘလက်တို့ သုံးလာရပြီဆိုရင် storage card က လိုလာပါပြီ။ ကျွန်တော်တို့က ဖုန်းဆက်ရုံလောက်အဆင့်မှာ ရပ်မနေဘဲ ဓာတ်ပုံတွေ တဖြောင်းဖြောင်းရိုက်၊ သီချင်းတွေ တပြွတ်ပြွတ်သွတ် မှတော့ ဖုန်းတို့ တက်ဘလက်တို့ထဲက internal storage လည်းမခံနိုင်ဘူး။ ဒီနေ့ခေတ် အလတ်တန်းစား စမတ်ဖုန်းတစ်လုံးမှာ Storage 8 GB ဟာ စံလိုဖြစ်လာတယ်။ OS အရွယ်အစားတွေကလည်း version မြင့်လေကြီးလေ ပဲ။ ဒီကြားထဲဖုန်းထုတ်တဲ့ ကုမ္ပဏီက သူထည့်ချင်ရာ app တွေ တွဲထည့်ဦး မယ်ဆိုရင် ကုမ္ပဏီထုတ် OS ဟာ အရွယ်အစား 6 GB နီးပါးရှိလာပါတယ်။ Android မှာဆိုရင် မူရင်း storage 8 GB ထည့်ပေးထားတဲ့ စမတ်ဖုန်းဟာ ဆိုင်ကနေ ဘာညာသာရကာတချို့ထည့်ပြီးရင် နေရာလွတ် 1.5 GB ၀န်းကျင် ပဲကျန်ပါမယ်။

Micro SD ထပ်မထည့်ဘဲ ပေသုံးလို့မရဘူးလား။ ရပါတယ်။ ဓာတ်ပုံ တစ်လ လေးငါးပုံထက် ပိုမရိုက်နဲ့။ သီချင်းတွေ မထည့်နဲ့။ အင်တာနက်ကနေ download မချနဲ့။ လူအတော်များများက ဒီစည်းမျဉ်းကို မလိုက်နာနိုင်ဘူး။ ဒီတော့ Micro SD ထည့်လို့ရရင်ထည့်ပေါ့။ Micro SD Slot သီးခြားပါတာပဲ ကျွန်တော်ကြိုက်တယ်။ SIM Slot နဲ့ Share လုပ် ရတာမကြိုက်ပါဘူး။ SIM နှစ်ခုသုံးခွင့် ဆုံးရှုံးသွားလို့ပါ။ Micro SD ကတ်တွေက Class 2/4/6 နဲ့ 10 ဆိုပြီး ရှိပါတယ်။ တစ်စက္ကန့်မှာ Write လုပ်နိုင်တဲ့ MB ပမာဏပေါ်မူတည်ပြီး Class ခွဲထားတာပါ။ တစ်စက္ကန့်မှာ 4 MB write လုပ်နိုင်ရင် class 4 ပေါ့။ မြန်မာပြည်မှာ အ၀င်များတာက Class 4 နဲ့ Class 10 ဖြစ်ပါတယ်။Class 10 ထဲမှာလည်း အတန်းအစားသုံးမျိုး ထပ်ခွဲပါတယ်။ သူတို့ သုံးမျိုးမှာ Write speed မတူပါဘူး။ U နဲ့ U1 က 10 Mbps နှုန်းနဲ့ Write လုပ်နိုင်ပါတယ်။ U3 က Write speed အမြင့်ဆုံးဖြစ်ပြီး 30 MBPS အမြန်နှုန်းအထိ ရပါတယ်။ အခုနောက်ဆုံးထွက်ထားတဲ့ Ultra High Speed (UHS) ကတ်တွေကတော့ Write speed အရမ်းကိုမြင့် သွားပါပြီ။ UHS1 ကတ်တွေက 104 MBPS အမြန်နှုန်းနဲ့ Write လုပ်နိုင်တယ်။ UHS 2 ကတ်က 312 MBPS အမြန်နှုန်း ထိရပါတယ်။ ရှားပါးနေသေးတဲ့ UHS 3 ကတ်တွေက 642 MBPS အထိ ရပါတယ်။ DSLR ကင်မရာမှာရော အမြင့်တန်း စမတ်ဖုန်းတွေပါ 20 MP အထက် ဓာတ်ပုံတွေနဲ့ 4K ဗီဒီယိုတွေ ရိုက်လာလို့ UHS ကတ်တွေ သုံးလာရ တာဖြစ်ပါတယ်။

4K ဗီဒီယိုရိုက်တဲ့အခါ ချောချောမွေ့မွေ့ record လုပ်နိုင်ဖို့အတွက် Write speed က အတော်လေးအရေးပါပါတယ်။ ဒါပေမယ့် Write speed သိပ်မြင့်တဲ့ micro SD ကတ်လောက် သုံးဖို့တော့မလိုသေးပါဘူး။ U1 ကတ်လောက်သုံးရင် လုံလောက် ပါတယ်။ ကျွန်တော်တို့ စံနဲ့ဆို SDXC လောက်ဟာအတော်ပါ။ ဒါကြောင့် အသစ်ထွက်တယ်ဆိုတိုင်း၊ speed မြင့်တယ်ဆိုတိုင်း ၀ယ်သုံးဖို့ မလိုပါဘူး။ ပိုက်ဆံဖြုန်းရာကျပါတယ်။ micro SD တွေက အခုနောက်ပိုင်းမှာ ဖုန်းနဲ့တက်ဘလက် သီးသန့်သုံးဆိုရင် SD adapter မပါတော့ဘူး။ စွယ်စုံ သုံးနိုင်အောင်ဆိုရင် SD adapter အကြီးပါတဲ့ဟာမျိုးကို ၀ယ်စေချင်ပါတယ်။ မြန်မာပြည်မှာ micro SD ကတ်တွေ အမျိုးအစားအတော်များများဝင်ပါတယ်။ Sandisk ကတော့ ကျွန်တော်အကြိုက်ဆုံးပါ။ ဒါပေမယ့် ကမ္ဘာ့ ပညာရှင်တွေ သတ်မှတ်တဲ့ အကောင်းဆုံး micro SD ကတ်တွေက ဒီလိုခင်ဗျ။

<Samsung Pro +>

အကောင်းဆုံးအဆင့်မှာရှိနေပြီး ဈေးလည်းအတော်ကြီးပါတယ်။ 32 GB ကတ်တစ်ခုဟာ ဒေါ်လာလေးဆယ်ကျော်ရှိပါ တယ်။ ဈေးလည်းကြီးပေမပေါ့။ UHS 1 ကတ်ပေကိုး။ 4K ဗီဒီယိုဆရာတွေအတွက် အသင့်တော်ဆုံးပါ။ reading speed 18 MBPS ရှိပြီး Writing speed 75.5 MBPS ရှိပါတယ်။ Random read / write မှာ အကောင်းဆုံးအဆင့်ရပါတယ်။ စမတ်ဖုန်း၊ တက်ဘလက်နဲ့ Laptop ကွန်ပျူတာတွေမှာသုံးဖို့ သင့်တော်ပါတယ်။ စမတ်ဖုန်းရဲ့ 4K ဗီဒီယိုအတွက်ဆိုရင် ဒီကတ်က အကောင်းလွန်နေပါတယ်။ စမတ်ဖုန်းနဲ့ရိုက်တဲ့ 4K ဗီဒီယိုက bit rate နိမ့်တယ်။ ဒီလောက် Write မှာ Speed မြန်တဲ့ micro SD မလိုပါဘူး။ 1080 p နဲ့ Full HD ဗီဒီယိုရိုက်တဲ့ ကင်မရာကြီးတချို့အတွက် လိုကောင်းလိုနိုင်ပါတယ်။ တစ်သက်တာ အာမခံရမှာ မဟုတ်ဘဲ ဆယ်နှစ်အာမခံပဲရပါမယ်။

<Lexar 633X>

Samsung Pro + ထက် အတော်လေးဈေးသက်သာပါတယ်။ 32 GB ကတ် ဟာ (၁၈) ဒေါ်လာကျော်ပဲရှိပါတယ်။ U1 ကတ်ဖြစ်ပေမယ့် အမြင့်ဆုံး Write Speed ဟာ Samsung U3 ကတ်နဲ့ အတူတူရပါတယ်။ Sequential read 78.1 MBPS ပဲရပြီး Sequetial Write Speed 42-7 MBPS ပဲရလို့ ဒုတိယနေရာမှာ နေခဲ့ရတာပါ။ ဒါပေမယ့် 4K ဗီဒီယို ရိုက်ကူးရေး မှာသုံးဖို့တော့ လုံလောက် နေပါသေးတယ်။ Gopro က ထုတ်တဲ့နာမည်ကြီး အမြန်ရိုက် ကင်မရာ တွေဖြစ်တဲ့ Hero 4 နဲ့ Hero 5 ကင်မရာတွေမှာသုံးနိုင်တယ်လို့ Gopro က ထောက်ခံချက်ပေးထားပါတယ်။

တက်ဘလက်၊ စမတ်ဖုန်းနဲ့ Laptop ကွန်ပျူတာတွေမှာ သုံးဖို့လည်း သင့်တော် ပါတယ်။ ပုံမှန် read speed မှာ Samsung ကတ်တွေထက်သာပေမယ့် Write speed မှာ နည်းနည်းနှေးပါတယ်။ ဈေးနှုန်းနဲ့ စွမ်းဆောင်ရည်ကိုတွဲပြီး စဉ်းစား မယ်ဆိုရင်တော့ အတော်လေးဝယ်ပျော်တဲ့ကတ်ပါ။ Full size SD ကတ်အဖြစ် သုံးနိုင်မယ့် adapter ပါပါတယ်။ USB 3.0 နဲ့ သုံးနိုင်မယ့် adapter ဖြစ်လို့ တန်ဖိုးရှိပါတယ်။ စမတ်ဖုန်းထဲကဓာတ်ပုံတွေကို PC ထဲလွှဲပို့မယ်ဆိုရင် မြန်ဆန်ပါလိမ့်မယ်။

<Lexar 1000 X>

ဒုတိယနေရာမှာရှိတဲ့ Lexar 633X ထက် ပိုပြီးဈေးကြီးပါတယ်။ ပထမနေရာ မှာရှိတဲ့ Samsung Pro + ထက် ဈေး နည်းနည်းပဲ သက်သာပါတယ်။ အလုပ် လုပ်ရာမှာ ပိုပြီးမြန်ဆန်တယ်ဆိုတဲ့ UHS-11 bus ကို သုံးထားပါတယ်။ ဒါပေမယ့် ကိုယ့် device က Support လုပ်ဖို့ လိုပါတယ်။ U 3 ကတ်အမျိုး အစားဖြစ်ပေမယ့် အလုပ်လုပ်ပုံနှေးပါတယ်။ Sequential Write speed 54 MBPS ရပေမယ့် random write speed က 1.35 MBPS ပဲရှိပါတယ်။ Sequential read မှာ အတော်လေးမြန်တယ်။150 MBPS အထိရှိပါတယ်။ HD အဆင့် ဗီဒီယိုတွေ MP အမြင့်ဓာတ်ပုံတွေ ရိုက်တယ်ဆိုရင်တော့ သုံးပျော်တဲ့ ကတ်တစ်ခုပါ။ Full size SD အနေနဲ့သုံးနိုင်ဖို့ USB 3.0 adapter ပါပါတယ်။ USB 3.0 ကြောင့် 9.33 GB ရှိတဲ့ ဗီဒီယိုဖိုင်တွေကို လွှဲပြောင်းရာမှာ ၇၀ စက္ကန့် ပဲကြာပါတယ်။ စက္ကန့် ၁၅၀ ကြာတဲ့ Samsung Pro + ထက် ပိုမြန်ပါတယ်။

<Samsung EVO +>

ဝယ်ပျော်အောင် ဈေးအသက်သာဆုံးလုပ်ပေးထားတယ်။ 32 GB ကတ်တစ်ခု ဟာ ၁၅ ဒေါ်လာကျော်ပဲကျပါတယ်။ Class 10 ကတ်ပါ။ Speed အနေနဲ့ ပြောရင် U 1 အဆင့်ပါ။ ဖုန်းနဲ့တက်ဘလက်မှာသုံးဖို့လောက်တော့ လုံလောက်ပါတယ်။ အမြင့်ဆုံး read speed 81 MBPS ဖြစ်ပြီး အမြင့်ဆုံး Write speed 35 MBPS ဖြစ်ပါတယ်။ 4K ဗီဒီယိုတွေ အတွက် Random read speed 7.9 MBPS ဖြစ်ပြီး Random write speed 2 MBPS ဖြစ်ပါတယ်။ U1 ကတ်အတော်များများထက် လက်ခံနိုင်တဲ့ အခြေအနေရှိပါတယ်။ ရေစိုဒဏ် ခံတယ်၊ အပူချိန် (-85°C) ကနေ (58°C) ကြားမှာ အလုပ်လုပ်နိုင်တယ်။ ဓာတ်ရောင်ခြည်ဒဏ် ခံနိုင်တယ် ဆိုတာကို သုံးစွဲသူတွေ သဘောကျမှာပါ။ Bit rate မြင့်တဲ့ 4K ဗီဒီယိုမရိုက်သရွေ့ အဆင်ပြေမယ့်ကတ်ပါ။



နောင်စိုး (ထားဝယ်)

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com

0 comments:

Post a Comment