♪ " ဖုန်းအသုံးများလို့ Tumor ဖြစ်တယ်လို့ တရားရုံး ဆုံးဖြတ် " ♫

Image may contain: phone

အီတလီတရားရုံးတစ်ခုက ဖုန်းအသုံးများလို့ Tumor ဖြစ်တယ်လို့ သတ်မှတ်ပြီး ဝေဒနာရှင်အား အာမခံကုမ္ပဏီက လျော်ကြေးပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ Roberto Romeo အမည်ရ အမျိုးသားဟာ Telecom Italia မှာ အလုပ်လုပ်နေတာ နှစ်များစွာ ကြာပြီဖြစ်ပြီး အလုပ်ကြောင့် ဖုန်းအသုံးပြုမှု များပြားတဲ့အတွက် ဦးနှောက်မှာ အကြိတ်ဖြစ်ခဲ့ပါတယ်။ The National Institute of Insurance Against Accidents at Work က Romeo အား တစ်လလျှင် ၅၃၅ ဒေါ်လာ ပေးဆောင်ရမှာ ဖြစ်ပါတယ်။

အသက် ၅၇ နှစ်အရွယ် Romeo ဟာ ၁၅ နှစ်ကြာ တစ်နေ့လျှင် ၃ နာရီကနေ ၄ နာရီအထိ အလုပ်မှာ ဖုန်းအသုံးပြုခဲ့ရပါတယ်။ ဆရာဝန်များက သူ့ရဲ့ အကြားအာရုံကြောတစ်ခုကို ဖြတ်တောက်ခဲ့ရတာကြောင့် သူဟာ နားတစ်ဖက် မကြားရတော့ပါဘူး။ သူ့ရဲ့ရှေ့နေဖြစ်သူ Stefano Berton က ဖုန်းအသုံးပြုမှုနဲ့ ဦးနှောက်အကြိတ် ဆက်စပ်နေတယ်ဆိုတဲ့ တရားရုံး ဆုံးဖြတ်ချက်ဟာ သူသိသလောက် ကမ္ဘာမှာ ပထမဆုံးဖြစ်တယ်လို့ ပြောပါတယ်။ ဆေးပညာလောကမှာ ဖုန်းအသုံးပြုမှုနဲ့ အကြိတ်ဖြစ်မှု ဆက်စပ်နေတယ်ဆိုတဲ့ အယူအဆဟာ အငြင်းပွားဖွယ်ရာ များစွာရှိနေပါတယ်။ ပညာရှင်များက ဖုန်းအသုံးပြုမှုဟာ လူရဲ့ကျန်းမာရေးကို ထိခိုက်စေသလားဆိုတာကို နှစ်ပေါင်းများစွာ လေ့လာနေကြပြီး ရလဒ်များဟာလည်း ပညာရှင်များအကြားမှာ ငြင်းခုန်မှုများစွာ ရှိနေဆဲ ဖြစ်ပါတယ်။ 



အီတလီတရားရုံး ဆုံးဖြတ်ချက်ကတော့ ဆရာဝန်တစ်ယောက်ကို အခြေပြုထားတာ ဖြစ်ပါတယ်။ အမေရိကန် ကင်ဆာအဖွဲ့အစည်းက ရေဒီယိုလှိုင်းများဟာ ကင်ဆာအချို့နဲ့ ဆက်စပ်နေတယ်လို့ ပြောထားပါတယ်။ ဒါပေမဲ့ သက်သေအထောက်အထားများကတော့ အားနည်းနေတဲ့အတွက် အတည်ပြုလို့ မရသေးပါဘူး။



Mobile Guide Journal (Every Monday)
www.facebook.com/officialmobileguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com

0 comments:

Post a Comment