♪ iPhone ရဲ့ Home Screen ပေါ်မှာ ၀က်ဘက်ဆိုက် Link button ဘယ်လိုထည့်သွင်းမလဲ ♫


iPhone ရဲ့ Home Screen ပေါ်မှာ ကိုယ်ဝင်ကြည့်နေကျဖြစ်တဲ့ ၀က်ဘ်ဆိုက်ကို ခလုတ်တစ်ချက်နှိပ်ပြီး တိုက်ရိုက်သွား ကြည့်နိုင်ဖို့အတွက် Shortcut တစ်ခု တစ်နည်း Link button တစ်ခု ဖန်တီးထားနိုင်ပါတယ်။

မိမိအနေနဲ့ နေ့တိုင်းလိုလို စောင့်ကြည့်ရတဲ့ ၀က်ဘ်ဆိုက်ထဲ ကို ခလုတ်တစ်ချက်နှိပ်ပြီး ၀င်နိုင် ဖို့အတွက် အရင်ဦးဆုံး ဖုန်းထဲက သံလိုက်အိမ်မြောင် ပုံစံပြထားတဲ့ Safari icon ကို နှိပ်လိုက်ပါ။



ပြီးရင်တော့ Search ဆိုတဲ့ အကွက်ထဲမှာ မိမိကြည့်နေကျ ၀က်ဘ်ဆိုက်အမည် ရိုက်ထည့် ပြီး ကီးဘုတ်ပေါ်က go ဆိုတာကို နှိပ်ပြီး ရှာလိုက်ပါ။



ဝက်ဘ်ဆိုက်ပေါ်လာရင် တော့ အောက်ဖက်ဘောင်နားက အပေါ်ကို လေးထောင့်အကွက် ထဲကနေ မြှားလေးအပေါ်ကို ထွက်နေတဲ့ပုံ Share icon လေးကို တစ်ချက်နှိပ်လိုက်ပါ။



ပြီးရင်တော့ ဘေးဘက်ကို ကြည့်ဖို့ Scroll ကို ဘယ်ဘက် တစ်ချက်ဆွဲလိုက်ပြီး Add to Home Screen ဆိုတဲ့စာသားကို ရှာပြီးနှိပ်ပါ။



အောက်ကပုံအတိုင်း ပေါ်လာမှာဖြစ်ပြီး မိမိအနေနဲ့ ကိုယ့်အနေ နဲ့ Link button အတွက် ပြောင်းလဲပေးချင်တဲ့ အမည်ကို ရိုက်ထည့် ပေးနိုင်မှာပဲ ဖြစ်ပါတယ်။



ပြီးရင်တော့ ဖုန်းမြင်ကွင်းရဲ့ ညာဘက်အပေါ် ထောင့်နားက Add ဆိုတဲ့စာသားကို နှိပ်လိုက်ပါ။



ဒါဆိုရင်တော့ ကိုယ့်ဖုန်းရဲ့ Home Screen ပေါ်မှာ ၀က်ဘက်ဆိုက်ကို တိုက်ရိုက်ခလုတ်တစ် ချက်နှိပ်သွားကြည့်နိုင်မယ့် Link button တစ်နည်း Shortcut တစ်ခု ပေါ်လာမှာ ဖြစ်ပါတယ်။ ကိုယ့်အနေနဲ့ Shortcut အမည် ကို ပြောင်းလဲပေးထားတယ် ဆိုရင်တော့ ကိုယ်ပေးထားတဲ့ အမည်အတိုင်း တွေ့ရမှာ ဖြစ်ပါတယ်။



Credit to ==> Internet Journal



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
www.pyaephyo.com

0 comments:

Post a Comment