♪ “ZTE က တန်ဖိုးနည်း ၆ လက်မစမတ်ဖုန်းကိုမိတ်ဆက်” ♫

Image may contain: phone

တန်ဖိုးနည်းစမတ်ဖုန်းဈေးကွက်ဟာဖွံ့ဖြိုးဆဲနိုင်ငံများမှာအလွန် လူကြိုက် များပါတယ်။ အခုလည်းတရုတ် စမတ်ဖုန်းကုမ္ပဏီ ZTE က အရွယ်ကြီးပေ မယ့် တန်ဖိုးသက်သာတဲ့ စမတ်ဖုန်းအသစ်တစ်လုံးကိုမိတ်ဆက် လိုက်ပါ တယ်။ MAX XL လို့ အမည်ပေးထားပြီးဒေါ်လာ ၁၃၀ တန်ကြေးရှိပါတယ်။ မြန်မာငွေ အားဖြင့် ၁၇၀ ၀၀၀ ကျပ် ခန့်တန်ပါတယ်။

ZTE MAX XL မှာ ၆ လက်မ Full HD LCD Display တပ်ဆင်ထားပါတယ်။ အသစ်ထုတ်လုပ်ထားတဲ့ Qualcomm Snapdragon 435 Processor မောင်းနှင်မှာ ဖြစ်ပါတယ်။ 16GB Internal Storage ထည့်သွင်းထားတဲ့ အပြင် 128GB အထိ ၀င်ဆန့်တဲ့ microSD Card စိုက်နိုင်ပါတယ်။ အရွယ် ကြီးမားတဲ့ 3990mAh Battery တပ်ဆင်ထားပါတယ်။ RAM ပမာဏက တော့ 2GB ဖြစ်ပါတယ်။

ZTE MAX XL ရဲ့ အနောက်ဘက်မှာ 13 Megapixel Camera နဲ့ အရှေ့ဘက်မှာ 5 Megapixel Camera တပ်ဆင်ထားပါတယ်။ တန်ဖိုးနည်း စမတ်ဖုန်း ဖြစ်ပေမယ့် လက်ဗွေရာအာရုံခံကိရိယာပါရှိပါတယ်။ Android 7.1.1 ထည့်သွင်းထားပါတယ်။ အမေရိကန်မှာ Boost Mobile ကနေ ရောင်းချပေးနေပါတယ်။ ZTE USA မှ နည်းပညာဥက္ကဌ Jeff Yee က မြန်နှုန်းမြင့် အင်တာနက်၊ အရွယ်ကြီးစကရင်နဲ့ ကြီးမားတဲ့ ဘက်ထရီကို အသားပေးထားတယ်လို့ ပြောပါတယ်။ 



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com

0 comments:

Post a Comment