♪ Samsung Galaxy S8 အတွက် Tips & Tricks များ ♫

https://i1.wp.com/digitaltimes.com.mm/wp-content/uploads/2017/04/0.jpg?fit=970%2C545&ssl=1

Samsung Galaxy S8 နဲ့ S8 Plus တို့ဟာ ယခုနှစ်မှာ ထွက်ရှိတဲ့ အကောင်းဆုံး Android Phone စာရင်းဝင်များဖြစ်ပါတယ်။ S8 မှာ အကောင်းဆုံး Hardware များကို တပ်ဆင်ထားတဲ့ အပြင် အသုံးဝင်တဲ့ စွမ်းဆောင်ချက်များ ပါရှိပါတယ်။ Biometric Security Features များကလည်း ထူးခြားဆန်းသစ်ပါတယ်။ အဲဒီအတွက် S8 ရဲ့ အကောင်းဆုံး Tips & Tricks များကို ဖော်ပြပေးလိုက်ပါတယ်။

၁။ Fingerprint Scanner ကို အသုံးပြု၍ Notifination Panel ကို ဖွင့်ပါ။



S8 ဟာ စကရင်အပြည့် ဖုန်းဒီဇိုင်းဖြစ်တဲ့အတွက် Notification Bar ကို ဆွဲချရတာ အနည်းငယ် ခက်ခဲလာပါတယ်။ အဲဒီအတွက် Samsung က Fingerprint Scanner ကို အသုံးပြု၍ Notification Panel ကို ကြည့်နိုင်အောင် ဖန်တီးပေးထားပါတယ်။ လက်ဗွေရာ အာရုံခံ ကိရိယာအပေါ်မှာ လက်ချောင်းဖြင့် အောက်ကို ဆွဲချလိုက်ရင် Notification Bar ကို ဆွဲချပေးမှာပါ။ ဒီလိုလုပ်ဖို့အတွက် Settings> Advanced features > Finger sensor gestures ထဲသွားပီး Activate လုပ်ပါ။

၂။ Edge Panel ကို Customize လုပ်ပါ။



S8 ရဲ့ ဘေးဘက် မျက်နှာပြင်ကွေးဟာ မျက်စိပသာဒဖြစ်စေရုံသာမက သင်နှစ်သက်တဲ့ App Shortcuts များ၊ အရင်းနှီးဆုံး အဆက်အသွယ်များ၊ လျှို့ဝှက် စွမ်းဆောင်ချက်များကို သုံးနိုင်ပါတယ်။ ညာဘက်ထောင့်စွန်း ကနေ ဘယ်ဘက်သို့ ပွတ်ဆွဲလိုက်ရင် အသုံးအများဆုံး Apps များကို ပြပေးမှာပါ။ နောက်တစ်ကြိမ်လုပ်ရင် Contacts များ၊ နောက်ထပ်တစ်ကြိမ်လုပ်ရင် Screenshot ရိုက်နိုင်မယ့် Options များကို မြင်ရမှာပါ။ အဲဒီ Edge Panel များရဲ့ အောက်မှ Settings Icon ကို နှိပ်ရင် Apps များ၊ Content များကို ရွေးချယ်နိုင်ပါတယ်။ အားကစားပွဲ ရလဒ်များ၊ ရာသီဥတု သတင်းများ စတဲ့ အင်စတောလုပ်ထားတဲ့ Edge Panels များစွာရှိသလို အခြား Edge Panel များကို ဒေါင်းလုပ်လုပ်နိုင်ပါတယ်။

၃။ Split Screen Multitasking ကို သုံးပါ။


S8 ရဲ့ မျက်နှာပြင်ဟာ ကြီးမားတဲ့အတွက် App ၂ ခုကို တစ်ပြိုင်နက် အသုံးပြုနိုင်အောင် ဖန်တီးပေး ထားပါတယ်။ Split Screen Multitasking ကို သုံးဖို့အတွက် အရင်ဆုံး Recents Button ကို နှိပ်ပါ။ သုံးချင်တဲ့ Apps ၂ ခုရဲ့ Multitasking Tab ကို နှိပ်ပါ။ ( လေးထောင့်ပုံသဏ္ဍာန် ဖြစ်ပါတယ်။ ) ဒါဆိုရင် App ၂ ခုကို အပေါ်နဲ့ အောက် ယှဉ်၍ သုံးနိုင်မှာပါ။ App Window ကို Resize လုပ်နိုင်ပါတယ်။

၎။ မျက်လုံးဖြင့် Unlock လုပ်ပါ။


S8 မှာ Iris Scanner ပါတဲ့အတွက် မျက်လုံးဖြင့် ဖုန်းကို Unlock လုပ်နိုင်ပါတယ်။ စကရင်မှာ ပြသထားတဲ့ မျက်နှာဖုံးလို Scanner Preview ထဲမှာ သင့်မျက်လုံးကို အံဝင်အောင် ထားရှိပေးရမှာပါ။ သင် နှစ်သက်တဲ့ Scanner Preview ကို Settings > Lock screen and security > Iris Scanner > Preview screen mask မှာ ရွေးချယ်နိုင်ပါတယ်။

၅။ Smart Lock ကို သုံးပါ။


သင့် နေအိမ်လို လုံခြုံ စိတ်ချရတဲ့ နေရာမှာ ဖုန်းဟာ အလိုအလျှောက် Unlock ဖြစ်နေရင် Lock လုပ်ရတဲ့ အလုပ်ရှုပ်မှု သက်သာစေပါတယ်။ ဒါမှမဟုတ် သင့်ရဲ့ စမတ်နာရီ နားမှာ ဖုန်းရှိနေရင် အလိုအလျှောက် Unlock လုပ်ပေးရင်လည်း အဆင်ပြေပါတယ်။ ဒီလိုလုပ်ပေးဖို့ Samsung က Smart Lock ကို ဖန်တီးပေးထားပါတယ်။ Settings > Lock screen and security > Smart Lock ထဲသွားပြီး Activate လုပ်ပါ။

၆။ လက်တစ်ဖက်ထဲနဲ့ သုံးပါ။


တစ်ခါတစ်လေမှာ ဖုန်းကို လက်တစ်ဖက်ထဲနဲ့ သုံးရတဲ့ အခြေအနေတွေ ရှိပါတယ်။ အဲဒီအတွက် S8 မှာ One-Handed Mode ကို ထည့်ပေးထားပါတယ်။ သူ့ကို သုံးဖို့ စကရင်ရဲ့ အောက်ဘက်ထောင့် ၂ ခုကနေ ထောင့်ဖြတ် ပွတ်ဆွဲပါ။ ဒါမှမဟုတ် Home Button ကို ၃ ကြိမ် နှိပ်ပါ။ သူ့ကို သုံးဖို့ Settings > Advanced Features > One-handed mode မှာ Activate လုပ်ပါ။

၇။ အရေးပေါ် SMS ပေးပို့ပါ။



S8 က အရေးပေါ် အခြေအနေများမှာ သင့်အတွက် အသုံးဝင်ပါတယ်။ ပါဝါ ခလုတ်ကို သုံးချက်နှိပ်လိုက်တာနဲ့ သင် သတ်မှတ်ထားတဲ့ အရေးပေါ် ဖုန်းနံပါတ် သို့မဟုတ် သင့်ရဲ့ မိသားစုဝင်များထံ SMS ပေးပို့မှာပါ။ Settings > Advanced Features > Send SOS messages ထဲမှာ Activate လုပ်ရမှာပါ။ Message အပြင် သင့်ရဲ့ တည်နေရာကိုလည်း ပေးပို့နိုင်ပါတယ်။ အရေးပေါ် အခြေအနေမှာ ဖုန်းရဲ့ အရှေ့နဲ့ အနောက် ကင်မရာများမှ အလိုအလျှောက် ရိုက်ကူးတဲ့ ဓါတ်ပုံနဲ့ ၅ စက္ကန့်ကြာ အသံဖိုင်ကိုလည်း ပေးပို့နိုင်ပါတယ်။

၈။ Soft Keys များကို နေရာချပါ။



S8 ရဲ့ Soft Keys များကို သင်နှစ်သက်သလို နေရာချနိုင်ပါတယ်။ Settings> Display > Navigation Bar > Button Layout ထဲသွားပြီး ‘Recents – Home – Back’ or ‘Back – Home – Recents’ ကို ရွေးပေးပါ။ Soft Keys များရဲ့ Background Color နဲ့ Sensitivity ကိုလည်း သတ်မှတ်နိုင်ပါတယ်။




Credit to ==> DigitalTimes.com.mm





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 www.pyaephyo.com

0 comments:

Post a Comment