♪ Galaxy S8 ရဲ့ ကုန်ကျစရိတ် က ၃၀၁ ဒေါ်လာ ပဲ ရှိ ♫

https://i2.wp.com/digitaltimes.com.mm/wp-content/uploads/2017/04/s8-1.jpeg?fit=800%2C600&ssl=1

ဈေးကွက်အတွင်း အခုနောက်ဆုံးထွက် မိုဘိုင်းဖုန်းတွေထဲမှာ ရေပန်းစားပြီး လူစိတ်ဝင်စားမှု များပြားနေတဲ့ ဆမ်ဆောင်း Galaxy S8 ရဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ် ဟာ ၃၀၁ ဒေါ်လာပဲ ရှိတယ် လို့ IHS Markit က ဖွင့်ဟ လိုက်ပါတယ်။

IHS Markit ဟာ နည်းပညာလောကအတွင်းမှာ ထုတ်လုပ်နေတဲ့ ထုတ်ကုန်အသစ်တွေ ရဲ့ အကြောင်း ကို လေ့လာဆန်းစစ်နေတဲ့ အဖွဲ့အစည်းဖြစ်ပြီး နှစ်စဉ်လို ထုတ်ကုန်အသစ်တွေရဲ့ စာရင်းဇယားတွေ နဲ့ သတင်းတွေ အပြင် စက်ရုံတွေရဲ့ လုပ်ငန်းဆောင်တာတွေကို ဝေဖန်ပိုင်းခြားပြီး ဈေးကွက် ရဲ့ စီးပွားရေးအလားအလာ ကို ခန့်မှန်းနေရတဲ့ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ” ဆမ်ဆောင်း အပါအ၀င် မိုဘိုင်းထုတ်လုပ်သူတွေ ဟာ အသစ်အသစ်တွေ ကို ဖန်တီးဖို့ ကြိုးစားကြပေမယ့် Hardware ပိုင်းကိုတော့ ထူးခြားအောင် မဖော်ထုတ်ခဲ့ကြဘူး” လို့ IHS Markit ရဲ့ ၀ါရင့်အရာရှိ Andrew Rassweiler က အပြစ်တင်ပြောဆိုခဲ့ပါတယ်။

IHS Markit ရဲ့ သတင်းထုတ်ပြန်ချက် အစီရင်ခံစာ အရ Samsung Galaxy S8 ရဲ့ စုစုပေါင်း ကုန်ကျစရိတ်ဟာ ဒေါ်လာ ၃၀၁.၆၀ သာ ရှိတယ်လို့ ဆိုပါတယ်။ အဲဒီ နှုန်းထားဟာ Samsung Galaxy S7 ထက် ဒေါ်လာ ၄၀ ကျော်သာ ပိုပြီး များပြားတယ် လို့ ဖော်ပြထားပါတယ်။




Credit to ==> DigitalTimes.com.mm







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com

0 comments:

Post a Comment