♪ " Microsoft မှ Windows 10 update ကို နှစ်စဉ်နှစ်ခါပေးသွားမည် " ♫

Image may contain: screen

Microsoft သည် လက်ရှိကာလမှစ၍ Windows 10 အား နှစ်စဉ် နှစ်ကြိမ် update လုပ်ပေးသွားရန် ရည်ရွယ်လျက်ရှိကြောင်း သိရသည်။ သုံးစွဲသူများ မှ ပို၍ရိုးရှင်းမှုနှင့်တိကျမှုကို update ၀န်ဆောင်မှုမှ လိုချင်ကြကြောင်း Microsoft မှ ဆိုထားပြီး မတ်လနှင့် စက်တင်ဘာလတိုင်းတွင် update ရစေ ရန် လုပ်ဆောင်ပေးသွားမည်ဟု ဆိုသည်။

Windows 10 Creators Update အား စတင်ဖြန့်ဝေပေးနေဆဲဖြစ်ပြီး စက်တင်ဘာမှာ နီးစပ်လွန်းသောကာလ တစ်ခုဖြစ်သော်လည်း နောက်ထပ် update တစ်ခုထပ်မံထွက်ရှိလာမည်ဖြစ် သည်။ အချို့မှ နှစ်စဉ် update နှစ်ကြိမ်ပြုလုပ်မှုသည် မြန်ဆန်လွန်းသည်ဟု ယူဆကြပြီး တစ်နှစ်တစ်ကြိမ်ဖြင့် လုံလောက်ကြောင်း သုံးသပ်ကြသည်။ ယခင်က နောက်ထပ် update တစ်ခုဖြစ်သော Redstone 3 အား နိုဝင်ဘာ မရောက်ခင်ထိ မြင်ရရန်မရှိဟု ယူဆထားခဲ့ကြသည်။

Microsoft မှ ယခုကဲ့ သို့ update အား အချိန်အတိအကျ သတ်မှတ်ပေးခြင်းအား General Manager ဖြစ်သူ Bernardo Caldas မှ Windows 10 နှင့် Office 365 Pro Plus သုံးစွဲသူများအတွက် ပိုမိုလွယ်ကူစေရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ နောင်တွင်လည်း ပို၍ပို၍ လွယ်ကူစေရန် ကြိုးပမ်းသွားမည်ဟု ဆိုထားသည်။

Microsoft ၏ တစ်နှစ်နှစ်ကြိမ်ပေးမည့် update များသည် 18 လကြာ ထောက်ပံ့မှုပေးမည်ဖြစ်ပြီး အဓိကရည်ရွယ်ချက်မှာ update မှန်မှန်ပေးနေပြီး ကြာကြာထောက်ပံ့မှုပေးခြင်းကြောင့် စီးပွားရေးလုပ်ငန်းများအနေဖြင့် ပိုမို လုံခြုံစိတ်ချရသော Windows update ကို ဆက်တိုက်သုံးစွဲလာကြရန်ဖြစ် သည်။ 


NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com

0 comments:

Post a Comment