♪ Oppo F3 Plus ကို ဝေဖန်သုံးသပ်ခြင်း ♫

https://i0.wp.com/digitaltimes.com.mm/wp-content/uploads/2017/04/oppo_f3_plus_dual_seflie_camera_youtube_1490239485478-1.jpg?fit=800%2C450&ssl=1

Oppo ဟာ အရည်အသွေးမြင့် Selfie Camera များဖြင့်စမတ်ဖုန်း ဈေးကွက်ကို ထိုးဖောက်နေပါတယ်။ အရည်အသွေးမြင့်မားတဲ့ ဓါတ်ပုံများ ရိုက်ကူးချင်သူများအတွက်တော့ Oppo ရဲ့ စမတ်ဖုန်းများဟာ အလွန် ကောင်းမွန်ပါတယ်။ Oppo က နောက်ဆုံး ထုတ်လုပ်ရောင်းချပေးလိုက်တဲ့ F3 Plus မှာ Selfie Camera ၂ လုံး တပ်ဆင်ထားပြီး အရည်အသွေးမြင့်မားတဲ့ Selfie များကို Effects များ ထည့်သွင်း၍ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း F3 Plus ကို ရောင်းချပေးနေပြီ ဖြစ်တဲ့အတွက် အဲဒီဖုန်းအတွက် ဝေဖန် သုံးသပ်ချက်များကို ရေးသားပေးလိုက်ပါတယ်။

Specifications
Oppo F3 Plus ဟာ စွမ်းဆောင်ရည်သင့် စမတ်ဖုန်းဖြစ်ပေမယ့် အချို့ အစိတ်အပိုင်းများက စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းများကို ယှဉ်နိုင်ပါတယ်။ စွမ်းဆောင်ရည်သင့် Snapdragon 653 တပ်ဆင်ထားပေမယ့် ထိပ်တန်း စမတ်ဖုန်းများမှာလို 4GB RAM ထည့်ပေးထားပါတယ်။ ၆ လက်မ Full HD Display က အရွယ်ကြီး စမတ်ဖုန်း နှစ်သက်သူများ အကြိုက်တွေ့စေမှာပါ။ Nougat မဟုတ်ဘဲ Marshmallow ကို သုံးထားပေမယ့် 4000mAh Battery မှာ လျှင်မြန်စွာ အားသွင်းနိုင်တဲ့ VOOC Flash Charge နည်းပညာပါပါတယ်။
• Operating System: Android 6.0 Marshmallow, ColorOS 3.0
• CPU: Qualcomm Snapdragon 653, 1.95 GHz octa-core
• RAM: 4 GB
• Storage: 64 GB, expandable up to 256 GB
• Display: 6.0 inches, 1920×1080 367 ppi
• Main Camera: 16 megapixel, 1.28-inch, f/1.7, Dual PDAF
• Secondary Camera: 16 megapixel + 8 megapixel 120-degree wide angle
• Connectivity: Wi-Fi 802.11 a/b/g/n/ac, Bluetooth 4.1, micro USB
• Battery: 4,000 mAh, VOOC Flash Charge
• Dimensions: 163.63 x 80.8 x 7.35 mm
• Weight: 185 g
ဒီဇိုင်း
F3 Plus ဟာ ဒီဇိုင်း အပိုင်းမှာ ယခင်မျိုးဆက် F1s နဲ့ ဆင်တူပါတယ်။ ကင်မရာ ၂ လုံးကို ၆ လက်မ မျက်နှာပြင်ရဲ့ အထက်မှာ တပ်ဆင်ထားပါတယ်။ မျက်နှာပြင်ရဲ့ အပေါ်နဲ့ အောက်မှ ဘောင်များက အနည်းငယ်ကြီးမားပါတယ်။ မျက်နှာပြင်ရဲ့ အောက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ မြှပ်နှံထားတဲ့ Home Button တပ်ဆင်ထားပြီး Recent နဲ့ Back Button ၂ ခုကို ဘေးတစ်ဖက်တစ်ချက်စီမှာ တပ်ဆင်ထားပါတယ်။ ဖုန်းရဲ့ အောက်ခြေမှာ စပီကာ၊ မိုက်ကရိုဖုန်း၊ Audio Jack နဲ့ microUSB Port တပ်ဆင်ထားပါတယ်။
ဖုန်းရဲ့ ညာဘက်မှာ Hybrid Dual SIM နဲ့ ပါဝါခလုတ် တပ်ဆင်ထားပါတယ်။ ဘယ်ဘက်မှာ Volume Button ပါပါတယ်။ အနောက်ကိုယ်ထည်နဲ့ အထက်၊ အောက် ဘောင်များကို သတ္တုကိုယ်ထည်ဖြင့် တည်ဆောက်ထားပါတယ်။ ၁၈၅ ဂရမ် အလေးချိန်ရှိတဲ့အတွက် အနည်းငယ်လေးတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် လက်ထဲမှာ သက်တောင့်သက်သာ ကိုင်နိုင်ပါတယ်။ ရွှေနဲ့ ပန်းရောင်များ ထုတ်လုပ်ပေးထားပါတယ်။ F3 Plus ဟာ ခန့်ညားလှပတဲ့ ဖုန်းတစ်လုံး ဖြစ်ပါတယ်။

Display

F3 Plus ရဲ့ ၆ လက်မ Full HD IPS Display ကို အကြမ်းခံတဲ့ Corning Gorilla Glass 5 ဖြင့် ကာကွယ်ထားပါတယ်။ ခြစ်ရာများကို ခံနိုင်ပြီး မတော်တဆ ထိခိုက်မိရင်တောင် မကွဲအောင် ဖန်တီးထားပါတယ်။ Full HD Display ဖြစ်တဲ့အတွက် အလွန်ကြည်လင်ပြတ်သားပြီး အရောင်အသွေး စုံလင်ပါတယ်။


စွမ်းဆောင်ရည် F3 Plus ကို အသုံးပြုရတာ ချောမွတ်ပြီး Multitasking ပြုလုပ်ရာမှာလည်း အလွန်လျှင်မြန်ပါတယ်။ နှောင့်နှေးကြန့်ကြာခြင်းကိုလည်း မခံစားရပါဘူး။ ဒါပေမယ့် ဂိမ်းများ ကစားတဲ့ အခါမှာတော့ တစ်ခါတစ်လေ အနည်းငယ် တုန့်ဆိုင်းနိုင်ပါတယ်။

ကင်မရာ
ကင်မရာကတော့ F3 Plus ရဲ့ အကောင်းဆုံး အစိတ်အပိုင်း ဖြစ်ပါတယ်။ အနောက်ဘက်မှာ 16MP Sony IMX398 Camera တပ်ဆင်ထားပြီး OIS နည်းပညာပါပါတယ်။ ကင်မရာက စွမ်းဆောင်ရည်မြင့် ဖုန်းများကို ယှဉ်နိုင်ပါတယ်။ အလင်းရောင် နည်းပါးတဲ့ အခြေအနေမှာတောင် အသေးစိတ်ကျတဲ့ အရောင်များကို ဖမ်းယူပေးပါတယ်။ HDR ကို ထောက်ပံ့တဲ့အတွက် အလွန် အရည်အသွေးကောင်းတဲ့ ဓါတ်ပုံများကို ရိုက်ကူးပေးနိုင်ပါတယ်။ ဓါတ်ပုံများကို ပေါင်းစပ်၍ အကောင်းဆုံး ပုံဖြစ်အောင် ဖန်တီးပေးတဲ့ Ultra HD Mode လည်း ပါပါတယ်။

အရှေ့ဘက်မှာတော့ တစ်ကိုယ်ရေ Selfie များ ရိုက်ပေးတဲ့ ကင်မရာ အပြင် အုပ်စုလိုက် Selfie ရိုက်ပေးတဲ့ မြင်ကွင်းကျယ် ကင်မရာ ပါပါတယ်။ 16MP Camera က အလွန် အသေးစိတ်ကျတဲ့ ပုံရိပ်များကို ဖမ်းယူပေးနိုင်ပါတယ်။ ဘယ်လို အလင်းရောင် အခြေအနေမျိုးမှာ မဆို လှပပြည့်စုံတဲ့ ဓါတ်ပုံများကို ရိုက်ပေးနိုင်ပါတယ်။ Beauty Mode က သင့်မျက်နှာမှ အစက်အပြောက်များ နဲ့ အပြစ်အနာအဆာများကို ဖယ်ရှားပေးပါတယ်။

ဒုတိယ 8MP Camera က ၁၂၀ ဒီဂရီ မြင်ကွင်းကျယ် ဓါတ်ပုံများကို ဖမ်းယူပေးတဲ့အတွက် Group Selfie များ ရိုက်ဖို့ အလွန် ကောင်းပါတယ်။ နောက်ခံ ရှုခင်းကျယ်ကို အသားပေးပြီး တစ်ယောက်ထဲ ရိုက်ချင်ရင်လည်း အိုကေပါတယ်။ နောက်ခံကို Blur လုပ်ပေးပြီး သင့်ကို အသားပေး ရိုက်ပေးတဲ့ Bokeh Mode လည်း ပါပါတယ်။

F3 Plus ရဲ့ အနောက်ကင်မရာက 4K Video များနဲ့ အရှေ့ ကင်မရာက Full HD Video များကို ရိုက်ကူးပေးနိုင်ပါတယ်။

အနှစ်ချုပ်
Oppo F3 Plus ဟာ ကိုယ်ထည်တည်ဆောက်မှု အပိုင်းမှာ အရည်အသွေး မြင့်မား ခန့်ညားလှပပါတယ်။ အရွယ်ကြီးမားတဲ့ အတွက် အလုပ်ကိစ္စများ ပြုလုပ်ခြင်း၊ ရုပ်ရှင်ကြည့်ခြင်း၊ ၀က်ဆိုက်များ ကြည့်ခြင်းများ ပြုလုပ်ဖို့ အလွန် အဆင်ပြေပါတယ်။ စွမ်းဆောင်ရည် မြင့်မားပြီး ဘက်ထရီ သက်တမ်းက ကောင်းမွန်ပါတယ်။ သူ့လို အရှေ့ ကင်မရာ ၂ လုံး တပ်ဆင်ထားတဲ့ ဖုန်းများဟာ အနည်းငယ်သာ ရှိပါတယ်။ ဓါတ်ပုံကောင်းများ ရိုက်ကူးချင်သူများအတွက် ရွေးချယ်စရာ တစ်ခု ဖြစ်ပါတယ်။



Credit to ==>  DigitalTimes.com.mm





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com

0 comments:

Post a Comment