♪ " စက်နဲ့ ဖြတ်တာတောင် မပေါက်ကွဲတဲ့ Galaxy S8 ရဲ့ ဘက်ထရီ " ♫

Image may contain: phone and text

Samsung က Galaxy Note 7 ဘက်ထရီများ မီးလောင်ပေါက်ကွဲမှုကြောင့် အရှက်ကွဲခဲ့ရပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ဘက်ထရီများကို အဆင့် ၈ ဆင့်ဖြင့် စမ်းသပ်မယ်လို့ ကြေညာခဲ့ပါတယ်။ Samsung Galaxy S8 ရဲ့ ဘက်ထရီများအတွက် စိတ်ပူနေတဲ့ လူများအတွက်တော့ သတင်းကောင်းတစ်ခု ပေါ်ထွက်လာပါတယ်။

YouTube မှ နာမည်ကျော် Channel ၂ ခု ဖြစ်တဲ့ What’s Inside နဲ့ JerryRigEverything တို့ ပူးပေါင်း၍ Galaxy S8 ရဲ့ ဘက်ထရီကို စက်နဲ့ ဖြတ်ပြတဲ့အခါမှာ ဘက်ထရီဟာ အငွေ့ထွက်ခြင်း၊ ဖောင်းကြွလာခြင်းတို့လောက်သာဖြစ်ပြီး မီးလောင်မှုမရှိတာကို တွေ့ရပါတယ်။

အဲဒီ သရုပ်ပြဗီဒီယိုကို YouTube မှာ လွှင့်တင်ထားပါတယ်။ What’s Inside ဟာ ကုန်ပစ္စည်းများရဲ့ အတွင်းပိုင်းမှာရှိတဲ့အရာများကို ဖြတ်တောက်ပြသတဲ့ နာမည်ကြီး YouTube Channel ဖြစ်ပါတယ်။ ဗီဒီယိုဟာ ၉ မိနစ်စွန်းစွန်း ကြာမြင့်ပါတယ်။

ပုံမှန်အားဖြင့်တော့ လစ်သီယွန် အိုင်းယွန်း ဘက်ထရီများဟာ စက်နဲ့ ဖြတ်တောက်ရင် မီးလောင်လေ့ ရှိကြပါတယ်။ အဲဒီဗီဒီယိုကြောင့် Samsung ဟာ သိက္ခာပြန်ဆည်လိုက်နိုင်ပါပြီ။ ဒီလို စမတ်ဖုန်းကို စက်ဖြင့် ဖြတ်တောက်တဲ့အလုပ်ဟာ အန္တရာယ်များပြားတာကြောင့် တုပပြီး လိုက်မလုပ်ကြဖို့ ကျွမ်းကျင်သူများက သတိပေးထားပါတယ်။



Mobile Guide Journal (Every Monday)
www.facebook.com/officialmobileguidejournal






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com

0 comments:

Post a Comment