♪ iOS ရော ၊ Android ရော ၂ မျိုးလုံး ကြိုက်တဲ့ သွန်းဆက် နှင့် တွေ့ဆုံခြင်း ♫

https://i0.wp.com/digitaltimes.com.mm/wp-content/uploads/2017/04/601659_626972667330116_1136686159_n.jpg?fit=800%2C439&ssl=1

ဒီတစ်ခေါက်ဖေါ်ပြပေးချင်တဲ့ အနုပညာရှင်ကတော့ ဖြည်းဖြည်းမှန်မှန် နဲ့ အနုပညာလောကမှ လျှေက်လှမ်းလာရင်း နေရာတစ်ခု ရရှိနေပြီ ဖြစ်တဲ့ သရုပ်သွန်းဆက်ပဲဖြစ်ပါတယ်။ သွန်းဆက်နဲ့တွေ့တုန်း လက်တလောအနုပညာလှုပ်ရှားမှုနဲ့အတူ သူကိုင်ထားတဲ့ ဖုန်းအကြာင်းကို မေးဖြစ်ခဲ့ပါတယ်။

Q. လတ်တလော ညီမရဲ့အနုပညာ လှုပ်ရှားမှုလေးကို ပြောပြပေးပါလား။
အခုလတ်တလောမှာ ဘဝပေးဒဏ်   ဆိုတဲ့ ဗီဒီယိုကားလေး ရိုက်နေပါတယ်။

Q. ဒီနှစ်သင်္ကြန်ဘယ်မှာ ရှိမှာလဲ။
ရန်ကုန်မှာပဲရှိမှာပါ။ သူငယ်ချင်းတွေနဲ့ မိသားစုမဏ္ဍပ်လေးပဲ ထိုင်ဖြစ်မှာပါ။

Q. သင်္ကြန်နဲ့ပတ်သက်တဲ့ စိတ်ခံစားချက်ကို ပြောပြပေးပါလား။
သင်္ကြန်ဆိုရင် ညီမတို့ ငယ်ငယ်တုန်းက နှစ်တိုင်းခရီးထွက်ဖြစ်တယ်။ အရွယ်ရောက်လာတဲ့ အချိန်မှာ ခရီးမထွက် ဖြစ်တော့ဘူး။ အလုပ်နားတဲ့ရက် ဖြစ်တဲ့အတွက် အိမ်မှာပဲ အနားယူတယ် ရုပ်ရှင်ကြည့်တယ်။ အခုသင်္ကြန်က ညီမတို့ ကလေးဘဝလောက် ပျော်စရာမကောင်းတော့ဘူးလို့ ထင်တာပဲ။

Q. ဒီနှစ်ရန်ကုန်မှာ စီးပွားရေးမဏ္ဍပ်တွေမရှိတော့တဲ့ အပေါ်ညီမအမြင်ကို ပြောပြပေးပါလား။
အဲဒါကတော့ လူကြီးတွေလုပ်တာဆိုတော့ ညီမတို့လည်း သိပ်နားမလည်ပါဘူး။ ပျော်ချင်တဲ့သူတွေ အတွက် မဏ္ဍပ်တွေမရှိတော့ဘူး။ EDM ပွဲတွေတော့ ရှိမယ်လို့ကြားတယ်။

Q. ညီမရော EDM ပွဲကို သွားဖြစ်မလား။
ညီမက သင်္ကြန်ဆို အပြင် သိပ်မထွက်ဖြစ်ဘူး ။ညီမက ရန်ဖြစ်တာတွေကို ကြောက်လို့ မသွားဖြစ်ဘူး။

Q. ညီမ အခုအကျီလေးတွေ ထုတ်ထားတာတွေတယ်။ အဲဒါနဲ့ပတ်သက်ပြီး ပြောပြပေးပါလား။
အဓိကကတော့ မြန်မာနှစ်ကူးသင်္ကြန်မှာ မြန်မာစာလေးတွေ မြန်မာယဉ်ကျေးမှုလေးတွေပါအောင် ထုတ်လိုက်တာပါ။ သင်္ကြန်ပြီးရင်တော့ နောက်ထပ်ဒီဇိုင်းတွေထပ်လုပ်ဖို့ ရှိပါတယ်။

Q. ဈေးနှုန်းလေးတွေ ပြောပြပေးပါလား။
အမျိုးသားဝတ်က ၉၅၀၀ ကျပ်၊ မိန်းကလေးဝတ်က ၉၀၀၀ကျပ်ပါ။

Q. နောက်ထပ်ထုတ်မယ့် ဒီဇိုင်းတွေကရော မြန်မာစာတွေပဲလား။ ဘယ်လိုဒီဇိုင်းတွေ ဖြစ်မလဲ။
မြန်မာစာတမ်းပါချင်လည်း ပါတယ်။ ဒါမှမဟုတ် မြန်မာမှု တစ်ခုခုတော့ ပါမယ်။ သေချာတော့ မရွေးရသေးဘူး။

Q. အနုပညာလုပ်ရင်းနဲ့ စီးပွားရေးပါ တွဲလုပ်နေတာဆိုတော့ စီးပွားရေးအပေါ် ဘယ်လောက်ထိ စိတ်ဝင်စားမှုရှိလဲ။
ညီမ အနုပညာ အလုပ်မလုပ်ခင် ကတည်းက စီးပွားရေးကို စိတ်ဝင်စားတယ်။ အနုပညာက ဝါသနာအရ လုပ်တာ ဖြစ်တယ်။ ညီမ မိသားစုကလည်း စီးပွားရေးသမားတွေ ဆိုတော့ စီးပွားရေးလုပ်ရတာကို ကြိုက် တယ်။

Q. အခုဆိုရင် အကျီတွေလည်း ထုတ်ထားတယ်။ Wedding ဆိုင်လေးလည်းဖွင့်ထားတယ်ဆိုတော့ နောက်ထပ်ရော ဘာတွေလုပ်ဖို့ စိတ်ကူးထားလဲ။
အခုထိတော့ ဘာစိတ်ကူးမှမရှိသေးဘူး။ ထွက်ထားတဲ့ အကျီတွေကို ပေါက်အောင်လုပ်ဖို့ စိတ်ကူးပဲ ရှိနေသေးတယ်။

Q. လတ်တလောမှာ ဘယ်ဖုန်း Brand တွေကိုင်ထားလဲ။
Iph 7 plus နဲ့ Mi max ကိုင်ထားပါတယ်။

Q. ဖုန်းကို တစ်နေ့တာအတွက် ဘာတွေသုံးဖြစ်လဲ။
ဖုန်းကို အလုပ်ကိစ္စအတွက် ဖုန်းပြောတယ်။အင်တာနက် သုံးတယ်။

Q. ဖုန်းထဲမှာ ဘယ်APP တွေသုံးဖြစ်လဲ။
အလုပ်နဲ့ ပတ်သက်တာတွေအတွက် လိုအပ်တာလေးတွေ ထည့်ထားတယ်။

Q. iphone နဲ့ mi နဲ့သုံးရတာ ဘာကွာလဲ။
သူတို့နှစ်ခုမှာ မတူတာတွေအများကြီးရှိတယ်။ သုံးရတာလည်း မတူဘူး။ ညီမကတော့ နှစ်ခုလုံးကြိုက်လို့ သုံးဖြစ်တာပါ။



Credit to ==> DigitalTimes.com.mm






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
www.pyaephyo.com

0 comments:

Post a Comment