♪ Samsung A7 2017 ရဲ့ Brand Anbassador အေးမြတ်သူနဲ့ တွေ့ဆုံခြင်း ♫

https://i0.wp.com/digitaltimes.com.mm/wp-content/uploads/2017/04/17990993_611828982343756_97520534303060095_n.jpg?fit=800%2C533&ssl=1

မနှစ်ကသင်္ကြန်မှာ မြန်မာဆန်ဆန်လေး ရေကစားခဲ့တဲ့ အေးမြတ်သူတစ်ယောက် ဒီနှစ်မှာတော့ မသန်စွမ်းကလေးငယ်လေးတွေ သင်္ကြန်ဆော့ကစားဖို့အတွက် အကူအညီပေးခဲ့တယ် လို့ သိရပါတယ်။ လူမှုရေးစိတ်ဓါတ်ကောင်းလှသလို ခင်မင်ဖို့လည်းကောင်းလွန်းလှတဲ့ ဆမ်ဆောင်းရဲ့ Brand Ambassador ညီမငယ်အေးမြတ်သူတစ်ယောက် ကို နှစ်သစ်မှာ နည်းပညာကဏ္ဍအတွက် ဘယ်လို လုပ်ဆောင်မှုတွေ ကြိုးစားလုပ်ကိုင်နေသလဲ ဆိုတာ ကို သွားရောက် မေးမြန်းဖြစ်ခဲ့ပါတယ်။

Q. လတ်တလော ဘာတွေလုပ်နေလဲ။
နေမဝင်နှလုံးသားဆိုတဲ့ ဇာတ်လမ်းတွဲကို ရိုက်နေတာပါ။ ဒီကားလေးက ဇာတ်အိမ် ကောင်းတယ်။
အေးမြတ်သူ ဒီကားထဲမှာ နှစ်ကိုယ်ခွဲ ရတယ်။ အချစ်လည်းပါတယ်။ ဒရမ်မာလည်း ပါတယ်။

Q. သင်္ကြန်ဘာတွေ လုပ်ဖြစ်ခဲ့လဲ။
ဒီကားက အကြိုနေ့ အထိရိုက်ရက်ပေးထားတယ်။ နှစ်ဆန်းတစ်ရက်နေ့ အလုပ်ပြန်စဖြစ်တယ်။ သင်္ကြန်က ထွေထွေထူးထူး ဘာမှမရှိပါဘူး။

Q. ဒီနှစ်က မဏ္ဍပ်တွေနည်းပြီး Festival တွေဝင်လာတဲ့အပေါ် အေးမြတ်သူအမြင်ကို ပြောပြပေးပါလား။
ဒီနှစ်ရန်ကုန်သင်္ကြန်က ပြီးခဲ့တဲ့နှစ်တွေထက် ခြောက်ကပ်ကပ်နိုင်တယ်လို့ ထင်တယ်။ Festival ကြိုက်တဲ့သူ တွေကတော့ ပျော်ချင်ပျော်မှာပေါ့နော်။ ကိုယ်ကျတော့ အဲဒီလို မပျော်တတ်ဘူး။ သင်္ကြန်ဆို ရေလောင်း၊ ရေပက်ရတာ ပိုပျော်တယ်။

Q. မနှစ်ကသင်္ကြန်က အေးမြတ်သူ သင်္ကြန်ဖြစ်သွားတယ်နော်။ အခုနှစ်ရော….၊
အဲဒါကလည်း မထင်မှတ်ပဲ ဖြစ်သွားတာပါ။ သင်္ကြန် အသံကြားတော့ ပျော်ပြီး ကလေးတွေနဲ့ ရေဆင်းပက်ဖြစ်တာပါ။ ဒီနှစ်ကတော့ ဘ၀ပေးကုသိုလ်ချို့တဲ့ရှာတဲ့ ကလေးတွေအတွက် ရေပက်နိုင်အောင် စီစဉ်ပေးခဲ့ပါတယ်။ မန္တလေးမှာလည်း ပရိသတ်ကြီးနဲ့အတူတူ လမ်းလျှောက်သင်္ကြန် ကိုလည်း ပျော်ပျော်ပါးပါး လုပ်ဖြစ်ခဲ့တယ်။

Q. နှစ်ဆန်းတစ်ရက်နေ့က ဘာ အစီအစဉ်ရှိခဲ့လဲ။
အဲနေ့မှာ ကားရိုက်ပြန်ဝင်ရတာဆိုတော့ ဘုရားကို ညဘက်တော့ သွားဖြစ်ပါတယ်။

Q. ဒီကားအပြီးမှာရော ဘာတွေ လက်ခံထားသေးလဲ။
ဒီကားပြီးရင် မြဝတီမှာ ကိုဝေဠုနဲ့ ရိုက်ဖို့ရှိတယ်။ ပြီး သွားရင်ပုပ္ပါးမှာ  ကိုပြည်ဟိန်းသီဟတို့နဲ့ ကားကြီး ရိုက်ဖို့ ရှိပါတယ်။

Q. Samsung A7 2017 ရဲ့Brand Ambassador အဖြစ် ရွေးချယ်ခံရတဲ့ အပေါ်အေးမြတ်သူရဲ့ ခံစားချက်ကို ပြောပြပေးပါလား။
အရမ်းပျော်တယ်။ ကိုယ်တစ်ကယ်သုံးတဲ့ Product တစ်ခုက အေးမြတ်သူရွေးတယ်ဆိုတော့ အရမ်းပျော်တယ်။ အခုဆိုပွဲတွေလည်း အများကြီး တက်ဖြစ်တယ်။ အပေါင်းအသင်း မိတ်ဆွေတွေလည်း တိုးလာတယ်။

Q. အခုလက်ရှိရော ဘာဖုန်းကိုင်ထားလဲ။
Samsung A7 2017 ကိုင်ထားပါတယ်။ ဒီဖုန်းက အရမ်း အကြမ်းခံတယ်။ ဖုန်းက မာလည်းမာတယ်။ ရေစိုလည်း ခံတော့ အေးမြတ်သူအတွက် အဆင်ပြေတယ်။ ကင်မရာလည်း အရမ်းကောင်းတယ်။ ပေးရတဲ့ ဈေးနှုန်းနဲ့ ကိုင်ရတာတန်တယ်။

Q. ဖုန်းကို ကိုယ်ရဲ့တစ်နေ့တာအတွက် ဘာတွေသုံးဖြစ်လဲ။
လုပ်ငန်းအတွက် ဖုန်းပြောတယ်။ ဆိုရှယ်နက်ဝက် သုံးတယ်။ ဒီလောက်ပဲ သုံးဖြစ်ပါတယ်။ အေးမြတ်သူက နည်းပညာ သိပ်နားမလည်တော့ ဖုန်းကိုအများကြီး မသုံးဖြစ်ဘူး။ နားလည်တဲ့သူ အတွက်တော့ ဖုန်းမှာ သုံးလို့ရတာတွေ အများကြီးရှိတယ်။

Q. ဆိုရှယ်မီဒီယာတွေ ခေတ်စားလာတဲ့အပေါ် အေးမြတ်သူအမြင်ကို ပြောပြပေးပါလား။
အေးမြတ်သူ ကလေ ဆိုရှယ်မီဒီယာကို ကြိုက်တော့ကြိုက်တယ်။ဒါပေမယ့် Printed မီဒီယာကို ပိုယုံကြည့်မှု ရှိတယ်။ သူက အာမခံရှိတယ်။ ဒါ ဘယ်သူ ဘယ်တိုက်က အယ်ဒီတာ ဘယ်သူဆိုပြီးတော့ သိတယ်။ တစ်ခုခုမှားတာရှိရင် ပြန်ပြောလို့ရတယ်။ ဆိုရှယ်မီဒီယာ သုံးတဲ့သူတွေအနေနဲ့လည်း သေချာ စဉ်းစားပြီးယုံပါ။ တစ်ချို့သတင်းတွေက ဟုတ်တာရှိသလို မဟုတ်တာတွေလည်းရှိတယ်။ ရေရှည်မှာ တော့ ဆိုရှယ် မီဒီယာတွေက ခေတ်စားလာမယ်လို့တော့ ထင်တယ်။ ခေတ်အရပေါ့နော်။




Credit to ==> DigitalTimes.com.mm







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com

0 comments:

Post a Comment