♪ Xiaomi Redmi Note 4 အတွက် Tips & Tricks များ ♫

https://i2.wp.com/digitaltimes.com.mm/wp-content/uploads/2017/04/Xiaomi-Redmi-Note-4.jpg?fit=800%2C450&ssl=1

ရှောင်မီက ပေးရတဲ့ ဈေးထက် တန်တဲ့ စမတ်ဖုန်းများကို ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီ အဖြစ် နာမည်ကြီးပါတယ်။ သူ့ရဲ့ Redmi Note Series များဟာ အရွယ်ကြီး စမတ်ဖုန်း နှစ်သက်သူများ အကြားမှာ ရေပန်းစားပါတယ်။ နောက်ဆုံး ထုတ် Redmi Note 4 မှာ ၅.၅ လက်မ Full HD Display , Octa-Core Snapdragon 625 SoC , 13MP Rear Camera, 5MP Front Camera , 4100mAh Battery များ တပ်ဆင်ထားပါတယ်။ Storage နဲ့ RAM အပိုင်းမှာလည်း မော်ဒယ်များစွာ ထုတ်လုပ်ပေးထားတဲ့အတွက် ရွေးချယ်စရာ များပြားပါတယ်။ Redmi Note 4 ကို ၀ယ်ဖို့ စဉ်းစားနေသူများနဲ့ လက်ဝယ်ကိုင်ဆောင်နေသူများအတွက် လူသိပ်မသိတဲ့ လျှို့ဝှက် စွမ်းဆောင်ချက်များကို ဖော်ပြပေးလိုက်ပါတယ်။

Second Space
Second Space ဟာ MIUI 8 မှာ မိတ်ဆက်လိုက်တဲ့ အကောင်းဆုံး စွမ်းဆောင်ချက်များထဲမှ တစ်ခု ဖြစ်ပါတယ်။ သူက သင့်ရဲ့ ဖုန်းမှာ Private Profile တစ်ခုဖြင့် သုံးနိုင်အောင် ဖန်တီးပေးပါတယ်။ ဥပမာအားဖြင့် သင့် အလုပ်ကိစ္စနဲ့ ပတ်သက်တဲ့ အရာများကို အဲဒီမှာ ထားရှိနိုင်ပါတယ်။ Settings ထဲမှာ Second Space ကို Activate လုပ်ရင် Private Profile အတွက် Password သတ်မှတ်ပေးရမှာပါ။ အဲဒီ Password ကို သိမှသာ သင့် ပရိုဖိုင်ထဲကို ၀င်နိုင်မှာပါ။ Second Space မှာ သင် သုံးချင်တဲ့ Apps, Contacts, Photos, Files များကို ရွေးချယ်နိုင်ပါတယ်။

Long Screen Shot

သင်ဟာ ၀က်ဆိုက်တစ်ခုမှာ ဆောင်းပါးတစ်ပုဒ်ကို ဖတ်နေတယ်ဆိုပါစို့။ ဆောင်းပါး အပြည့်အစုံကို Screenshot ဖမ်းဖို့အတွက် အကြိမ်များစွာ ဖမ်းယူရမှာပါ။ အဲဒီ အစား ဆောင်းပါး တစ်ခုလုံးကို Screenshot တစ်ချက်ထဲနဲ့ ဖမ်းနိုင်ပါတယ်။ ဒီလိုလုပ်ဖို့ Screenshot တစ်ချက်ဖမ်းပါ။ အပေါ်ထိပ်မှ ပေါ်လာတဲ့ Preview ကို တစ်ချက်နှိပ်ပါ။ အောက်ခြေမှ Scroll ကို နှိပ်ပါ။ ဒါဆိုရင် ဆောင်းပါး တစ်ခုလုံး Screenshot တစ်ချက်ထဲနဲ့ ဖမ်းပေးမှာပါ။ သင် ရပ်ချင်တဲ့ နေရာရောက်ရင် Done ကို နှိပ်နိုင်ပါတယ်။

SMS Scheduling

အလုပ်များတဲ့ လူများ၊ မေ့တတ်တဲ့ လူများအတွက် ဒီစွမ်းဆောင်ချက်က အသုံးဝင်ပါတယ်။ SMS ကို Schedule ပြုလုပ်၍ ပေးပို့နိုင်တဲ့ စွမ်းဆောင်ချက် ဖြစ်ပါတယ်။ SMS App ကနေ လူတစ်ယောက်ကို ရွေးချယ်ပါ။ Text Box ရဲ့ ဘယ်ဘက်မှ + Button ကို နှိပ်ပြီး ပေါ်လာတဲ့ Menu မှ Timed ကို နှိပ်ပါ။ ပြီးရင် နေ့ရက်နဲ့ အချိန် သတ်မှတ်ပါ။ စာသားများ ရိုက်ထည့်ပြီး Send Button ကို နှိပ်ရင် သတ်မှတ်ထားတဲ့ အချိန်မှာ ပေးပို့မှာပါ။

Mi Mover

Mi Mover က ရှောင်မီ ဖုန်းများအကြားမှာ ဒေတာများ ကူးတဲ့ စွမ်းဆောင်ချက်ပါ။ ဥပမာအားဖြင့် ဖုန်းအဟောင်းမှ ဒေတာများကို ဖုန်းအသစ်ထံ ကူးချင်ရင် အသုံးဝင်ပါတယ်။ Settings> Additional settings > Mi Mover ထဲသွားပါ။ သင့်ဖုန်းအသစ်မှာ Recipient ကို ရွေးပေးရင် QR Code ကို ဖန်တီးပေးမှာပါ။ ဖုန်းအဟောင်းမှာ Sender ကို ရွေးပေးရင် QR Scanner ပေါ်လာမှာ ဖြစ်ပြီး ကုဒ်ကို စကင်ဖတ်ပါ။ ဖုန်း ၂ လုံး ချိတ်ဆက်မိရင်တော့ ဒေတာများကို ကူးနိုင်ပါပြီ။

App Lock
MIUI 8 မှာ Apps များကို အခြားလူများ မသုံးနိုင်အောင် Lock လုပ်ထားနိုင်တဲ့ စွမ်းဆောင်ချက် ပါလာပါတယ်။ Settings> App Lock ထဲမှာ သူ့ကို သုံးနိုင်ပါတယ်။ Password တစ်ခု သတ်မှတ်ပေးရမှာ ဖြစ်ပြီး ကာကွယ်ထားချင်တဲ့ Apps များကို ရွေးချယ်ပေးပါ။ Password သို့မဟုတ် လက်ဗွေရာကို အသုံးပြု၍ Apps များကို ဖွင့်နိုင်ပါတယ်။

Dual Apps
Dual Apps က သင့်ဖုန်းမှ App တစ်ခုကိုပွားပေးတာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် သင့်မှာ Facebook အကောင့် ၂ ခုရှိရင် App ၂ ခုမှာ အကောင့်တစ်ခုစီကို သုံးနိုင်မှာ ဖြစ်ပါတယ်။ Settings> Dual Apps ထဲသွားပြီး ပွားသုံးချင်တဲ့ App များကို ရွေးပေးပါ။

WiFi Sharing with QR Code

ဒီစွမ်းဆောင်ချက်က သင့်ဖုန်းမှ QR Code ကို သူငယ်ချင်းဖုန်းကနေ Scan လုပ်လိုက်တာနဲ့ သင့် ၀ိုင်ဖိုင်ကို သူငယ်ချင်းများက သုံးနိုင်ခြင်း ဖြစ်ပါတယ်။ အဲဒီအတွက် သင့် ၀ိုင်ဖိုင် Password ကို သူငယ်ချင်းများက သူတို့ဖုန်းများမှာ ရိုက်ထည့်ရတဲ့ အလုပ်ရှုပ်မှု ကင်းဝေးစေပါတယ်။ Settings> WiFi ထဲသွားပြီး သင့် ၀ိုင်ဖိုင်ကို တစ်ချက်နှိပ်လိုက်တာနဲ့ QR Code တစ်ခု ပေါ်လာမှာ ဖြစ်ပါတယ်။ သူငယ်ချင်းများက ကုဒ်ကို စကင်ဖတ်ခြင်းဖြင့် သင့်ဝိုင်ဖိုင်ကို သုံးနိုင်ပါပြီ။



Credit to ==> DigitalTimes.com.mm







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com

0 comments:

Post a Comment