♪ Samsung က Galaxy Note 7 ကို ဇွန်လမှာ ပြန်ရောင်းမည် ♫

https://i2.wp.com/digitaltimes.com.mm/wp-content/uploads/2017/04/Samsung-Galaxy-Note-7.jpg?fit=800%2C450&ssl=1

Samsung က ပြင်ဆင်မွမ်းမံထားတဲ့ Galaxy Note 7 ကို ပြန်ရောင်းမယ်လို့ ပြီးခဲ့တဲ့ လက အတည်ပြုခဲ့ပါတယ်။ အခုတော့ ရောင်းချမယ့် လနဲ့ နိုင်ငံများကို သိရပါပြီ။ ET News ရဲ့ အဆိုအရ ပြင်ဆင်မွမ်းမံထားတဲ့ Note 7 ကို ဇွန်လမှာ တောင်ကိုရီးယားတွင် ရောင်းချမယ်လို့ သိရပါတယ်။

မော်ဒယ် အမည်နဲ့ ဈေးနှုန်းကိုတော့ စဉ်းစားနေဆဲ ဖြစ်ပေမယ့် သတင်းများအရ Galaxy Note 7 R လို့ အမည်ပေးထားမှာ ဖြစ်ပြီး ကိုရီးယား ၀မ် ၇၀၀ ၀၀၀ ( ၆၂၀ ဒေါ်လာ ) ဖြင့် ရောင်းချမှာ ဖြစ်ပါတယ်။ မော်ဒယ် အသစ်ဟာ မူလ မော်ဒယ်ထက် ၀မ် ၃၀၀ ၀၀၀ ( ၂၆၆ ဒေါ်လာ ) သက်သာပါတယ်။ တောင်ကိုရီးယားမှာ ပြန်လည် သိမ်းယူခဲ့တဲ့ Note 7 အလုံးရေ ၃ သန်းကနေ ၄ သန်းထဲက အလုံးရေ ၃၀၀ ၀၀၀ ခန့်ကို ပြင်ဆင်မွမ်းမံ၍ ရောင်းချမှာ ဖြစ်ပါတယ်။

Note 7 R မှာ 3200mAh Battery တပ်ဆင်ထားပြီး 3500mAh Battery တပ်ဆင်ထားတဲ့ Note 7 ထက် သေးငယ်ပါတယ်။ အရွယ်ကြီးမားတဲ့ ဘက်ထရီကို Note 7 ကိုယ်ထည်ထဲမှာ ကြပ်ညပ်စွာ ထည့်သွင်းခဲ့လို့ ဘက်ထရီ ပေါက်ကွဲခဲ့ရတာ ဖြစ်တဲ့အတွက် အရွယ်သေး ဘက်ထရီ အစားထိုးမှုဟာ ဖြစ်နိုင်ခြေရှိပါတယ်။

အခု သတင်းကို Samsung က တရားဝင် ကြေညာတာ မဟုတ်တဲ့အတွက် အသေးစိတ် အချက်အလက် အချို့ဟာ ကွဲပြားနိုင်ပါတယ်။ အမေရိကန်မှာ Galaxy Note 7 R ကို ရောင်းချမှာ မဟုတ်ဘူးလို့ ကုမ္ပဏီက မတ်လမှာ အတည်ပြုခဲ့ပါတယ်။



Credit to ==> DigitalTimes.com.mm





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
www.pyaephyo.com

0 comments:

Post a Comment