♪ BlackBerry KeyOne စမတ်ဖုန်းကို မေ ၃၁ ရက်တွင် ရောင်းချမည် ♫


Physical keyboard ပါဝင်ပြီး Android နဲ့သုံးနိုင်မယ့် BlackBerry KeyOne စမတ်ဖုန်းကို မေ ၃၁ ရက်မှာ အမေရိကန်နဲ့ ကနေဒါတို့မှာ ရောင်းချသွားမယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလက Mobile World Congress မှာ ပွဲထုတ်မိတ်ဆက်ခဲ့တဲ့ KeyOne မှာ ၄.၅ လက်မ screen နဲ့ BlackBerry keyboard တို့ ပါဝင်ပါတယ်။ ပင်မကင်မရာက 12 megapixels ဖြစ်ပြီး selfie ကင်မရာက 8 megapixel ပါ။ RAM က 3GB ဖြစ်ပြီး သိုလှောင်မှုပမာဏ 32GB ဖြစ်ပါတယ်။ MicroSD card slot ကနေတစ်ဆင့် သိုလှောင်မှုပမာဏ တိုးမြှင့်နိုင်ပါတယ်။ ဘက်ထရီက 3,505mAh ဖြစ်ပြီး Qualcomm Snapdragon 625 processor ကို အသုံးပြုထားပါတယ်။ Android 7.1 Nougat နဲ့သုံးနိုင်ပြီး BlackBerry ရဲ့ productivity app တွေကိုလည်း ထည့်သွင်းပေးထားပါတယ်။

BlackBerry KeyOne ကို ကနေဒါမှာ စတင်ရောင်းချမှာဖြစ်ပြီး မေ ၁၈ ရက်ကစတင်ကာ ကြိုတင်မှာယူနိုင်တယ်လို့ ဆိုပါတယ်။ ကနေဒါမှာနေထိုင်သူတွေအနေနဲ့ Bell, Bell MTS, Rogers, SaskTel နဲ့ TELUS Business တို့ကနေ နှစ်နှစ်စာချုပ် ၁၉၉ ဒေါ်လာနဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ အမေရိကန်မှာတော့ မေ ၃၁ ရက်နေ့မှာ ၅၄၉ ဒေါ်လာနဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။



Credit to ==> Internet Journal



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
www.pyaephyo.com

0 comments:

Post a Comment