♪ LL/A, B/A (or) Europe Region iPhone ကိုဝယ်သင့်လား ?? ZP/A iPhone ကိုဝယ်သင့်လား ?? ♫

Image may contain: phone

ကွဲပြားခြားနားကြတဲ့ iPhone Region Code များကြောင့် iPhone တွေကို မည်သည့် Region က ပိုကောင်းလဲ .. အစသဖြင့် မေးကြတာတွေရှိပါတယ်။

Apple ဟာ iPhone အားလုံးကို California, US မှာ ဒီဇိုင်းဆွဲ တီထွင်ပြီး အတွင်းမှာပါဝင်တဲ့ စက်ပစ္စည်းအစိတ်အပိုင်းများ(Hardware Components)တွေကတော့ တစ်ကမ္ဘာလုံးက hardware manufacturers များထံမှ Support ယူရပါတယ်(ဥပမာ - Battery - Samsung, Sunwoda Electronic, Camera - Qualcom(US), LCD - 


Sharp, LG, CPU - Samsung & TSMC)
အမေရိကမှာ ဒီဇိုင်းဆွဲ တီထွင်ပြီး တစ်ကမ္ဘာလုံးကထုတ်တဲ့ အစိတ်အပိုင်းတွေကိုတပ်ဆင်ခြင်း လုပ်ငန်းမှာတော့ ၈၅%ကို တရုတ်နိုင်ငံအခြေစိုက် company တစ်ခုဖြစ်တဲ့ Foxconn က တာဝန်ယူ တပ်ဆင်ပေးပါတယ်။ ဒါကြောင့် iPhone တိုင်း၏ နောက်ကျောတွင် "Designed by Apple in California. Assembled in China." လို့ပြောထားတယ်။


အဲ့တော့ iPhone အများစုကို China မှာတပ်ဆင်တယ်လို့ အလွယ်မှတ်လို့ရပါတယ်။ iPhone ကို US မှာ Design ဆွဲ၊ အစိတ်အပိုင်းတွေကို တစ်ကမ္ဘာလုံးကထုတ်၊ တပ်ဆင်ခြင်းက
တရုတ်လို့ လွယ်လွယ်ပြောမယ်ဆိုလည်း ရပါတယ်။ ဒီနေရာမှာ အဓိကပြောလိုတာကတော့ အားလုံးသော iPhone တွေဟာ Quality အတူတူပါ။


Region သပ်မှတ်ခွဲခြားရခြင်းဟာ Quality ကွဲပြားလို့မဟုတ်ပါဘူး။ အဓိကအားဖြင့် တစ်နိုင်ငံနဲ့တစ်နိုင်ငံ အားသွင်းကြိုးခေါင်းတွေ၊ ထုတ်ပိုးမှု ဘာသာစကား၊ Network Setting(CDMA support/GSM support)
စသည်တို့ ကွဲပြားတဲ့အတွက်နဲ့ နေရာအလိုက် Apple Warranty Services ပေးရင် Manage လုပ်နိုင်ဖို့အတွက် သတ်မှတ်ထားခြင်းသာဖြစ်ပါတယ်


(Europe region အလုံးများဟာ CDMA support မရှိသောကြောင့် China Network အများစုတွင် အဆင်မပြေပါ။ သို့သော် မြန်မာနိုင်ငံတွင် Europe အလုံးလည်းအဆင်ပြေပါတယ်။
အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံ၏ အဓိက Operator များသည် GSM network များသာဖြစ်သည့်အတွက်ကြောင့်ဖြစ်ပါတယ်။)


ဒါကြောင့် Region Code ကွဲပြားခြင်းဟာ တူညီတဲ့ devices တွေကို ဖြန့်ချိတဲ့ဒေသသပ်မှတ်ကွဲပြားခြင်းသာဖြစ်ပါတယ်။ Quality ကွဲပြားခြင်းမရှိပါဘူး။


မြန်မာနိုင်ငံမှာလည်း ယခင်က iPhone များဝယ်ယူကြရာမှာ မည်သည့်နိုင်ငံ code ဖြင့်လာသော iPhone များကို ဝယ်ယူကြမလဲဆိုတာ ဒွိဟများခဲ့ကြဖူးပါတယ်။


ပြည်တွင်းအသုံးပြုအများစုအနေနဲ့ ZP/A ကိုပိုပြီးဝယ်ယူကြတာတွေ့ရပါတယ်။ LL/A နှင့် တခြား country model များကို ဝယ်ယူဖို့ လက်တွန့်ခဲ့ကြပါတယ်။


ဘာဖြစ်လို့လဲဆိုတော့ LL/A နှင့် တခြားသော Model များဟာ မြန်မာနိုင်ငံမှနေ၍ Apple Warranty ကိစ္စများဆောင်ရွက်ရာမှာ အဆင်မပြေမှုများကြုံတွေ့ရတဲ့အတွက်ဖြစ်ပါတယ်။


ZP/A အလုံးများကတော့ အနီးစပ်ဆုံး Singapore ကိုပို့၍ Warranty အခွင့်အရေးရယူနိုင်တဲ့အတွက် ပိုမိုသုံးစွဲခဲ့ကြခြင်းဖြစ်ပါတယ်။


သို့ပေသော်ငြားလည်း ယနေ့အခါမှာ မိတ်ဆွေတို့အနေနဲ့ ZP/A ကိုသုံးရမလား LL/A ကိုသုံးရမလားဆိုတာကို လုံးဝဒွိဟ များနေစရာမလိုတော့ပါဘူး။


iSure တွင် မည်သည့်နိုင်ငံမှလာသော iPhone နှင့် Apple Devices မဆို Apple Warranty အကျိုးခံစားခွင့်ကို နိုင်ငံ code မခွဲခြားပဲ တူညီသော Service များပေးနေပါပြီ။


ထို့အတွက်ကြောင့် မိတ်ဆွေတို့အနေနဲ့ မည်သည့်နိုင်ငံမှ လာတဲ့ iPhone ပဲဖြစ်ဖြစ် နှစ်သက်သဘောကျသလို စိတ်ချလက်ချဖြင့် ပျော်ရွှင်စွာသုံးစွဲကြပါ။


Apple Warranty ခံစားခွင့်ရရှိဖို့ တစ်စုံတရာရှိလာပါက iSure မှ အပြည့်အဝ ဆောင်ရွက်ပေးဖို့ အဆင်သင့်ရှိနေပါပြီ ....


အကျဉ်းအနေနဲ့ပြောရမယ်ဆိုရင် -
- model တူ iPhone တွေအားလုံးဟာ Quality အတူတူပါ။
 

- ယခင်က ZP/A(singapore) အလုံးတွေက ပိုကောင်းတယ်လို့ဆိုကြတာ၊ ပိုပြီးစိတ်ချလက်ချရွေးချယ်ခဲ့ကြတာဟာ Warranty လိုက်လို့အဆင်ပြေတဲ့အတွက်ပါ
 

- ယခုအခါ အားလုံးသော iPhone တွေကို iSure မှ တာဝန်ယူပြီး Warranty Service ဆောင်ရွက်ပေးနေတဲ့အတွက် ဘယ် country model ကိုမဆို စိတ်ချလက်ချ ဝယ်ယူအသုံးပြုနိုင်ပါပြီ။

..
iSure
One-Stop Apple Service Center
❖Address : No.111,Botahtaung Pagoda Road,Botahtaung Tsp,Ygn.
❖ Find us on Google Map : https://goo.gl/XM0CGN
Open Monday-Saturday : 10 AM to 7 PM
❖Hotline : 09264441607 / 09264441608




Credit to ==> Eastern iT and Mobile






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com

0 comments:

Post a Comment