♪ " Huawei Mate 9 " Price : 899,000/- အကြောင်းအသေးစိတ်ပေါ်ပြချက်များ ♫

Image may contain: phone

Huawei Mate 9 ဟာ အရွယ်အစားကြီးမားတာကြောင့် Phablet ဖုန်းအမျိုးအစားထဲမှာပါရှိပြီး အရည်အသွေးမြင့်တဲ့ စမတ်ဖုန်းတစ်လုံးပါပဲ။ ဒီဇိုင်းပုံစံက အလွန်ခေတ်မီပြီး Premium ကျလှပါတယ်။ ကင်မရာစွမ်းအားအထူးကောင်းမွန်ပြီး ဘက်ထရီစွမ်းအားကလည်း မြင့်မားသလို built-in Internal memory လည်း များစွာပါရှိတာကြောင့် ကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံတွေနဲ့ဗီဒီယိုတွေအများကြီးကို အချိန်အကြာကြီး ရိုက်ယူနိုင်ပါတယ်။

Huawei ရဲ့အမြင့်ဖုန်းတွေထဲက သုံးစွဲလို့ကောင်းတဲ့ ဖုန်းတစ်လုံးဖြစ်ပြီး ဈေးကွက်ထဲမှာလည်း ရောင်းအားကောင်းလျက်ရှိပါတယ်။ ၄င်းဖုန်းမှာGSM ၊ CDMA ၊ HSPA ၊ EVDO နဲ့ LTE networks တွေကိုထောက်ပံ့ပေးထားပြီး Single SIM နဲ့ Daul SIM version နှစ်မျိုးကို ထုတ်လုပ်ထားပါတယ်။ ထည့်သုံးနိုင်တဲ့ SIM cardအမျိုးအစားကတော့ Nano SIM ပါ။ ဘက်ထရီစွမ်းအားပိုင်းကို Non-removable Li-Po 4000 mAh battery က ပံ့ပိုးထားလို့ တစ်နေ့တာလုံး လုံလောက်တဲ့ ဘက်ထရီစွမ်းအားကို ပေးစွမ်းနိုင်ပါတယ်။ ဒါ့အပြင် ဖုန်းအားသွင်းမြန်တဲ့ Fast Battery Charging စနစ်လည်း ပါရှိပါတယ်။

**Design & Build**

ဖုန်းရဲ့ ဆန်းသစ်လှပတဲ့ ဒီဇိုင်းပုံစံက သေသပ်လှပပြီး ကိုယ်ထည်တစ်ခုလုံးကို သတ္ထုနဲ့ပြုလုပ်ထားလို့ အကြမ်းခံ နိုင်ရည်ရှိပါတယ်။ ကိုယ်ထည်က တောင့်တောင့်တင်းတင်းနဲ့ကျစ်လျစ်မှုရှိပြီး ဘေးဘောင် bezels ကျဉ်းတာ ကြောင့် ပိုမိုဆွဲဆောင်မှုရှိသလို ကိုင်တွယ်သုံးစွဲရတာအဆင်ပြေပါတယ်။ ဖုန်းအရွယ်အစားက 156.9 x 78.9 x 7.9 mm ရှိပြီး 190g လေးပါတယ်။ ဒါကြောင့် အလေးချိန်အနည်းငယ်လေးတဲ့ ဖုန်းတစ်လုံးပါ။ ဖုန်းရဲ့ မျက်နှာပြင်အပေါ်ဘက်မှာ အရှေ့ကင်မရာ Lens နဲ့ အောက်ခြေဘက်မှာ capacitive button ၃ ခု ပါရှိပါတယ်။ နောက်ကျောဘက်ရဲ့ အပေါ်ဘက်အလယ်တည့်တည့်မှာ အနောက်ကင်မရာ Lens နဲ့ Dual LED Flash မီးလုံးတို့ကိုဘေးတိုက်ယှဉ်လျက်တွေ့ရမှာပါ။ အောက်ဘက်မှာ fingerprint sensor ကိုတပ်ဆင်ထားပြီး Sensor ရဲ့ လုပ်ဆောင်ချက်တွေကလည်း လျင်မြန်မှုရှိပါတယ်။ ဖုန်းရဲ့ ညာဘက်ဘေးဘောင်မှာ ပါဝါခလုတ်နဲ့ အသံအတိုးအကျယ်ခလုတ်တို့ရှိပြီး အောက်ဘက်မှာ စပီကာပေါက်နဲ့ Type C 1.0 reversible connector တို့ တည်ရှိပါတယ်။ လှပသေသပ်တဲ့ဖုန်းဒီဇိုင်းနဲ့လိုက်ဖက်ညီတဲ့ Space Gray, Moonlight Silver, Champagne Gold, Mocha Brown, Ceramic White, Black, Obsidian Black ဆိုတဲ့ အရောင် ၇ ရောင်ကို ထုတ်လုပ် ပေးထားပါတယ်။

**Display**

ဖုန်းမျက်နှာပြင်ကို 5.9-inch ကျယ်တဲ့ IPS LCD capacitive touchscreen display အမျိုးအစားနဲ့ပြု လုပ်ထားပြီး 1080 x 1920 pixels ရှိတဲ့ Full HD မြင်ကွင်းစွမ်းအားတွေကိုပြသပေးနိုင်ပါတယ်။ 1 လက်မမှာ သိပ်သည်းဆပမာဏက ~373 ppi pixels ရှိပါတယ်။ မျက်နှာပြင်ပေါ်မှာ multitouch စနစ်ပါရှိပြီး မျက်နှာပြင်ကို Corning Gorilla Glass 3 နဲ့ ထပ်မံဖုံးအုပ်ကာကွယ်ထားလို့ အစင်းရာတွေ အလွယ်တကူမဖြစ်စေနိုင်ပါဘူး။

**Operating System and Camera**

ကိုယ်ထည်အတွင်းထဲမှာ Android OS, v7.0 (Nougat) ကို run ထားပြီး EMUI 5.0 ကို အသုံးပြုထား ပါတယ်။ အနောက်ကင်မရာက 20 MP + 12 MP ရှိတဲ့ dual camera စနစ်ကိုသုံးထားတဲ့အတွက် ဓာတ်ပုံတွေနဲ့ ဗီဒီယိုအရည်အသွေးတွေက အံ့မခန်းလောက်အောင်ကောင်းမွန်ပါတယ်။ အရှေ့ကင်မရာကတော့ 8 MP ရှိပြီး လှပတဲ့ selfie ဓာတ်ပုံတွေ နဲ့ full HD ဗီဒီယိုတွေကို ရိုက်ကူးပေးနိုင်ပါတယ်။

**Performance**

ဖုန်းရဲ့စက်စွမ်းဆောင်ရည်ပိုင်းကို Hisilicon Kirin 960 Chipset နဲ့ Octa-core (4x2.4 GHz Cortex-A73 & 4x1.8 GHz Cortex-A53) processor တို့က ဟန်ချက်ညီညီ အကောင်းဆုံးပူးပေါင်းဆောင်ရွက်ပေးနိုင် တဲ့အပြင် Mali-G71 MP8 graphics Card ကလည်း အထောက်အပံ့ပေးနိုင်ပါတယ်။ ဒါ့အပြင် ထည့်သွင်းပေးထားတဲ့ RAM 4GB ကလည်း စွမ်းဆောင်ရည်ပိုင်း နဲ့ယာယီမှတ်ဥာဏ်စွမ်းအားပိုင်းအတွက် များစွာအထောက်အကူဖြစ်ပါတယ်။ ဒါကြောင့် နောက်ဆုံးပေါ် ဂိမ်းတွေနဲ့ apps အားလုံးကို အဆင် ပြေပြေကစားနိုင်မှာဖြစ်ပြီး multi-taskings တွေကိုလည်း နှောင့်နှေးကြန့်ကြာမှုမရှိစေဘဲ လျင်မြန်စွာလုပ်ဆောင်နိုင်မှာပဲဖြစ်ပါတယ်။

**Specification**

Display : 5.9 inch, IPS LCD capacitive touchscreen
Memory : 64 GB, 4 GB RAM, microSD, up to 256 GB
Camera : 16 MP, autofocus, LED Flash
OS : Android OS, v7.0 (Nougat)
Phone : 09-73 222 888 (Win Mobile World)



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com

0 comments:

Post a Comment