♪ မြန်မာငွေ သိန်း(၄၀) လောက်ကျသင့်မယ့် Samsung Galaxy S8 cover ♫

https://i0.wp.com/digitaltimes.com.mm/wp-content/uploads/2017/04/gww.jpg?fit=800%2C450&ssl=1

သင်ဟာပိုက်ဆံ အလွန်ချမ်းသာတဲ့ Samsung ပရိသတ်တစ်ယောက် ဆိုပါစို့။ Samsung ရဲ့ နောက်ဆုံးထွက် Flagship စမတ်ဖုန်းဖြစ်တဲ့ Galaxy S8 ရဲ့ ဈေးနှုန်းဟာ နည်းပါးပြီး သင့်ရဲ့ အဆင့်အတန်းနဲ့ ယှဉ်တဲ့အခါ နိမ့်နေတယ်လို့ ထင်မိခဲ့ရင်တော့ သင့်ရဲ့ အဆင့်အတန်းကို လိုက်မိနိုင်စေဖို့အတွက် ဒေါ်လာ (၃၀၀၀) ကျော်တန် cover တွေ ကို Legend က သယ်ဆောင်လာပါပြီ။

Legend ဆိုတာ Luxury ထုတ်ကုန်တွေကို ထုတ်လုပ်လေ့ရှိတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး iPhone အတွက်လည်း ရွှေသား ကာဗာတွေ ထုတ်လုပ်ထားတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။

အခု Samsung Galaxy S8 အတွက် ကိုတော့ 24K အဖိုးတန်သတ္တုစစ်စစ်နဲ့ ပြုလုပ်ထားတဲ့ ကာဗာနဲ့ အဖိုးတန်ရှားပါး exotic leather နဲ့ ပြုလုပ်ထားတဲ့ ကာဗာဆိုပြီး (၂) မျိုး (၂)စားထုတ်လုပ်ထားတာဖြစ်ပါတယ်။
24K အမျိုးအစား မှာ Gold , Rose Gold နဲ့ Platinum ဆိုပြီး သတ္တု (၃) မျိုးရွေးချယ် ဝယ်ယူနိုင်မှာဖြစ်ပြီး ဈေးနှုန်းက တော့ (၃၀၂၆) ဒေါ်လာကျသင့်မှာဖြစ်ပါတယ်။

Exotic Leather အမျိုးအစားမှာလည်း မိကျောင်းသားရေ၊ ဖွတ်သားရေ၊ ငှက်ကုလားအုတ်သားရေ၊ ငါးလက်ထုံ(Stingray)သားရေ နဲ့ ငါးမန်း သားရေ ဆိုပြီး သားရေ (၅) မျိုးရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ကာ ဈေးနှုန်းကတော့ (၃၀၃၅) ဒေါ်လာကျသင့်မှာဖြစ်ပါတယ်။

နှစ်မျိုးစလုံးကို Legend Website ကနေ မှာယူနိုင်ပြီဖြစ်တယ်လို့သိရပါတယ်။




Credit to ==> DigitalTimes.com.mm





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 www.pyaephyo.com

0 comments:

Post a Comment