Samsung Galaxy A7 (2017)



နာမည်ကျော်အမှတ်တံဆိပ်ဖြစ်သော Samsung ဟာသူ့ရဲ့ထိပ်တန်းဖုန်း နှစ်လုံးကိုဧပြီလတွင်ရောင်းချပေးလိုက်ပြီဖြစ်ပါတယ်။ဖုန်းများကိုစီးရီးအလိုက်မိတ်ဆက်ထုတ်လုပ်ရောင်းချခဲ့ရာအဋ္ဌမမြောက်မျိုးဆက်ကိုရောက်ရှိလာပြီဖြစ်ပါတယ်။သတ္တမမြောက်မျိုးဆက်ထဲမှာတော့2017 Edition နဲ့ထုတ်လုပ်ထား သောA7နှင့်A5 တို့ဟာလည်းလူကြိုက်များသောစမတ်ဖုန်းများဖြစ်ပါတယ်။ သပ်ရပ်လှပသောဒီဇိုင်းနှင့် မြင့်မားသောစွမ်းဆောင်ရည်များပါဝင်ကာ အကောင်းဆုံးအသုံးပြုရလွယ်ကူစေရန် ပြန်လည်ဆန်းသစ်ဖန်တီးထား သောGalaxy A မျိုးဆက်သစ်စမတ်ဖုန်းများဖြစ်သည့် ၅.၇လက်မအရွယ်အစား ရှိA7စမတ်ဖုန်းနှင့်၅.၂လက်မအရွယ်အစားရှိA5စမတ်ဖုန်းသစ်များကို ပြည်တွင်း ဈေးကွက်တွင်ဇန်န၀ါရီ၅ရက်နေ့ကမိတ်ဆက်ပေးခဲ့ပါတယ်။Galaxy A7တွင်Samsung ၏အစဉ်အဆက်အသုံးပြုလာသည့်အဆင့်မြင့်ဒီဇိုင်းအား အခြေခံ၍အရည်အသွေးမြင့်သတ္တုဘောင်နှင့် 3Dဖန်သားပြင်အားထည့်သွင်း အသုံးပြုထားပါတယ်။အသုံးပြုရလွယ်ကူသောကင်မရာ၊Home Key ခလုတ် တို့ပါဝင်သောအဆိုပါA Series စမတ်ဖုန်းများအားအသုံးပြုရာတွင် သာမန် ထက်ပို၍ပိုမိုအဆင်ပြေချောမွေ့ လွယ်ကူစွာကိုင်တွယ်အသုံးပြုနိုင်မှာဖြစ်ပါ တယ်။သုံးစွဲသူများအတွက်အချိန် နှင့်ဖုန်းအားကုန်သက်သာစေမည့်ဖုန်းအား လော့ဖွင့်စရာမလိုဘဲအချိန်နှင့်ပြက္ခဒိန်များအားလွယ်ကူလျင်မြန်စွာကြည့်ရှုနိုင်သောAlways On Display အားလည်းထည့်သွင်းပေးထားပါတယ်။Galaxy A Series စမတ်ဖုန်းများအားBlack Sky, Gold Sand, Blue Mist နှင့်Peach Cloud အစရှိသဖြင့်အရောင်၎မျိုးဖြင့်ထုတ်လုပ်ပေးထားပါတယ်။

Galaxy A series စမတ်ဖုန်းများကိုသုံးစွဲသူများအနေဖြင့်အချက်အလက် များနှင့် ဓာတ်ပုံများအားSamsung Cloud မှတစ်ဆင့်လွယ်ကူစွာသိမ်းဆည်း ထားနိုင်မှာဖြစ်ပါတယ်။ကိုယ်ရေးအချက်အလက်များလုံခြုံစိတ်ချရမှု security သည်အရေးအကြီးဆုံး ဖြစ်သောကြောင့်သုံးစွဲသူများအတွက်biometric authentication လက်ဗွေရာလုံခြုံရေးစနစ်အားထည့်သွင်းပေးထားပြီးSecure Folder အတွင်းလုံခြုံစိတ်ချစွာအချက် အလက်များအားသိမ်းဆည်းထားနိုင် မှာဖြစ်ပါတယ်။A7 2017 ရဲ့အရွယ်အစားပမာဏကတော့156.8x 77.6x 7.9mm ဖြစ်ကာအလေးချိန်မှာ186gရှိပါတယ်။ထည့်သွင်း အသုံးပြုရမယ့် ဆင်းကတ်အမျိုးအစားမှာNano SIM ဖြစ်ပါတယ်။ဖုန်းမျက်နှာပြင်တွင် ကြည်လင် သောပုံရိပ်များကိုပေးစွမ်းနိုင်စေဖို့အတွက်1080x 1920 pixels ပမာဏနဲ့ထောက်ပံ့ပေးထားပါတယ်။တစ်လက်မမှာရှိမယ့်pixel ပမာဏ သိပ်သည်းဆကတော့386ppi ပါ။ကင်မရာပိုင်းတွင်တိကျသေချာသည့် autofocus နှင့်အတူပိုမိုကြည်လင်ပြတ်သား တည်ငြိမ်သောပုံရိပ်များကို ရိုက်ကူးနိုင်စေဖို့အတွက်16MP စွမ်းရည်ကိုအနောက်နဲ့အရှေ့ဘက် နှစ်ဖက် စလုံးတွင်ထည့်သွင်းပေးထားပါတယ်။အလင်းရောင်အားနည်းသည့်အခြေ အနေများတွင်ပင်စိုလွင်တောက်ပ ကြည်လင်ပြတ်သားသည့်ဓာတ်ပုံများကိုရိုက်ကူးနိုင်မှာဖြစ်ပါတယ်။Selfieပုံများရိုက်ကူးသည့် အခါတွင်လည်းပုံထွက် ကောင်းမယ့်ဖုန်းဖြစ်ပါတယ်။Galaxy A7 နှင့်အတူSelfieဓာတ်ပုံများရိုက်ကူး သည့်အခါတွင်အလွယ်ကူဆုံးသောအရာဖြစ်စေရန်ဖန်တီးထားပါတယ်။

ဖုန်းမျက်နှာပြင်မည်သည့်နေရာကိုမဆိုထိခြင်းအားဖြင့်အရည်အသွေးမြင့် ကြည်လင်ပြတ်သားသည့်high-resolution selfieဓာတ်ပုံများအားfloating ကင်မရာခလုတ်နှင့်အတူလွယ်ကူစွာရိုက်ကူးနိုင်မည်ဖြစ်ပြီးပိုမိုကြည်လင် တောက်ပသောဓာတ်ပုံများရရှိနိုင်ရန်အတွက်ဖုန်းမျက်နှာပြင်display အား front flash အဖြစ်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ကင်မရာတွင် အလွယ်တကူ ပွတ်ဆွဲလိုက်ရုံဖြင့်ဓာတ်ပုံတွင်effect များထည့်သွင်းနိုင်ရန်mode များကို လျင်မြန်စွာပြောင်းလဲနိုင်ခြင်းသို့မဟုတ်အဆင်သင့်filter များအားပြောင်းလဲ နိုင်သည့်ရိုးရှင်းသောလုပ်ဆောင်ချက်အားထည့်သွင်းပေးထားပါတယ်။ သုံးစွဲသူများအနေဖြင့်ဓာတ်ပုံများအားအဆင်ပြေလွယ်ကူစွာ ပြင်ဆင် ပြောင်းလဲ နိုင်ပြီးအရောင်ချိန်ညှိပေးနိုင်သောအစားအသောက်များ ရိုက်ကူး နိုင်သည့်Mode အစရှိသည်ဖြင့်လုပ်ဆောင်ချက်များအားပြောင်းလဲ အသုံးပြု နိုင်မှာဖြစ်ပါတယ်။ရေစိုခံဖုန်းဖြစ်ခြင်းကြောင့်လည်းအတာသင်္ကြန်ပွဲတော်နဲ့ လိုက်ဖက်ညီပါလိမ့်မယ်။IP 68 အသိအမှတ်ပြုထားခြင်းကြောင့် ရေအနက် 1.5mတွင်မိနစ်၃၀နီးပါးခံနိုင် စွမ်းရှိမှာဖြစ်ပါတယ်။မှတ်ဥာဏ်ပမာဏအပိုင်း တွင်RAMကို3GB ထည့်သွင်းပေးထားပြီးInternal Storage တွင် 32GBပါရှိ အောင်ဆောင်ရွက်ပေးထားပါတယ်။အချက်အလက်အများအပြားသိမ်းဆည်းလိုပါကCard Slot စနစ်ကိုအသုံးပြု၍မှတ်ဥာဏ်ပမာဏကိုချဲ့ထွင်သုံးစွဲရ ပါမယ်။ထည့်သွင်းပေးထားသောChipset ကတော့Exynos 7880 Octa ဖြစ်ကာCPU စွမ်းရည်မှာOcta-Core 1.9GHz Cortex A-53 ဖြစ်ပါတယ်။GPU ကတော့MaliT830 MP3 ပါ။အားသွင်းအသုံးပြုရမယ့်ဘက်ထရီအမျိုးအစား ကတော့Li-Ion 3600mAh ဖြစ်ပြီ3းG Network တွင်စကားပြောဆိုဖို့၂၃နာရီ နီးပါးခံနိုင်စွမ်းရှိပါမယ်။သီချင်းနားထောင်ချိန်အတွက်၅၉နာရီနီးပါးခံနိုင်ရည်ရှိပါမယ်။A7 (2017) ရဲ့တန်ဖိုးမှာ၆၂၅,၀၀၀/- ကျပ်ဝန်းကျင်ရှိပါတယ်။




Mobile Guide Journal (Every Monday)





0 comments:

Post a Comment