♪ Oppo F3 Plus အတွက် Tips & Tricks များ ♫

https://i0.wp.com/digitaltimes.com.mm/wp-content/uploads/2017/04/oppo_f3_plus_dual_seflie_camera_youtube_1490239485478.jpg?fit=800%2C450&ssl=1

Oppo က Selfie ဘုရင် စမတ်ဖုန်းများကို ထုတ်လုပ်ရောင်းချပေးနေပါတယ်။ အခုနောက်ဆုံး ထွက်ရှိတဲ့ Oppo F3 Plus ဟာလည်း Selfie ချစ်သူများအကြားမှာ ရေပန်းစား လူကြိုက်များနေပါတယ်။ ဒါပေမယ့် F3 Plus ဟာ အရည်အသွေးမြင့်မားတဲ့ ဓါတ်ပုံများ ရိုက်ကူးပေးနိုင်ပြီး ဓါတ်ပုံများမှာ ဆန်းသစ်တဲ့ Effects များစွာကို ထည့်သွင်းနိုင်ရုံ သာမက အခြား အသုံးဝင်တဲ့ စွမ်းဆောင်ချက်များစွာလည်း ပါရှိပါတယ်။ အခု Tutorial မှာ F3 Plus အတွက် Tips & Tricks များကို ဖော်ပြပေးလိုက်ပါတယ်။

Screenshot ရိုက်ကူးခြင်း
Android Smartphone များမှာ စကရင်ရှော့ ရိုက်ကူးတဲ့ စွမ်းဆောင်ချက် ပါရှိကြပါတယ်။ ဖုန်းမှ ခလုတ် အတွဲအစပ်များကို နှိပ်၍ ရိုက်ကူးရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဖုန်းတစ်လုံးနဲ့ တစ်လုံး နှိပ်ရတဲ့ ခလုတ် အတွဲအစပ်များဟာ မတူညီကြပါဘူး။ F3 Plus မှာ စကရင်ရှော့ ရိုက်ကူးဖို့အတွက်

• Power Button နဲ့ Volume Down Button ကို စက္ကန့် အနည်းငယ်ကြာ ဖိထားပါ။
• ဒါဆိုရင် Shutter Sound အသံနဲ့ အတူ စကရင်ရှော့ ဖမ်းတဲ့ Animation ကို မြင်ရမှာပါ။
• ဒါဆိုရင် စကရင်ရှော့ ရိုက်ကူးမှု အောင်မြင်ပြီ ဖြစ်ပြီး ရိုက်ကူးထားတဲ့ စကရင်ရှော့ကို Gallery ထဲမှ သီးခြား ဖိုဒါတစ်ခုမှာ သိမ်းပေးထားမှာပါ။

IMEI Number ကို ရှာဖွေခြင်း

Oppo F3 Plus မှာ IMEI Number ကို ရှာဖွေဖို့အတွက် Dial App ကို ဖွင့်ပြီး *#06# ကို ဖုန်းခေါ်ဆိုပါ။

Reset ပြုလုပ်ခြင်း
Oppo F3 Plus ကို Factory Reset ပြုလုပ်ဖို့အတွက်
• Phone Settings ထဲသွားပါ။
• Additional Settings ထဲ ၀င်ပါ။
• Back up and reset ကို နှိပ်ပြီး Factory Data Reset ကို နှိပ်ပါ။
• နောက်ဆုံးမှာ Erase All Content and Settings ကို နှိပ်ပါ။
မှတ်ချက် ။ ။ Factory Data Reset ဟာ သင့် ဖုန်းမှ ဒေတာအားလုံးကို ဖျက်ပစ်မှာ ဖြစ်တဲ့အတွက် မပြုလုပ်ခင်မှာ ဒေတာများကို Backup လုပ်ထားပါ။

မျက်လုံးကို ကာကွယ်ပါ။
စမတ်ဖုန်းများက ထုတ်လွှင့်တဲ့ Blue Light ဟာ လူတွေရဲ့ မျက်လုံးကို ထိခိုက်စေတဲ့ အပြင် အိပ်စက်မှုကိုပါ ဆိုးကျိုးဖြစ်စေပါတယ်။ အဲဒီအတွက် စမတ်ဖုန်းများမှာ မျက်လုံးကို ကာကွယ်တဲ့ စွမ်းဆောင်ချက်ကို ထည့်သွင်းပေးထားကြပါတယ်။ F3 Plus မှာလည်း မျက်လုံးကို ကာကွယ်တဲ့ စွမ်းဆောင်ချက် ပါရှိပြီး Settings> Display & Brightness > Eye protection display ကို နှိပ်ပါ။

Recovery Mode

F3 Plus ရဲ့ Recovery Mode ထဲသွားဖို့ ဖုန်းကို အရင်ဆုံး ပါဝါ ပိတ်ပါ။ Volume Up နဲ့ Power Button ကို တစ်ပြိုင်နက် ဖိထားပါ။ Oppo Logo ပေါ်လာရင် ခလုတ်များကို လွှတ်နိုင်ပါပြီ။



Credit to ==>  DigitalTimes.com.mm





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com

0 comments:

Post a Comment