♪ “ZTE က အနောက်ကင်မရာ ၂ လုံးပါတဲ့ Nubia Z17 Mini ကိုမိတ်ဆက်” ♫

Image may contain: phone

ZTE က Nubia Brand ရဲ့ နောက်ဆုံးထုတ် Z Series စမတ်ဖုန်းအသစ်ကို တရုတ်မှာမိတ်ဆက်လိုက်ပါတယ်။ Nubia Z17 Mini လို့ အမည်ပေးထားပြီး 4GB RAM Model ကိုယွမ် ၁၆၉၉ နဲ့ 6GB RAM Model ကိုယွမ် ၁၉၉၉ သတ်မှတ်ထားပါတယ်။ မော်ဒယ် ၂ မျိုးစလုံးအတွက် အနက်၊ ရွှေ၊ရှိန်ပိန်ရွှေနဲ့ အနီရောင်များထုတ်လုပ်ပေးထားပြီးဧပြီလ ၁၃ ရက်နေ့မှာတရုတ်တွင် ရောင်းချပေးမှာ ဖြစ်ပါတယ်။

အခြားနိုင်ငံများမှာရောင်းချမယ့်သတင်းကိုမသိရသေးပါဘူး။ ZTE Nubia Z17 Mini မှာသတ္တုကိုယ်ထည် တပ်ဆင်ထားပြီးမျက်နှာပြင်ရဲ့ ဘယ်နဲ့ ညာဘက်မှ ဘေးဘောင်များဟာအလွန် သေးငယ်ပါးလွှာပါတယ်။ ၇.၄၅ မီလီမီတာသာ အထူရှိပါတယ်။ အနောက်ဘက်မှာကင်မရာ ၂ လုံးနဲ့ လက်ဗွေရာအာရုံခံ ကိရိယာတပ်ဆင်ထားပါတယ်။


Home Button ကိုအရှေ့ဘက် မျက်နှာပြင်ရဲ့ အောက်မှာတပ်ဆင်ထားပါတယ်။ Android 6.0 Marshmallow အခြေပြု Nubia UI 4.0 ထည့်သွင်းထားပါတယ်။ ၅.၂ လက်မ Full HD Display ဖြစ်ပါ တယ်။ Snapdragon 652 နဲ့ 653 Chipset များရွေးချယ်နိုင်ပါတယ်။ 4GB RAM or 6GB RAM Model များထုတ်လုပ်ပေးထားပါတယ်။

အနောက်ဘက်မှာ 13MP Monochrome Sensor တစ်လုံးနဲ့ 13MP RGB Sensor တစ်လုံး တပ်ဆင်ထားပါတယ်။ ကင်မရာများမှာ OIS ပါပြီး 4K Video များရိုက်ကူးနိုင် ပါတယ်။ အရှေ့ဘက်မှာ 16MP Camera ပါပါတယ်။ 4G VoLTE Support, WiFi 802.11ac, Bluetooth 4.1, NFC, USB Type-C များကိုသုံးနိုင်ပါတယ်။


Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com

0 comments:

Post a Comment