♪ Samsung Galaxy Book ရဲ့ ဈေးနှုန်းကို ကြေညာပြီ ♫

https://i0.wp.com/digitaltimes.com.mm/wp-content/uploads/2017/04/Samsung-Galaxy-Book-800x450.jpg?fit=800%2C450&ssl=1

Samsung က ဖေဖော်ဝါရီလမှာ ကျင်းပခဲ့တဲ့ MWC မှာ လက်တော့ ၊ တက်ဘလက် ၂ မျိုးသုံး Galaxy Book ကို ကြေညာခဲ့ပါတယ်။ Windows 10 OS ထည့်သွင်းထားပြီး Microsoft Surface Pro ကို ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ အခုတော့ ကုမ္ပဏီက Galaxy Book ရဲ့ ဈေးနှုန်းနဲ့ ရောင်းချမယ့် ရက်ကို ကြေညာလိုက်ပါတယ်။

Galaxy Book ကို ၁၀.၆ နဲ့ ၁၂ လက်မ မော်ဒယ်များ ထုတ်လုပ်ပေးထားပြီး ၁၀.၆ လက်မ ၀ိုင်ဖိုင် မော်ဒယ်ကို ၆၂၉.၉၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ ဧပြီလ ၂၁ ရက်နေ့မှ Samsung Online Store နဲ့ Best Buy လို အရောင်းဆိုင်များကနေ ကြိုတင်မှာယူနိုင်ပြီး မေလ ၂၁ ရက်နေ့မှာ ပို့ဆောင်ပေးမှာပါ။

၁၂ လက်မ ၀ိုင်ဖိုင် မော်ဒယ်ကို ၁၁၂၉.၉၉ ဒေါ်လာဖြင့် ရောင်းချမှာ ဖြစ်ပါတယ်။ လာမယ့် ရက်ပိုင်း အတွင်းမှာ ကြိုတင်မှာယူနိုင်မှာ ဖြစ်ပြီး မေလ ၂၁ ရက်နေ့မှာပဲ ရောင်းချမှာပါ။ ၁၂ လက်မ မော်ဒယ်အတွက်သာ LTE စွမ်းရည်ကို ထည့်သွင်းပေးထားပြီး ၁၂၉၉.၉၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ ဧပြီလ ၂၁ ရက်နေ့မှာ ရောင်းချပေးမှာပါ။

၁၀.၆ လက်မနဲ့ ၁၂ လက်မ မော်ဒယ်များရဲ့ ဈေးနှုန်းကြီးမားစွာ ကွာခြားမှုမှာ Specification များကြောင့် ဖြစ်ပါတယ်။ အရွယ်သေး လက်တော့မှာ Intel Core m3 Processor , 4GB RAM, 30.4Wh Battery , TFT Touchscreen တပ်ဆင်ထားပါတယ်။ ၁၂ လက်မ မော်ဒယ်မှာ Super AMOLED Display , Core i5 Processor , 8GB RAM, 256GB Storage, 39.04Wh Battery တပ်ဆင်ထားပါတယ်။




Credit to ==> DigitalTimes.com.mm





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com

0 comments:

Post a Comment