♪ ဘာသာစကား ၈၀ ကျော်ကို Translate လုပ်ပေးမယ့် Travis ♫

https://i2.wp.com/digitaltimes.com.mm/wp-content/uploads/2017/04/product_present_01.0.jpg?fit=800%2C450&ssl=1

Travis ဟာ လက်ကိုင် ဘာသာပြန် ကိရိယာဖြစ်ပြီး ဘာသာစကား ၈၀ ကျော်ကို ဘာသာပြန်ပေးနိုင်ပါတယ်။ SIM Card သို့မဟုတ် ၀ိုင်ဖိုင် ဆက်သွယ်မှု မရှိရင်တော့ Offline Mode ဖြင့် ဘာသာစကား ၂၀ ကို ဘာသာပြန်ပေးနိုင်ပါတယ်။

Travis မှာ User Interface ပါရှိပြီး အသုံးပြုချင်တဲ့ ဘာသာစကားများကို ရွေးချယ်နိုင်ပါတယ်။ သူက ပတ်ဝန်းကျင်မှာ ပြောနေတဲ့ ဘာသာစကားများကိုလည်း ခွဲခြားသိရှိနိုင်ပါတယ်။ Travis ရဲ့ နမူနာ ပုံစံဟာ လက်ရှိမှာ တက်ဘလက်ထက်တောင် ကြီးမားနေပါတယ်။ လက်ကိုင်အရွယ် မော်ဒယ်ကို နောက်ပိုင်းမှာ ဖန်တီးရောင်းချမှာ ဖြစ်ပါတယ်။

Travis ကို ထုတ်လုပ်ရောင်းချဖို့ Indiegogo ၀က်ဆိုက်မှာ ရန်ပုံငွေ ကောက်ခံနေပါတယ်။ တီထွင်သူများက ရည်မှန်းထားတဲ့ ရန်ပုံငွေ ဒေါ်လာ ၈၀ ၀၀၀ ထက် ကျော်လွန်ရရှိနေပြီ ဖြစ်ပါတယ်။ တီထွင်သူများက မကြာခင်မှာ အကန့်အသတ်ဖြင့် ထုတ်လုပ်ရောင်းချမှာ ဖြစ်ပါတယ်။ မေ သို့မဟုတ် ဇွန်လမှာ အများအပြား ရောင်းချပေးမှာ ဖြစ်ပါတယ်။ Indiegogo ၀က်ဆိုက်မှာ ရန်ပုံငွေ ထည့်ဝင်ထားသူများအား ဇူလိုင်လမှာ Travis ကို ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ မြေပြင်အရောင်းဆိုင်များမှာ ဆောင်းရာသီတွင် ရောင်းချမှာ ဖြစ်ပါတယ်။




Credit to ==> DigitalTimes.com.mm





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com

0 comments:

Post a Comment