♪ " Xiaomi မှ Mi 6 Plus အား ဆက်လက်ထုတ်လုပ်ရန်ရှိဟု သတင်းများထွက်ပေါ် " ♫

Image may contain: phone and text

Xiaomi သည် မကြာမီကမှ ထိပ်တန်းစမတ်ဖုန်းဖြစ်သော Mi 6 အား ထုတ်လုပ်ပေးခဲ့ပြီး အဆင့်မြင့်စမတ်ဖုန်းတစ်လုံးဖြစ်ကာ Snapdragon 835 chipset, RAM 6 GB, dual 12 MP ကင်မရာတို့ဖြင့် အထင်ကြီးစရာဖြစ်ခဲ့သည်။ သို့သော် display မှ 5.15” သာဖြစ်သဖြင့် phablet နှစ်သက်သူများကိုမူ ဆွဲဆောင်နိုင်ခြင်း မရှိခဲ့ချေ။

ထို့ကြောင့် phablet ပရိသတ်များမှာ Mi 6 Plus အား ဆက်လက်စောင့်မျှော်လျက် ရှိကြသည်။ အစောပိုင်း သတင်းများကဲ့သို့ Mi 6 Plus မှာ Mi 6 နှင့် အတူတူ ထွက်လာခဲ့ခြင်းမရှိခဲ့ချေ။ မည်သို့ဖြစ်စေ Xiaomi မှာ Mi 6 Plus ကိုလည်း ထုတ်လုပ်ရန်စီစဉ်လျက်ရှိပြီး 3C Certification စာရင်းတွင် MDE 40 model အဖြစ် ပါဝင်လာခဲ့ကြောင်း တွေ့ရသည်ဟု ဆိုကြသည်။ တရုတ်မှ ခန့်မှန်းမှုများအရ Mi 6 Plus ကို လာမည့်နှစ်လ အတွင်း မြင်ကြရမည်ဟု ဆိုသည်။

Specs အရမူ လက်ရှိကာလတွင် များစွာသိရှိရခြင်းမရှိသော်လည်း 5.7” full HD display အား Snapdragon 835 chip, RAM 6 GB နှင့် 64 (သို့) 128 GB storage တို့ဖြင့်သာ ပွဲထုတ်လာနိုင်ကြောင်း ယူဆရသည်။ Dual 12 MP ကင်မရာပုံစံမှာလည်း ဆက်လက်ပါဝင်လာမည်ဟု ယူဆနိုင်သည်။ ထို့အပြင် ဘက်ထရီကိုလည်း 4500 mAh ထိ တိုးမြှင့်ပါဝင်လာမည်ဟု ဆိုသည်။ Xiaomi ပရိသတ်များမှာ Mi 6 Plus အပြင် Mi Max 2 နှင့် Mi Mix 2 တို့ကိုလည်း စောင့်မျှော်လျက်ရှိကြကြောင်း သိရှိရသည်။ 


NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com

0 comments:

Post a Comment