♪ Password မလိုဘဲ sign in လုပ်နိုင်မယ့် နည်းလမ်းတစ်မျိုးကို Microsoft ဖြန့်ချိ ♫


Password မှတ်မိစရာ မလိုဘဲ push notification တစ်ခုကိုသုံးပြီး app တွေကို sign in လုပ်နိုင်မယ့် feature တစ်မျိုး Microsoft က ဖြန့်ချိပေးလိုက်ပါတယ်။ Android နဲ့ iOS ကနေ Microsoft Authenticator app သုံးစွဲသူများအနေနဲ့ two-step authentication အစား app ကိုသုံးပြီး password မလိုဘဲ Microsoft Account ကို sign in လုပ်နိုင်မှာ ဖြစ်ပါတယ်။

ဒါဟာ Authenticator ကိုသုံးပြီး Microsoft Account ကို ဘယ်နေရာမှာမဆို sign in လုပ်နိုင်မယ်ဆိုတဲ့သဘော မဟုတ်ပါဘူး။ ဥပမာအနေနဲ့ ဒီနည်းလမ်းဟာ Windows 10 PC တွေမှာ အလုပ်မလုပ်ဘဲ Outlook.com, Skype.com နဲ့ OneDrive.com စတဲ့ Microsoft Account လိုအပ်တဲ့ website sign-in တွေမှာပဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ဒီ feature ကို အသုံးပြုဖို့အတွက် Microsoft Authenticator app ကို App Store ဒါမှမဟုတ် Google Play ကနေ download လုပ်ပြီး install လုပ်ရပါမယ်။ ပြီးရင် app မှာ ကိုယ့်ရဲ့ Microsoft Account ကို ထည့်ရပါမယ်။

ဒီအဆင့်တွေအားလုံးပြီးသွားပြီဆိုရင် Microsoft Account လိုတဲ့ website တစ်ခုကို PC ပေါ်မှာဖွင့်ပါ။ ပထမစာမျက်နှာမှာ ကိုယ့်ရဲ့ email address ကိုထည့်ပါ။ ဒုတိယစာမျက်နှာကိုရောက်ရင် စာမျက်နှာရဲ့အောက်ခြေဘက်က “Use the Microsoft Authenticator app instead” ကို နှိပ်ပါ။

အဲ့ဒီအခါ webpage ပေါ်မှာ ဂဏန်းနှစ်လုံးပါတဲ့ နံပါတ်တစ်ခုပေါ်လာပြီး ဖုန်းမှာ notification တစ်ခု ရောက်လာပါမယ်။ Notification ကို နှိပ်လိုက်တဲ့အခါ Microsoft Authenticator က ဂဏန်းနှစ်လုံးပါတဲ့ နံပါတ်သုံးခုနဲ့အတူ sign in လုပ်တဲ့ တည်နေရာကို ပြသပေးပါလိမ့်မယ်။

Webpage ကဖော်ပြထားတဲ့ နံပါတ်ကို ရွေးပြီး Approve ကို နှိပ်ပါ။ အဲ့ဒီနောက် ဖုန်းမှာ PIN နံပါတ် သို့မဟုတ် လက်ဗွေကိုသုံးပြီးအတည်ပြုရပါမယ်။

ဒါဆိုရင်တော့ password မလိုဘဲ Microsoft Account ကိုသုံးပြီး website မှာ sign in လုပ်သွားပါလိမ့်မယ်။
ဒီနည်းလမ်းကို မကြိုက်သူများအနေနဲ့ password ထည့်သွင်းပြီးသုံးတဲ့ နည်းလမ်းကို အချိန်မရွေး ပြန်ပြောင်းနိုင်ပါတယ်။





Credit to ==> Internet Journal
 

<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com

0 comments:

Post a Comment