♪ လုပ်ငန်းခွင်အတွင်း ထူးချွန်အောင်မြင်စေရန်သင်တန်းကို အွန်လိုင်းတွင် အခမဲ့တက်ရောက်နိုင်မည် ♫


ဗြိတိသျှကောင်စီနဲ့ University of Sheffield တို့က ပူးပေါင်းစီစဉ်ထားတဲ့ How to Succeed in the Global Workplace အခမဲ့ အွန်လိုင်းသင်တန်းကို ၂၀၁၇ ခုနှစ် မေလ ၈ ရက်မှာစတင်မှာဖြစ်ပြီး အလုပ်ခွင်ဝင်မယ့်သူတွေ လုပ်ငန်းခွင်မှာ ထူးချွန်အောင်မြင်စေဖို့ ရည်ရွယ်ခြင်းဖြစ်တယ်လို့ သိရပါတယ်။

သင်တန်းမှာ အလုပ်စတင်လုပ်တဲ့ ရက်သတ္တပတ်တွေမှာ မိမိရဲ့ လုပ်ငန်းခွင်ဘဝကို အပြုသဘောဆောင်တဲ့ ခြေလှမ်းတွေနဲ့ လျှောက် လှမ်းနိုင်ဖို့ လုပ်ဆောင်ဖွယ်ရာတွေကို ဆောင်းပါးများ၊ ဗီဒီယိုများ၊ interactive material များ၊ ဆွေးနွေးဖလှယ်မှုများ၊ လေ့ကျင့်ခန်းများနဲ့ ဉာဏ်စမ်းများ ဖွယ်ဖွယ်ရာရာပါဝင်ပြီး လက်တွေ့ အသုံးချနိုင်မယ့် လမ်းညွှန်ချက်များစွာကြောင့် သင့်ရဲ့ လုပ်ငန်းခွင်မှာ ပြန်လည်အသုံးချဖို့ များစွာ သင့်တော်တဲ့ အကြံဉာဏ်တွေ ရရှိမှာဖြစ်ပါတယ်။

အခမဲ့အွန်လိုင်းသင်တန်းကို အင်္ဂလိပ်ဘာသာ intermediate level ရှိတဲ့ မည်သူမဆို တက်ရောက်နိုင်ပြီး mobile ဖုန်းများနဲ့လည်း လွယ်ကူစွာတက်ရောက်နိုင်မှာဖြစ်ပါတယ်။ အသေးစိတ်အချက်အလက်နဲ့ သင်တန်းတက်ရောက်လိုသူတွေ အနေနဲ့ https://goo.gl/0tgDP4 မှာ စာရင်းပေးသွင်း တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။




Credit to ==> Internet Journal



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
www.pyaephyo.com

0 comments:

Post a Comment