♪ တရုတ်စမတ်ဖုန်းဈေးကွက်ရဲ့ ထိပ်ဆုံးနေရာကို ပြန်လည်ရယူနိုင်ခဲ့တဲ့ Huawei ♫


P10 နဲ့ P10 Plus ကို ဖြန့်ချိခဲ့ပြီးတဲ့နောက် Huawei ဟာ တရုတ်စမတ်ဖုန်းဈေးကွက်ရဲ့ ထိပ်ဆုံးနေရာကို ပြန်လည်ရရှိခဲ့ပါတယ်။ Canalys သုတေသနအဖွဲ့ရဲ့အဆိုအရ Huawei အနေနဲ့ ၂၀၁၇ ပထမသုံးလပတ်အတွင်း စမတ်ဖုန်း ၂၁ သန်း ရောင်းချခဲ့ပြီး ဈေးကွက်ရှယ်ယာ ၁၈ ရာခိုင်နှုန်းကို ရရှိခဲ့တယ်လို့ သိရပါတယ်။

Huawei ဟာ တရုတ်စမတ်ဖုန်းဈေးကွက်ရဲ့ ထိပ်ဆုံးနေရာကို ပြီးခဲ့တဲ့သုံးလပတ်နှစ်ခုအတွင်း နံပါတ်တစ်နေရာမှာရပ်တည်ခဲ့တဲ့ ပြိုင်ဘက် Oppo ဆီကနေ ပြန်လည်ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ Oppo ကတော့ ၂၀၁၇ ပထမသုံးလပတ်မှာ ဒုတိယနေရာကို ရောက်ရှိသွားခဲ့ပါတယ်။ ဒါပေမဲ့ စမတ်ဖုန်းရောင်းချမှုက Huawei နဲ့ သိပ်ကွာဟမှုမရှိဘဲ သန်း ၂၀ အောက် ရောင်းချခဲ့ရတယ်လို့ ဆိုပါတယ်။ တတိယနေရာက Vivo ကတော့ စမတ်ဖုန်း ၁၇ သန်း ရောင်းချခဲ့ရပါတယ်။ ဒီထိပ်တန်းကုမ္ပဏီသုံးခုဟာ ပထမသုံးလပတ်အတွင်း တရုတ်နိုင်ငံအတွင်း စမတ်ဖုန်းတင်ပို့ရောင်းချမှုရဲ့ ၅၀ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်ထားတယ်လို့ Canalys က ပြောကြားခဲ့ပါတယ်။

၂၀၁၇ ပထမသုံးလပတ်မှာ တရုတ်နိုင်ငံအတွင်း တင်ပို့ရောင်းချခဲ့တဲ့ စမတ်ဖုန်းစုစုပေါင်းအရေအတွက် ၁၁၄ သန်း ရှိခဲ့ပြီး လွန်ခဲ့တဲ့တစ်နှစ် အလားတူကာလထက် ၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း တရုတ်နိုင်ငံရဲ့ဈေးကွက်ကို ကြီးစိုးခဲ့တဲ့ Xiaomi ကတော့ ၉ သန်းကျော်သာ ရောင်းချခဲ့ရပြီး Apple ရဲ့နောက် ပဉ္စမနေရာကို ရောက်ရှိသွားခဲ့တယ်လို့ သိရပါတယ်။



Credit to ==> Internet Journal





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com

0 comments:

Post a Comment