မကြာသေးခင်ကမှ ထွက်ရှိထားတဲ့ Samsung ရဲ့ နောက်ဆုံးပေါ် Flagship
စမတ်ဖုန်းဖြစ်တဲ့ Galaxy S8 နဲ့ S8+ ဟာ Qualcomm Snapdragon 835 နဲ့ 4GB
RAM တို့ကို အသုံးပြုထားတဲ့အတွက် ပေါ့ပါးမြန်ဆန်ကာ
စွမ်းဆောင်ရည်မြင့်မားတဲ့ စမတ်ဖုန်းတွေအဖြစ် ရပ်တည်လျက်ရှိနေပါတယ်။
လက်ရှိ Android စမတ်ဖုန်းတွေထဲမှာ ရေပန်းအစားဆုံးဖြစ်နေတဲ့ Galaxy S8+ ရဲ့ ပေါ့ပါးမြန်ဆန်မှုကို Apple ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ iPhone 7 Plus (RAM 3GB) ရဲ့ အမြန်နှုန်းနဲ့ နှိုင်းယှဉ်ကြည့်ရင် ဘယ်သူ ပိုသာမယ်ထင်ပါသလဲ ??? ခန့်မှန်းပြီးပြီ ဆိုရင်တော့ သင့်ရဲ့ အဖြေမှန်၊ မမှန် မကြာခင်သိရတော့မှာပါ။
လက်ရှိဈေးကွက်အတွင်းက စမတ်ဖုန်းတွေနဲ့ ပတ်သတ်ပြီး စမ်းသပ်ချက်၊ နှိုင်းယှဉ်ချက် ဗီဒီိယိုတွေကို ရိုက်ကူး တင်ဆက်လေ့ရှိတဲ့ Phonebuff YouTube Channel မှာ Samsung Galaxy S8+ နဲ့ iPhone 7 Plus တို့ရဲ့ အမြန်နှုန်း စမ်းသပ်နှိုင်းယှဉ်ချက် ဗီဒီယို ကို ပြီးခဲ့တဲ့ ဧပြီ (၂၁) ရက်နေ့က တင်ပေးလိုက်ပါတယ်။
ဗီဒီယိုမှာ ဖုန်း(၂) ခုစလုံးကို ကိုင်ကာ တူညီတဲ့ ဂိမ်းတွေနဲ့ app တွေကို တစ်ခုဝင် တစ်ခုထွက် နဲ့ စမ်းသပ်ပြထားတဲ့အတွက် ဘယ်လိုမှ ငြင်းလို့မရ ၊ စောဒက တက်လို့မရနိုင်တဲ့ အဖြေတစ်ခုထွက်ပေါ်လာ ပါတယ်။ သင့်ရဲ့ ထင်မြင်ချက်မှန်၊ မမှန် ဆိုတာ အောက်က ဗီဒီယို မှာ ကြည့်ရှုလိုက်ကြပါတော့။

0 comments:
Post a Comment