♪ System Update app အတုကို Play Store ကနေ ဖယ်ရှားလိုက်တဲ့ Google ♫


Android စမတ်ဖုန်း ဒါမှမဟုတ် tablet အတွက် app တွေကို download လုပ်ရာမှာ Google Play Store က စိတ်အချရဆုံးနေရာဖြစ်တယ်လို့ ဆိုပေမယ့် ဘေးဖြစ်စေမယ့် app တွေကို ထည့်သွင်းမိနိုင်တဲ့ အန္တရာယ်တွေလည်း ရှိနေပါတယ်။ မကြာသေးခင်က Google ဟာ System Update လို့ခေါ်တဲ့ app တစ်ခုကို Play Store ကနေ ဖယ်ရှားလိုက်ပါတယ်။ အဲ့ဒီ app ဟာ spyware ဖြစ်ပြီး download ပြုလုပ်ထားတဲ့အရေအတွက် သန်းနဲ့ချီရှိတဲ့ app တစ်ခုဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်က ဖြန့်ချိခဲ့တဲ့ အဆိုပါ System Update app ကို Zscaler လုံခြုံရေးကုမ္ပဏီက ရှာဖွေတွေ့ရှိခဲ့တာပါ။ ဒီ spyware ဟာ ထုတ်ကုန်တစ်ခုရဲ့ တည်နေရာအချက်အလက်ကို app ဖန်တီးသူထံ ပေးပို့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် SMS message တွေကိုလည်း ကြည့်နိုင်ပါတယ်။ သုံးစွဲသူက အဲ့ဒီ app ကို ထည့်သွင်းပြီး အသုံးပြုတဲ့အခါ app ရဲ့လုပ်ဆောင်ချက် ရပ်ဆိုင်းသွားပြီး “Unfortunately, Update Service has stopped” ဆိုတဲ့ message ပေါ်လာမှာ ဖြစ်ပါတယ်။ တကယ်တမ်းမှာတော့ app က background မှာ အလုပ်ဆက်လုပ်နေဆဲဖြစ်တယ်လို့ Zscaler က ပြောကြားပါတယ်။

အဲ့ဒီနောက် app အတုအကြောင်းကို ကုမ္ပဏီကအသိပေးခဲ့ပြီး Google က Play Store ကနေ ဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။ System Update app အတုကို Play Store ကနေ မဖယ်ရှားမီ download ပြုလုပ်ထားတဲ့အရေအတွက် ၁ သန်းကနေ ၅ သန်းအထိ ရှိတယ်လို့ သိရပါတယ်။



Credit to ==> Internet Journal





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com

0 comments:

Post a Comment