♪ Ooredoo မှ Smart 12 4G Lux Star ဟန်းဆက် Promotion အစီအစဉ်ပြုလုပ် ♫

https://i0.wp.com/digitaltimes.com.mm/wp-content/uploads/2017/04/awx.jpg?fit=800%2C450&ssl=1

Ooredoo Myanmar မှ New China Great Wall Co., Ltd နှင့်ပူးပေါင်းပြီး ဈေးနှုန်းသက်သာသော အူရီဒူး Smart 12 4G Lux Star ဟန်းဆက်ကို ပရိုမိုးရှင်းနှင့် အတူ ရောင်းချပေးမည်ဖြစ်ကြောင်းသိရသည်။

အူရီဒူး Smart 12 4G Lux Star ဟန်းဆက်၏ တန်ဖိုးမှာ ၁၁၉,၉၉၉ ကျပ်ဖြစ်ပြီး ၀ယ်ယူသူများအနေဖြင့် အူရီဒူးဆင်းကတ်လက်ဆောင်နှင့်အတူ တစ်လတစ်ခါ ကျပ်၅,၀၀၀တန် ငွေဖြည့်သွင်းခြင်းဖြင့် လစဉ်ငွေဖြည့်လက်ဆောင် ၁၀,၀၀၀ကျပ်ကို ၁၂လတိတိ လက်ဆောင်ရရှိမည်ဖြစ်သည့်အပြင် nonstick cooking set (၃) မျိုးပါတစ်စုံကို ပါ ထပ်မံလက်ဆောင်ရရှိမည်ဖြစ်သည်။

အဆိုပါဟန်းဆက်တွင် ဆင်းကတ်နှစ်ခု အသုံးပြုနိုင်ခြင်း၊ မျက်နှာပြင် ၅.၅လက်မ၊ Android 5.1, Quad-core CPU, 1GB RAM, 8GB ROM, 13MP နောက်ကင်မရာ၊ 8MP ရှေ့ကင်မရာနှင့်အတူ 2500mAh သက်တမ်းရှိ ဘက်ထ္ထရီ များပါဝင်သည်။

အူရီဒူး Smart 12 4G Lux Star ဟန်းဆက်ပရိုမိုးရှင်းသည် ယခု ဧပြီ ၂၅ရက်နေ့မှာစတင်မည်ဖြစ်ပြီး မြန်မာနိုင်ငံတ၀ှမ်းရှိ အူရီဒူးအမှတ်တံဆိပ်အရောင်းဆိုင်များနှင့် အဆိုပါပရိုမိုးရှင်းကြောငြာကပ်ထားသော ဟန်းဆက်အရောင်းဆိုင်တိုင်းတွင် ၀ယ်ယူရရှိနိုင်မည်ဖြစ်ကြောင်းသိရသည်။




Credit to ==> DigitalTimes.com.mm







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com

0 comments:

Post a Comment